ထမင်းပေါင်းအိုးနဲ့ငါးသလောက်ပေါင်းမယ်

ထမင်းပေါင်းအိုးနဲ့ငါးသလောက်ပေါင်းမယ်

ထမင်းပေါင်းအိုးနဲ့ ငါးသလောက် ပေါင်းလို့ရလားမေးမေးနေလို့ ပေါင်းအိုးနဲ့ ပေါင်းနည်းလေး မျှပေးလိုက်ပါတယ်ရှင့်

ပါဝင်သော ပစ္စည်း -ငါးသလောက် ၅၀သား၊ ဆီ၊ ရှောက်ရည် (သို့)ရှာကလာရည် အနည်းငယ် (ရှောက်ရည်နဲ့ဆို ပိုမွှေးပါတယ်)၊ငါးငံပြာရည် အနည်းငယ်၊စပါးလင်၂စည်းခန့်၊ကြက်သွန်ဖြူ အနည်းငယ်၊ခရမ်းချဉ်သီး အကြီ၃လုံး ၊နနွင်း အနည်းငယ်၊ဆားအနည်းငယ်၊အရောင်တင်မူန်. အနည်းငယ် ၊ကြက်သွန် နီဥအလတ်၁၀လုံးခန့်(မင်မင်ကအနှစ်များများကြိုက်လို့ထည့်ပါတယ်)

ချက်ပြုတ်နည်း

အရင်ဆုံး ငါးသလောက်အတုံး လိုသလောက်တုန်း သန့်စင်ပြီး ရှာက်သီးအရည် အနည်းငယ် . နနွင်းအနည်းငယ် ၊ငါးငံပြာရည် အနည်းငယ် ၊ဆားအနည်းငယ်နဲ့အရောင်တင်မှုန့် တို့ကို ရောနယ်ပြီး ၁ဝမိနစ်လောက် နှပ်ထားပါမယ် (ငါးသလောက်အသားထဲထိစိမ့်ဝင်အောင် ဆုပ်နယ်ပေးပါ )ပေါင်းမယ့်ပါင်းအိုးထဲမှာ စပါးလင်ကိုတပြားရိုက်ပြီး စီထည့်ပါမယ်

ပြီးရင်ငါးသလောက်များကိုစီထည့်ပါ ၊ဆီအနည်းငယ်ခန့်နဲ့ရေငါးမြှပ်ရုံထည့်ပြီးတည်ပါမယ်(တစ်ခါတည်း ရေအများကြီးမထည့်ရပါ)။ဟင်းအနှစ်ဆီသတ်ပါမယ်ဒယ်အိုးထဲကိုဆီထည့်ပါမယ်။ဆီပူရင်ဆနွန်းမှုန့်အနည်းငယ်ထည့်ပါမယ်။ကြက်သွန်နီ/ဖြူ ကိုထောင်းပြီးထည့်ပါမယ်(ကြက်သွန်နီ ၄လုံးလောက်ကိုလေးစိတ်စိတ်ထားပြီး ကျန်တထာင်းပြီးဆီသတ်ပါမယ်) ။

ကြက်သွန်လိပ်ပြီဆိုငရုပ်သီးမှုန့်ထည့်ခရမ်းချဉ်သီးထည့် ပြီးဆီသတ်ပါမယ်ခရမ်းချဉ်သီးလိပ်ပြီဆိုအိုးချထားပါမယ်။ ငါးသလောက် အရိုးများနူးမနူးငါးပါးဟက်များကိုဖိကြည့်ပြီးမနူးသေးရင်ရေထပ်ထပ်ဖြည့်ပေးပြီးတည်ပေးပါမယ်။နူးပြီဆိုမီးခဏပိတ် စာပါးလင်များဖယ်ပြီးစောစောကဆီသတ်ထားတာတွေထည့်ပါမယ်။

ကြက်သွန်နီဥ၄စိတ်စိတ်ထားတာကိုထပ်ထည့်ပါမယ်ရေကျန်သေးရင်ထည့်စရာမလိုပါဘူး။မကျန်တော့ရင်တော့ ရေနည်းနည်လေး ထည့်ပြီးအိုးကို လှုပ်ပေးပါ ပြီးရင် ပေါင်းအိုးပြန်တည်ပြီး မိနစ် ၂၀ လောက်ထပ်တည်ထားပါ။ ဆီပြန်ပြီဆို အပေါ့အငန်မြည်းပြီးအိုးချလို့ရပါပြီ။

တခြားလိုအပ်တာရှိရင်လည်းပြောပေးလို.ရပါတယ်ရှင့်။အားလုံးအဆင်ပြေကြပါစေ ရှင့်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *