ငွေအများကြီးကုန်ခံ ပြီးကျောက်ကပ် ဆေးစရာမလို “ပဲကတ္တီပါ” ရှိရင်ရပြီ

ငွေအများကြီးကုန်ခံ ပြီးကျောက်ကပ် ဆေးစရာမလို “ပဲကတ္တီပါ” ရှိရင်ရပြီ

ပဲကတ္တီပါ စားပြီး ကျောက်ကပ် ကို အားဖြည့်ကြမယ်..

( ကျောက်ကပ်အားနည်းခြင်း၊ကျောက်ကပ်လုပ်ဆောင်ချက်ကျခြင်း၊ကျောက်ကပ်ဆေးနေရခြင်း၊ကျောက်ကပ်ပျက်စီးခြင်းတွေအတွက်သဘာဝကြီး၏ပြုပြင်ဖန်တီးပေးမှု)

မိတ်ဆွေတစ်ယောက်ကျောက်ကပ်ဆေးနေရလို့ကျောက်ကပ်ဆေးတဲ့ဌာနတစ်ခုကိုသွားကြည့်ပါတယ်။

အဲဒီမှာအံ့သြရတာတစ်ခုကကျောက်ကပ်လာဆေးနေကြရတဲ့သူတွေထဲမှာအသက်ကြီးသူတွေအပြင်လူငယ်လေးတွေပါကျောက်ကပ်လာဆေးနေကြရတာကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

လူငယ်တွေဟာကျောပိုးအိပ်လေးတွေနဲ့ကျောင်းသားအရွယ်တွေပါ။ကျောက်ကပ်လာဆေးပြီးပေါ့ပေါ့ပါးပါးပြဲပန်ထွက်သွားကြတယ်။အဲဒါနေ့စဉ်ပါပဲတဲ့။အဲ့လိုသာခဏခဏဆေးနေရရင်မလွယ်ဘူး။

ကျောက်ကပ်တစ်ခါဆေးရင်လေးငါးသောင်းကုန်တယ်လေ။တစ်သက်လုံးပဲဆေးနေရတော့မှာလား။ဒီကလေးတွေကိုကြည့်ပြီးတော့ကျနော်စိတ်မကောင်းဖြစ်မိပါတယ်။တရုတ်နို့မှုန့်လိုအဆိပ်တွေသောက်ပြီးကြီးလာကြရတဲ့ကလေးတွေဘယ်လောက်တောင်များနေပြီလဲ။

ယနေ့ခေတ်ကမ္ဘာကြီးမှာကျနော်တို့စားသောက်နေရတဲ့အစားအသောက်တွေထဲမှာကျောက်ကပ်ကိုထိခိုက်စေတဲ့အဆိပ်အတောက်တွေအများကြီးပါနေတဲ့အတွက်လူကြီးလူငယ်မရွေးကျောက်ကပ်တွေထိခိုက်နေကြရပါပြီ။

အရင်ကတော့ကျောက်ကပ်ကိုဒုက္ခပေးမယ့်ကျောက်တွေကိုကျောက်ဖယုံသီးနဲ့ဖယ်ရှားပေးတဲ့အကြောင်းတွေကိုပဲဦးစားပေးတင်ပြခဲ့ပါတယ်။

အခုကတော့ကျောက်ကပ်လုံးဝခံနိုင်ရည်ရှိအောင်ကျောက်ကပ်ဆဲလ်အသစ်တွေတည်ဆောက်ပြီးပြုပြင်တဲ့နည်းလမ်းတစ်ခုကိုအမြန်ပေးမှဖြစ်တော့မယ်လို့ယူဆပြီးအဲဒီအကြောင်းကိုမျှဝေချင်ပါတယ်။

ကျောက်ကပ်ဆိုတာကခန္ဓာကိုယ်မှာအလွန်အရေးကြီးတဲ့အင်္ဂ ါတစ်ခုပါ။သွေးထဲကအဆိပ်တွေကိုဖယ်ထုတ်ပြီးဆီးလမ်းကြောင်းကနေစွန့်ပစ်တဲ့အလုပ်ကိုလုပ်ပေးပါတယ်။အဆိပ်တွေများလာရင်တော့ကျောက်ကပ်လည်းခံနိုင်ရည်မရှိတော့ဘူး။

