အိမ်ထောင်သက်၄နှစ် ကြာမှ ချစ်သူမဟုတ်ဘူး ဇနီးပါလို့ ပြောပြလာတဲ့ သရုပ်ဆောင်မင်းသားနက္ခတ်
ကျနော်နဲ့ ကျနော့ ဇနီး လေး ရဲ့ချစ် သက်တမ်း လေး နှစ် ေကျာ်လက်တွဲခဲ့ပီးအကြာမှာပရိတ်သတ်ကိုအခုလိုအသိပေးတာ ပါဗျာ..ဒီလိုအချိန်ကာလမှာပုံ ေတွတင်ရတဲ့ အတွက်လဲအားလုံးကိုအားနာ ပါတယ်။မကြာခင် မှာမွေးဖွားလာတော့မည့် ကျွန်တော့်တို့ နှစ်ယောက်ရဲ့ ရင်သွေးလေး အတွက် ဒီပုံလေး တွေကိုတင်ရခြင်းဖြစ်ပါတယ် ခင်ဗျာ။

ကျနော်တို့နှစ်ယောက်ရဲ့အကြောင်းလေးကိုနည်းနည်းပြေ ာပြမယ်ေ နာ် ..လွန်ခဲ့တဲ့ လေးနှစ် ကကျနော်နဲ့ ကျနော့ချစ်သူ လေး အကြောင်းပေါ့။ကျနော်သူမနဲ့ ချစ်သူဖြစ်ပီးသိပ်မကြာခင်မှာသူမကို စက္ကန့် ပိုင်းလေး တောင်မခွဲနိုင်ဘူးဆိုတဲ့အချစ်တစ်ခုနဲ့သူမရဲ့မိဘတွေဆီမှာလူကြီးစုံရာနဲ့ စေ့စပ်ကြောင်းလမ်းပြီး မင်္ဂလာဆွမ်းကျွေးလက်မှတ်ရေးထိုးခဲ့ပါတယ်။

ကျနော့ ရဲ့ဇနီးလေး နဲ့ သူမရဲ့ မိဘတွေဟာ ကျနော့်ရဲ့ အနုပညာ အလုပ်ကိုနားလည် ပေးပြီး ကျနော် အနုပညာ လောကမှာ နေရာလေးတစ်နေရာရပီးကိုယ်ဖြစ်ချင်တဲ့အနေအထားရောက်မှမင်္ဂလာဧည့်ခံပွဲလုပ်ဖို့သဘောတူပေးခဲ့ကြပါတယ်။သူမ နဲ့ ကျနော်တစ်ယောက်နဲ့ တစ်ယောက်နားလည် ပီးသစ္စာရှိရှိနဲ့ နေဖို့ ကအဓိကပဲဆိုပီးကျနော့အလုပ်တွေကိုပိုကြိုးစားဖြစ်ခဲ့ပါတယ်။

သူမကျနော့အပေါ် မှာနားလည်ပေးမှုအနစ်နာခံပေးမှုတွေကတော့ပြောပြလို့တောင်ကုန်မှာမဟုတ်ပါဘူး ။သူမကြောင့်ကျနော့အလုပ်ထိခိုက်မှာစိုးလို့သူများတွေကိုဇနီးလို့မပြောခိုင်းဘဲချစ်သူလို့ပဲသူမကပြောခိုင်းခဲ့တယ်။ကျနော်တို့ နှစ်ယောက်ရဲ့မင်္ဂလာပွဲလုပ်ဖို့ထက်ကျနော့ရဲ့အနုပညာအလုပ်တွေအောင်မြင်ဖို့အတွက်ဘဲအမြဲတွေးပေးနေတဲ့သူမ။

ကျနော် ဇာတ်လမ်းတွဲ လေးတွေခပ်စိပ်စိပ်ရိုက်လာရပီးပရိသတ် ရဲ့ အသိအမှတ်ပြု လေး ရလာတဲ့ အပေါ်မှာသူမ က အမြဲ ပြုံးပျော်နေတက်တယ်။သူမကကျနော့ကိုအမြဲပြောတယ်”ကျနော့ကို ဒီ့ထက်ပိုပြီးကောင်းမွန်တဲ့အနုပညာဖန်တီးမှုတွေ ထပ်လုပ်ပီးမှမင်္ဂလာပွဲစီစဉ်ကြမယ်တဲ့။

အခုမှ နာမည်လေး နည်းနည်း ရကာစ မိန်းမယူလိုက်ရင်အလုပ်အတွက်အနှောင့်အယှက်ဖြစ်မှာစိုးတယ်ဆိုပီးပြောလာတော့”ကျနော်လဲလက်ခံလိုက်ပီး ဆက်ပီးကြိုးစားတာပေါ့အိမ်မက်နဲ့ လက်တွေ့ ဆိုတာတစ်ခါတစ်လေထပ်တူကျချင်မှကျတက်တာမျိုးဗျ..

