ဒူးနာ၊ခြေထောက်နာအတွက်တစ်လအတွင်းပျောက်တဲ့ ရုံးပတေသီးရေနွေး
၁.၆.၂၀၂၁.နေ့က စပြီးရုံးပတေသီး ရေနွေးဖျော သောက်တာ အခုဆို တစ်လပြည့်သွားပါပြီ။

အကျိုးအာနိသင်ကတော့ ဒူးနာတယ် ၊ခြေထောက်နာတယ်၊ ကြာကြာမရပ်နိုင်ဘူး၊ ကြာကြာလမ်းလျှောက်နိုင်ဘူး ကြာကြာမထိုင်နိုင်ဘူး ထလည်းနာ ထိုင်လည်းနာ တကျွတ်ကျွတ် အော်နေရတဲ့ ပါးစပ်က ရောင်ပြီးတောင် “နာတယ်”လို့ မထွက်လာတော့ဘူး။
အသက်ငါးဆယ်ကျော်ရင် ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။ ပေါင်းနိုင်သလောက်လည်းကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။

ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်း ရှိတာကတော့ အလွန်ကို အံ့သြသွားစေပါလိမ့်မယ်။
ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး အဖုံးပါတဲ့ခွက်ထဲထည့် ရေနွေးပူပူလောင်းထည့်ပြီး အဖုံးပြန်အုပ်ထားပါ။အေးသွားမှအရေလည်းသောက်အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။

သတိထားရမယ့်အဓိကအရေးကြီးတဲ့အချက်ကအစားအိမ်ထဲ အစာမရှိတဲ့အချိန်မှာ စားရ သောက်ရမှာပါ။တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင်နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။
အစာအိမ်ထဲ အစာမရှိချိန်သောက်ဖို့က အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့ မမေ့စေချင်ပါဘူး။ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက်ကျေးဇူးများတဲ့ ဒီအသီးလေးကို ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံးကြည့်ကြပါလို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။

ဒူးနာ၊ေျခေထာက္နာအတြက္တစ္လအတြင္းေပ်ာက္တဲ့ ႐ုံးပေတသီးေရေႏြး
၁.၆.၂၀၂၁.ေန႔က စၿပီး႐ုံးပေတသီး ေရေႏြးေဖ်ာ ေသာက္တာ အခုဆို တစ္လျပည့္သြားပါၿပီ။
အက်ိဳးအာနိသင္ကေတာ့ ဒူးနာတယ္ ၊ေျခေထာက္နာတယ္၊ ၾကာၾကာမရပ္ႏိုင္ဘူး၊ ၾကာၾကာလမ္းေလွ်ာက္ႏိုင္ဘူး ၾကာၾကာမထိုင္ႏိုင္ဘူး ထလည္းနာ ထိုင္လည္းနာ တကြၽတ္ကြၽတ္ ေအာ္ေနရတဲ့ ပါးစပ္က ေရာင္ၿပီးေတာင္ “နာတယ္”လို႔ မထြက္လာေတာ့ဘူး။

အသက္ငါးဆယ္ေက်ာ္ရင္ ႐ုံးပေတသီးကို မခ်စ္ေတာင္မွ မုန္းလို႔ဆိုၿပီး ပစ္မထားသင့္ပါဘူး။ခႏၶာကိုယ္အတြက္ ေက်းဇူးမ်ားလြန္းတဲ့ အသီးေလးျဖစ္လို႔ ေပါင္းထားသင့္ပါတယ္။ ေပါင္းႏိုင္သေလာက္လည္းေကာင္းတယ္ဆိုတာ သက္ေသျပလိမ့္မယ္။
ဒီအသီးေလးက အ႐ိုးအဆစ္နာက်င္ ကိုက္ခဲမႈမ်ားကို ေမာင္းထုတ္ပစ္ႏိုင္စြမ္း ရွိတာကေတာ့ အလြန္ကို အံ့ၾသသြားေစပါလိမ့္မယ္။

႐ုံးပေတသီး သုံးေတာင့္ကို ဓားနဲ႔လွီးၿပီး အဖုံးပါတဲ့ခြက္ထဲထည့္ ေရေႏြးပူပူေလာင္းထည့္ၿပီး အဖုံးျပန္အုပ္ထားပါ။ေအးသြားမွအေရလည္းေသာက္အဖတ္လည္းစားရမွာ ျဖစ္ပါတယ္။
သတိထားရမယ့္အဓိကအေရးႀကီးတဲ့အခ်က္ကအစားအိမ္ထဲ အစာမရွိတဲ့အခ်ိန္မွာ စားရ ေသာက္ရမွာပါ။တစ္ခါထဲ ကုန္ေအာင္မေသာက္ႏိုင္ရင္ႏွစ္ႀကိမ္ သုံးႀကိမ္ခြဲေသာက္ႏိုင္ပါတယ္။

အစာအိမ္ထဲ အစာမရွိခ်ိန္ေသာက္ဖို႔က အဓိကျဖစ္တယ္ဆိုတာ ေလးကိုေတာ့ မေမ့ေစခ်င္ပါဘူး။ဒူးနာ ေျခနာ အဆစ္ျမစ္နာ ေဝဒနာ ရွင္မ်ားအတြက္ေက်းဇူးမ်ားတဲ့ ဒီအသီးေလးကို ေဆးအျဖစ္နဲ႔ ေပါင္းသင္းမွီဝဲစားသုံးၾကည့္ၾကပါလို႔ ေမတၱာျဖင့္ တိုက္တြန္းလိုက္ပါတယ္။
လက္ေတြ႕အက်ိဳးခံစားရသူ
2-7-2021
source by – ပိတောက်အိမ်