မနိုင်တော့အရှုံးပေးရတော့တာပေါ့။အဲဒီမှာကျောက်ကပ်ကဆဲလ်တွေစတင်ပြီးပျက်စီးတော့တာပါပဲ။နောက်ဆုံးလုပ်ဆောင်ချက်တွေရပ်ဆိုင်းပြီဆိုရင်တော့ကျောက်ကပ်ပျက်စီးသွားပါပြီ။

အဲဒီလိုပျက်စီးခြင်းမျိုးအထိမဖြစ်ရအောင်အတွက်ဘာလုပ်ရမလဲ။လေမုန်တိုင်းဒဏ်ကိုခံနိုင်အောင်ခိုင်ခံ့တဲ့တိုက်အိမ်ကောင်းကောင်းဆောက်ထားဖို့လိုသလိုအဆိပ်တွေရဲ့ဒဏ်ကိုခံနိုင်အောင်မိမိရဲ့ကျောက်ကပ်ကိုသံမဏိလိုတည်ဆောက်ထားဖို့ပါပဲ။

ကျောက်ကပ်ဆိုတာအသွေးအသားတစ်ခုပြဲဖစ်တယ်။Cellတွေစုပေါင်းပြီးတည်ဆောက်ထားတာဖြစ်တယ်။အဲဒီCellတွေရရှိတဲ့Sourceကဘာလဲ။အသွေးအသားတွေအားလုံးရဲ့sourceကအာဟာရကလာတယ်။

ဒါကြောင့်ကျောက်ကပ်cellတွေကိုတည်ဆောက်ပေးမယ့်အာဟာရကိုရှာရမယ်။ လူ့န္ဓာကိုယ်မှာရှိတဲ့အင်္ဂါတွေအားလုံးအတွက်အတွက်ဖြည့်စွက်ပေးမယ့်အာဟာရကိုသဘာဝကြီးကပုံစံတူပေးထားပြီးဖြစ်ပါတယ်။

အဲဒါကိုလူတွေကနားမလည်ကြတော့မသိသူကျော်သွားသိသူဖော်စားအဆင့်မှာပဲရှိနေရတယ်။ကျောက်ကပ်အတွက်အားဖြည့်ပေးမယ့်အစာကတော့မြန်မာတွေနဲ့မစိမ်းတဲ့ပဲကတ္တီပါ(kidney bean)ပဲဖြစ်ပါတယ်။

ပဲကတ္တီပါကိုသေချာလေ့လာကြည့်ပါ။ကျောက်ကပ်နဲ့တစ်ပုံစံထည်းဖြစ်ပါတယ်။ပဲကတ္တီပါမှာပါတဲ့အခါးဓာတ်လေးကအလွန်အဖိုးတန်တဲ့အင်ဇိုင်းတစ်ခုဖြစ်တယ်။အဲဒီအင်ဇိုင်းဟာကျောက်ကပ်ရဲ့cellတွေကိုအသစ်တည်ဆောက်ပေးနိုင်တဲ့အမိုင်နိုအက်စစ်ပရိုတင်းတွေဖြစ်တယ်။

ထိခိုက်ပျက်စီးသွားတဲ့ကျောက်ကပ်အစိတ်အပိုင်းတွေကိုcellအသစ်တွေနဲ့ဖာထေးပြုပြင်ပြီးကျောက်ကပ်ကိုပကတိအကောင်းအတိုင်းဖြစ်သွားအောင်လုပ်ပေးနိုင်တယ်။ပဲကတ္တီပါမှာဗီတာမင်Eတွေအများကြီးပါတဲ့အတွက်သွေးကိုသန့်စင်ရာမှာအာနိသင်ပိုထက်မျက်တယ်။

ဒါကြောင့်ပဲကတ္တီပါကိုကျောက်ကပ်အတွက်အကောင်းဆုံးအာဟာရလို့ပြောနိုင်ပါတယ်။ကောင်းလွန်းလို့လည်းအင်္ဂလိပ်တွေကပဲကတ္တီပါကိုkidney bean (ကျောက်ကပ်ပဲ)လို့အမည်ပေးထားခြင်းဖြစ်ပါတယ်။

