ကိုဗစ်ကူးစက်ခံနေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့

ကိုဗစ်ကူးစက်ခံနေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့

ကိုဗစ် ရောဂါသတင်းဆိုးတွေကတော့ မကြားချင်လောက်ကို ဒီရက်ပိုင်း မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာဆိုးရွာလာတာကိုတွေ့ရပါတယ်။

လူမှုကွန်ရက် စာမျက်နှာ ထက်မှာဆိုရင်လည်း သေဆုံးသူ သတင်းတွေ ၊ အောက်ဆီဂျင် အရေးပေါ် လိုအပ်လို့ တောင်းခံနေကြတဲ့ သတင်းတွေ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

ပိုးက ပိုမို ပြင်းထန် လာတာကြောင့် ရောဂါအခံရှိသူတွေ အသက်ကြီးသူတွေအဖို့ သေချာလေး ဂရုတစိုက် ကုသနိုင်မှ အဆင်ပြေမှာပါ။

မနေ့ကဆိုရင်လည်းချင်းပြည်နယ်တွန်းဇံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကိုစနစ်တကျနဲ့ခက်ခဲစွာ မွေးဖွားပေးခဲ့ရတဲ့ သတင်းလေး ပျံ့နှံ့ခဲ့ပါတယ်။

တစ်စက်လေးတောင် မှားသွားလို့ မရတဲ့ အခြေအနေတွေမှာ ဆရာဝန်တွေက အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တာကြောင့် ကလေးငယ်လေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်ကြီးအတွက်ချင်းပြည်နယ် တွန်းဇံမြို့က covid positiveကိုယ်ဝန်ဆောင် မိခင်ကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တဲ့ ပုံရိပ်တွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

ဖတ်ရှုသူပရိသတ်တွေအနေနဲ့လည်းခုချိန်မှာအစစအရာရာ ဂရုစိုက်နေထိုင်သင့်ဖို့တိုက်တွန်းလိုက်ပါတယ်။အကယ်၍ မိမိအိမ်မှာ နေမကောင်းသူရှိနေပါကအစာအာဟာရပြည့်ဝတာတွေ ကျွေးမွေးပြီး

အောက်ဆီဂျင်လည်း အချိန်တိုင်းတိုင်းပေးရန်လိုအပ်သလို အောက်ဆီဂျင်ကျနေရင်တောင်အလွယ်တကူပေးနိုင်ဖို့ အဆင်သင့်ထားရှိသင့်ကြောင်းကို ဗဟုသုတ အနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

crd:

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *