သဘာဝအတိုင်းကိုယ်အလေးချိန်လျော့ချချင်သူများအတွက် နှင်းဆီပန်း၏ အစွမ်းပကားများ

သဘာဝအတိုင်းကိုယ်အလေးချိန်လျော့ချချင်သူများအတွက် နှင်းဆီပန်း၏ အစွမ်းပကားများ

နှင်းဆီပန်းကကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေက ရှေးယခင်ခေတ်ကာ လတွေကတည်းက ကိုယ်ခန္ဓာ၊ စိတ်နဲ့အရေပြားတို့အတွက် ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။

နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့်နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေကလိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင်ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကို တော့သိပ်မသိကြသေးပါဘူး။

နှင်းဆီကမျိုးစိတ်ပေါင်း၁၀၀ကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။နှင်းဆီ ပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီး နောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ်။

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်မလဲ။ ကိုယ်အလေးချိန်ကျစေနိုင်ခြင်းနှင်းဆီပန်းရဲ့ပွင့်ချပ်ထဲမှာပါတဲ့ ဒြပ်ပေါင်းတွေကကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။

နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင်စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။

၁။သဘာဝကာမအားတိုးဆေးတစ်ရပ်

နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်း ဖြစ်ပါတယ်။နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ ဆော်ရာမှာ တော်တော်လေးထိရောက်ပါတယ်။

နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်း ချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။စိတ်ဖိစီးမှုနဲ့စိတ်ဓာတ်ကျမှုတွေကိုပြေလျော့စေခြင်းပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့်

အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့အမျိုးသမိးတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။

နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။Paraba-Caixa တက္ကသိုလ် Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာနှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်လို့တွေ့ရှိခဲ့ပါတယ်။

၂။လိပ်ခေါင်းလက္ခဏာတွေကိုသက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း

နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။နှင်းဆီပန်းမှာ အမျှင်ဓာတ်နဲ့ရေဓာတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓာကိုယ်တွင်းက အဆိပ် အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့်

အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက် သာစေသလိုနာကျင်မှုကိုလည်း လျော့ပါးစေပါတယ်။

၃။ဝက်ခြံပျောက်စေနိုင်ခြင်း

ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။ rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။

အစိုဓာတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။

ပိုးမွှားတွေကိုသေစေနိုင်တဲ့ phenyl ethanol ပါရှိမှုကြောင့် rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

၄။နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း

နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမကနူးညံ့စေပါတယ်။

အရေပြားကိုလည်း အစိုဓာတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

၅။နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကိုကုသနိုင်ခြင်း

နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

၆။နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလို သွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။

ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

၇။နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်

နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။အဆိုပါရေနွေးကြမ်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။

နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာများနှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။ဆီးချို (သို့) သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်း ဆေးဝါးတွေနဲ့ ဓာတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာ သောက်သုံးသင့်ပါတယ်။ပန်းနှင်းဆီ ရဲ့အလှနဲ့ အနံ့ ကိုဆူးတွေနဲ့ကာရံထားတဲ့မာန်ကြောင့် ပို၍ကြိုက်မိစေလားမသိခဲ့ပါ။

ပန်းထဲမှာအကြိုက်ဆုံးပါပဲရှင်နေ့စဉ်သူ့ကိုမမြင်ရရင်မနေနိူင်ပေါ့။ အိပ်ရာကနိူးသူအလှသူ့အနံ့ရလိုက်မှပို၍လန်းဆန်းပြီးအားမာန်တွေပိုရသလိုပါပဲ။

Crd
photo credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *