အကိုက်အခဲပျောက်ဆေးကြောင့် သေမလိုဖြစ်ပြီး ဆေးရုံတက်ခဲ့ရတဲ့ နေခြည်ဦး
မင်းသမီး ချောလေး နေခြည်ဦး ကတော့ အနုပညာ လောက မှာ အချိန် အတို တွင်း ကြီးမားတဲ့ အောင်မြင်မှုတွေ ကို ရရှိခဲ့ ပြီး နေရာတစ် နေရာကိုရပ်တည်ထားနိုင်ခဲ့သူပဲ ဖြစ်ပါ တယ် ။

ယခုနောက် ပိုင်းမှာဆိုရင် နေခြည်ဦးကကြော်ငြာ တွေအပြင်ရုပ်ရှင် ဇာတ်ကား ကြီးတွေထဲမှာ တောင်ပိုမိုပါဝင်သရုပ်ဆောင်လာနေတာကို တွေ့မြင်ရပါတယ် ။
ဒါ့အပြင် သူမက အနုပညာ အလုပ်တွေ ကို လုပ်ကိုင် နေတဲ့ အပြင် Beauty Blogger အဖြစ်ပါ တပါ တည်း လုပ်ကိုင်နေတာဖြစ်ပါတယ် ။

နေခြည်ဦး က ဝတ်စား ဆင်ယဉ်မှု မှာလည်း အခြားသူ တွေနဲ့ မတူ ပဲ ဆန်းသစ် တဲ့ ဖက်ရှင် တွေကို ဝတ်ဆင် တတ်ကာ လိုက်ဖက် ပြီးချစ်စရာ ကောင်းတာ ကြောင့်ပျိုမေလေး တွေရဲမျက်စိကျ နေရသူပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မကြာခဏ ဆိုရင်လည်း အပျင်း ပြေ tik tok လေး တွေ ဆော့ ကစားပြီး ပရိသတ်တွေကိုလည်း ဖော်ပြ ပေးလိုက်ပါတယ်။

ယခုမှာ တော့ နေခြည်ဦး ကသူမဘဝမှာဘာရောဂါနဲ့မှ ဆေးရုံမတက်ခဲ့ဖူးပေမယ့် အသည်းရောင်လို့ ပထမဆုံးဆေးရုံတက်ခဲ့ရတဲ့အတွေ့အကြုံကို Tik Tok ကနေတဆင့်တင်ပေးလာပါတယ်။
အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်မိတာကြောင့် ဆေးရုံ (၂)ပါတ်တက်ခဲ့ရတယ်လို့ ဆိုလာပါတယ်။
ပါရာစီတမောလို ဆေးတွေကို အများကြီးသောက်ရင် အသည်းကိုဒုက္ခပေးတယ်ဆိုတဲ့ Medical Knowledge မသိတဲ့သူမကိုယ်သူမလည်း အံ့သြမိကြောင်းရေးသားလာပါတယ်..

အခုလိုမျိုး ကာလမှာ ဆေးအပြင်းစားတွေ ထိုးရသောက်ရလို့ အရမ်းစိတ်အားငယ်နေကြောင်းလည်းပြောပြလာပါတယ်။
ဒီဗီဒီယို လေးထဲမှာ တော့ နေခြည်ဦး က အကိုက်ခဲပျောက်ဆေးကို ပဲလှော်စားသလို ဝါးနေတဲ့ သူတွေကိုအသိပညာတခုခု ရစေချင်တယ်လို့ ဆိုလာပါတယ်။

အရာရာ တန်ရင်ဆေး လွန်ရင်ဘေးမို့ အကိုက်အခဲပျောက်ဆေးတို့ အစာကြေဆေးတို့ကို အလွန်အကျွံမသောက်ဖို့ မေတ္တာရပ်ခံလာတာဖြစ်ပါတယ်။
ချစ်တဲ့ချစ်ပရိတ်သတ်ကြီးလည်း မင်းသမီးချောလေးနေခြည်ဦးကိုချစ်တယ်သေးတယ်ဆိုအသဲလေးတွေပေးခဲ့ပါဦးနော်….
credit;