ဒီလိုနဲ့ 2019 မှာ
” ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေး ရိုက်ခွင့်ရတော့ ဒီဇာတ်လမ်းတွဲ လေး ရိုက်ပီးရင် မင်္ဂလာ ပွဲ ကျင်းပမယ်ဆိုပီး သဘောတူခဲ့ကြတယ်။2020 ဖေဖော်ဝါရီ လမှာ “ကျွန်တော် အမုန်းဆုံး ကျွန်တော်”ဇာတ်လမ်းတွဲ လေးတီဗီကပြပြီးတော့ ၅ လပိုင်းမှာမင်္ဂလာပွဲလုပ်ဖို့ စီစဉ်ခဲ့ကြပေမယ့်ကိုဗစ် ပထမလှိုင်းကြောင့်ဘာပွဲမှလုပ်ခွင့်မရှိသလိုအနုပညာအလုပ်တွေလဲလုံးဝရပ်သွားတယ်။

ကိုဗစ်တွေ ဖြစ်တော့ Social media က အလုပ်ပိုဖြစ်လာခဲ့တယ်။ ကျနော် က TitTok ကတာတွေ Video ဖန်တီးတာတွေ မကျွမ်းကျင်တော့ လပေါင်းများစွာ အလုပ် မရှိဘဲ နားနေ ခဲ့ရတယ်။
တစ်ရက်မှာတော့ Online live sale တွေကလဲ ခေတ်စားလာပြန်တော့ ငါ ဒီ လောက်တော့မလုပ်တက် လဲ ကြိုးစားကြည့်မယ်ဆိုပီး Live sale လေး ၂ခု လုပ်ကြည့်တာ အောင်မလေး ဇာတ်လမ်းတွဲ က ဇာတ်ကောင် တွေ ကို ပုံဖော် ရိုက်ကူးရတာတွေထက် Live sale က ကျနော့ အတွက်ပိုခက်ခဲပီး ချွေးတွေတောင်ပြန်ပါတယ်။

ကျနော်သေချာသိလိုက်ရတာ တစ်ခုက ကျနော် ဟာသရုပ်ဆောင် အလုပ်ကလွဲ ပီး ကျန်တာတွေနဲ့ မလိုက်ဖက်ဘူးဆိုတာဘဲ။ ဒီလိုနဲ့ဘဲ ကိုဗစ် တွေကြောင့် လူ ၃၀ လောက်နဲ့ မင်္ဂလာ ပွဲ ကျင်းပလို့ရတယ်ဆိုတော့
2021 ဖေဖော်ဝါရီ လထဲမှာ သူမ မွေးနေ့ ရှိတော့ အဲ့လထဲက တစ်ရက်ရက်မှာ ပွဲစီစဉ်ကြမယ်ဆိုပီး စိတ်ကူးခဲ့တဲ့ စိတ်ကူးကလဲ အကြောင်း ကြောင့် ဖြစ်မလာခဲ့ရပြန်ပါဘူး။

2021 မှာ ကျနော့ ဘဝ အတွက် အဆိုးဆုံး အရာကတော့ မတ် လ လောက်မှာ ကျနော့ အဖေ ဆေးရုံ တင်ရပီးရက်အနည်းငယ်အကြာမှာ ကင်ဆာ နောက်ဆုံး အဆင့်နဲ့ကျနော်တို့ကို ဘယ်နေ့ ခွဲသွားတော့ မလဲဆိုတဲ့အဖြစ်ဆိုးကြီးတစ်ခုပါဘဲ။
ကျနော် က အဲ့အချိန်မှာ ကိစ္စတစ်ခုနဲ့နယ်ဘက်ကို ရောက်နေတော့ ၄ လပိုင်း ကုန်ခါနီး လောက်မှ အဖေ့ ကို ဆေးရုံမှာ သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။ ၅ လပိုင်း ၁၃ ရက်နေ့မှာတော့ ကျနော့ ရဲ့ အဖေ ကိုဆုံးရှုံးခဲ့ရတယ်။

အဓိ ကပြောချင်တာကတော့ကျနော့ မှာ အများ မျက်စိဆံပင်မွှေး စူး လောက်တဲ့ အထိ ကြီးကျယ် မြင့်မြတ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ချမ်းသာမှုှုတွေ လဲ မရှိပါဘူး ကြိုးစားနေ တဲ့လူ တွေ ထဲ က လူ တစ်ယောက်ပါဘဲ။
ကျနော့ပုံတွေအောက်မှ ဆဲဆိုနေတဲ့ သူတွေကိုလဲအမြဲမေတ္တာပို့ပေးပါတယ်ခင်ဗျာ။ ဒီအချိန်မှာ အားလုံးအတွက်သူရဲကောင်း မဖြစ်ချင်နေပါ ကျနော့ရဲ့ ကိုယ် ပိုင် ဘဝလေးမှာ ကျန်နေသေးတဲ့အမေရယ်ကျနော့ဇနီး နဲ့ ကျနော်အမနဲ့ ညီမ အတွက် မားမားမတ်မတ် ရပ်တည်နိုင်တဲ့သူ ဖြစ်ဖို့ အတွက်ကျနော် ကြိုးစားနေဆဲပါ

အခု ဒီ ပုံ လေးတွေဟာ သူမ ဟာ ကျနော့ရဲ့ ချစ်သူ မဟုတ်ဘဲ သူ မဟာ ကျနော့ ရဲ့ဇနီး ဖြစ် ကြောင်းအသိပေးတဲ့ ပုံလေး တွေ ပါ ခင်ဗျာ..
နက္ခတ် + ကလျာမိုး
မင်္ဂလာ ဧည့်ခံပွဲကျင်းပမည့်အချိန်ကျရင် လဲ အားလုံးကို ထပ်မံ အသိပေးပါမယ်ခင် ဗျာ လို့ သူ၏ ဖေ့ဘွတ် စာမျာက်နှာမှာ ရေးထားတာပဲဖြစ်ပါတယ်…
ခရက်ဒစ် ပုံစာ Nat Khat Fb page