သင့်ဟာအသက်ငယ်ငယ်နဲ့ ဆံပင်ဖြူနေတာဘယ်အချက်တွေကြောင့်လဲ?
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရခြင်းအကြောင်းများ

သင်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ဆံပင်ဖြူနေရတာလဲ ဆိုပြီး တွေးမိကောင်း တွေးမိပါလိမ့်မယ်။ ဆံပင်အရောင် ပြောင်းလဲလာခြင်းက နှစ်သက်ဖို့ကောင်းတဲ့အရာ မဟုတ်ပေမယ့်လည်းဒါဟာနောက်ထပ်အခြေအနေအတွက်လက္ခဏာတစ်ခုလည်း ဖြစ်နေပါသေးတယ်။ ဒါဆိုရင် လူငယ်တွေ ဘာလို့ ဆံပင်တွေ လွယ်လွယ်ဖြူရတာလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
၁။ Vitamin B12 ချို့တဲ့ခြင်း

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ Vitamin B12 ချို့တဲ့တာဟာ ဆံပင်အရောင် ပြောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆံပင်ပါးခြင်း၊ ကျွတ်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါဆိုရင်တော့ Vitamin B12 မချို့တဲ့အောင် ဥ၊ အမဲသား၊ တူနာငါး စတာတွေကို စားသင့်ပါတယ်။
၂။ Thyroid မကောင်းခြင်း

သုတေသနပြုချက်တွေအရ Thyroid မကောင်းတာဟာ သင့်ဆံပင်အပေါ်တိုက်ရိုက်က်ရောက်မှုတွေ ရှိနေပါတယ်။ သင်ဟာ ဆံပင်အရောင်တွေပြောင်းတာ၊ ကြွပ်ဆတ်ဆတ်ဖြစ်တာ ဒါမှမဟုတ် ချောကျိကျိတွေ ဖြစ်နေတယ်ဆိုရင် ဒါဟာ Thyroid မှာ ပြဿနာရှိနေလို့ပါပဲ။
၃။ ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရ မရရှိခြင်း

ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေကို မစားသောက်ခြင်းကလည်း သင့်ကို ဆံပင်ဖြူစေနိုင်ပါတယ်။ Ferritin, Calcium, Vitamin D-3, Copper, Zinc နဲ့ သံဓာတ်တို့ပါဝင်တဲ့ အစားအစာတွေက သင့်ကို ဆံပင်ဖြူခြင်းကနေ ကာကွယ်ပေးမှာပါ။
၄။ အမြဲစိုးရိမ်ပူပန်တတ်သူဖြစ်ခြင်း

စိုးရိမ်ပူပန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေက သင့်ကို ဆံပင်ဖြူစေပါတယ်။ စိတ်ဖိစီးတာဟာ သင့်ရဲ့ ဆံပင်ဆဲလ်တွေ အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အချိန်မတိုင်ခင် ဆံပင်မဖြူချင်ရင် စိတ်ဖိစီးမှု မခံပါနဲ့။
၅။ မျိုးရိုးလိုက်လို့လဲ ဖြူနိင်ပါတယ်။

သင့်ရဲ့မိဘဘိုးဘွားတွေက ဆံပင်ဖြူရင် သင့်မှာလဲ ဆံပင်လိုက်ဖြူနိူင်ပါတယ်။ အရေပြားအထူးကု ဆရာဝန်တွေရဲ့ ပြောကြားချက်အရဆံပင်ဖြူပေါက်တဲ့အချိန်ဟာ မျိုးရိုးပေါ်မူတည်ပြီး ပေါက်နိုင်တယ်လို့ ဆိုပါတယ်။ မိသားစုဝင် တစ်ယောက်ယောက်က စောစောပေါက်ရင် သင်လဲ စောစောဖြူမှာပါ။
၆။ ဆိုးဆေးများနဲ့ ခေါင်းလျှော်ရည်များ သုံးခြင်း

ဆိုးဆေးနဲ့ ခေါင်းလျှော်ရည်တွေဟာ ဆံပင်ဖြူစေပါတယ်။ ဘာလို့လဲဆိုတော့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေက Melanin ပမာဏကို လျော့စေပြီး သင့်ရဲ့သဘာဝဆံပင် အမဲရောင်ကို ဆုံးရှုံးစေပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုကတော့ သင်သာ ဆံပင်ဖြူသွားရင် သဘာဝအတိုင်း မူလဆံပင်ကို ပြန်ရဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် မပျက်စီးအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။အပြင်ထွက်ရင် ဦးထုပ်ဆောင်းပါ။

ဆံပင်ကိုနေရောင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ဆံပင်ကို Hair Dryer နဲ့ မှုတ်ခြင်းမှရှောင်ပါ။ ခေါင်းဖြီးကို အစိတ်ကြီးတာ သုံးပါ။ ဆံပင်ကိုလည်း ဆီပုံမှန်လိမ်းပေးပါ။ ဂေါ်ဖီထုပ်၊ ကိုက်လန် စတာတွေကို စားသုံးပေးပါ။ ဒါဟာ သင့်ဆံပင်ကို ကာကွယ်ပေးပါတယ်။
ခရက်ဒစ်