ကျောက်ကပ်အမြဲတန်းကောင်းစေဖို့အတွက်ပဲကတ္တီပါကိုစားပေးရမယ်ဆိုတာသိရှိပြီဖြစ်တယ်။သို့သော်လဲကောင်းတယ်ဆိုပြီးအများကြီးမစားရပါဘူး။ပဲကတ္တီပါမှာပါတဲ့အမိုင်နိုအက်စစ်ကိုကျောက်ကပ်ကအများကြီးမလိုဘူး။

များသွားရင်ကျောက်ကပ်အတွက်အဆိပ်ပြန်ဖြစ်တတ်တယ်။ဒါကြောင့်သင့်ရုံလောက်ပဲစားဖို့လိုပါတယ်။ကျောက်ကပ်ကိုတစ်သက်လုံးစောင့်ရှောက်ချင်တယ်ဆိုရင်တော့ဆောင်ရန်ရှောင်ရန်လေးတွေကိုလိုက်နာမှဖြစ်လိမ့်မယ်။

ရှောင်ရန်ကိုအရင်ပြောမယ်။ကျောက်ကပ်ဟာအအေးကိုမကြိုက်ဘူး၊အပူကိုကြိုက်တယ်။ဒါကြောင့်မနက်စောစောကျောက်ကပ်အေးနေချိန်မှာပြင်းထန်တဲ့အားကစားမလုပ်သင့်ဘဲနေပူဆာလောက်ပဲလှုံရမယ်။

ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုပြုရင်ကိုယ်တွင်းမှာလက်တစ်အက်စစ်တွေများလာတယ်။အဲဒီလက်တစ်အက်စစ်ကကျောက်ကပ်ရဲ့အဆိပ်ပြဲဖစ်တယ်။ပျူရင်းဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေစားရင်ထွက်လာတဲ့ယူရစ်အက်စစ်ကလည်းကျောက်ကပ်အတွက်အဆိပ်ပဲဖြစ်တယ်။

ဆိုဒီယံဆားနဲ့ဟင်းခတ်မှုန့်အရက်သေစာသကြားဖြူတွေကိုလည်းမကြိုက်ဘူး။အဆိုးဆုံးကတော့ခေတ်ပေါ်အစားအစာတွေမှာပါလာတဲ့အဆိပ်တွေပဲပေါ့။ရုပ်ပိုင်းဆိုင်ရာကြောင့်ကျောက်ကပ်ပျက်စီးတာထက်ကိုစိတ်ပိုင်းဆိုင်ရာကြောင့်ပျက်စီးရတာကပိုဆိုးပါတယ်။

ကြောက်လန့်မှုတစ်ခုခုနဲ့ကြုံလိုက်ရတာနဲ့ကျောက်ကပ်ကကျုံ့ပြီးရပ်သွားရော။စိတ်ဖိစီးမှုများခြင်း၊စိုးရိမ်ကြောင့်ကြခြင်း၊စိတ်သောကရောက်ခြင်း၊ပရိဒေဝမီးတောက်ခြင်း၊ဒေါမနသဖြစ်ခြင်းတွေကကျောက်ကပ်ကိုတိုက်ရိုက်ထိတတ်လို့ယောနိသောမနသီကာယလို့ခေါ်တဲသင့်တင့်လျောက်ပတ်စွာနှလုံးသွင်းတတ်အောင်ကျင့်ထားဖို့လိုပါတယ်။

ဆောင်ရန်ကတော့ရေများများသောက်ခြင်း၊ကျောက်ဖရုံသီးစားခြင်း၊ဆိုဒီယံဆားအစားပန်းရောင်ကျောက်ဆား။ပင်လယ်ဆား၊ပိုတက်စီယံဆားတို့ကိုမျှသုံးခြင်း၊အာဟာရမျှတစုံလင်အောင်စားသောက်ခြင်း၊လမ်းလျှောက်ခြင်း၊အိပ်ရေးဝအောင်အိပ်ခြင်းနဲ့ဗီတာမင်D ရအောင်နေပူဆာလှုံပေးခြင်းတို့ပဲဖြစ်ပါတယ်။

စာအုပ်အမည် .ပထမတန်းစားကျန်းမာရေး
crd ရေးသူ. မင်းကျော်ဝင်း

(နောက်ထပ်ထွက်လာမည့်ပြည်သူ့အကျိုးပြုစာအုပ်)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *