တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာပြီ

တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာပြီ

နော်ဝေ တယ်လီနော ဆက်သယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံမှ ၎င်း လုပ်ကိုင်နေသော ဆက်သွယ်ရေးလုပ်ငန်းများအားလုံးကို လက်ဘနွန် M1 Group ကုမ္ပဏီသို့ ရောင်းချရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း globenewswire နှင့်

ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။ တယ်လီနောကမူ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အခြေအနေပိုမိုဆိုးရွားလာခြင်းနှင့် လက်ရှိအခြေအနေများက ကုမ္ပဏီကို မြန်မာနိုင်ငံမှ ထွက်ခွာရန်ဆုံးဖြတ်ချက်၏အခြေခံဖြစ်သည်ဟု ထုတ်ပြန်သည်။ တယ်လီနောက မြန်မာပြည်တွင်း

ဆက်သွယ်ရေးလုပ်ငန်းများကို ဒေါ်လာ ၁၀၅ သန်းဖြင့်​ ရောင်းချခြင်းဖြစ်ပြီး ယင်းတို့အနက်မှ ဒေါ်လာ ၅၅ သန်းကို ငါးနှစ်အတွင်း ပေးချေရန် သဘောတူညီထားသည်။ တယ်လီနော၏ မြန်မာနိုင်ငံတွင်း ရှယ်ယာ စုစုပေါင်း

တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ရှိပြီး M1 Group သည် တယ်လီနော၏ အစုရှယ်ယာများအားလုံးကို ဝယ်ယူကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်ပေါ် လာပြီးနောက် တယ်လီနောက ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်ကာ နောက်ဆုံး ကုမ္ပဏီအစုရှယ်ယာများ ရောင်းချမည့် နည်းလမ်းကို ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း တယ်လီနောက ဆိုသည်။”မြန်မာနိုင်ငံမှာ ဖြစ်ပေးနေတဲ့ အခြေအနေတွေက တယ်လီနောအတွက် စိန်ခေါ်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။

ကျနော်တို့အနေနဲ့ ပြန်လည်ရွေးချယ်သုံးသပ်မှုတွေ လုပ်ပြီးတဲ့အခါ ကုမ္ပဏီကို ရောင်းချတာက အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ M 1 Group ကို ရောင်းချလိုက်ပေမယ့်လည်း ဆက်သွယ်ရေးလုပ်ငန်းတွေ ဆက်လက် လည်ပတ်နေပါလိမ့်မယ်” ဟု တယ်လီနော၏ CEOနှင့် ဥက္ကဋ္ဌ Sigve Brekke က ပြောဆိုသည်။မြန်မာနိုင်ငံမှ

တယ်လီနောလုပ်ငန်းများကို ဝယ်ယူမည့် M 1 Group ကုမ္ပဏီသည် လက်ဘနွန်ကုမ္ပဏီဖြစ်ပြီး ငွေကြေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *