မြန်မာနိုင်ငံကနေ အပြီးပိုင်ထွက်ခွာသွားဖို့ရှိနေတဲ့ တယ်လီနော

မြန်မာနိုင်ငံကနေ အပြီးပိုင်ထွက်ခွာသွားဖို့ရှိနေတဲ့ တယ်လီနော

နအဖလက်ထက်ကနေအရပ်သားတပိုင်းသိန်းစိန်အစိုးရကိုအာဏာလွှဲပြီးတဲ့အချိန်မြန်မာနိုင်ငံထဲကိုပြင်ပဆက်သွယ်ရေးကုမ္ပဏီတွေအခြေစိုက်ခွင့်မရခင်အချိန်အထိကတော့ရပ်ကွက်တွေထဲ

ခေါင်းလောင်းကြိုးဆွဲပြီး ကိုယ်ရေးကိုယ်တာသုံးနာမည်တွေအသုံးပြုပြီးဖုန်းလာတဲ့အချိန်မှာ အိမ်ကိုခေါင်းလောင်းကြိုးလာလာဆွဲတတ်တဲ့ ဖုန်းပိုင်ရှင်အဒေါ်ကြီးတွေကိုတော့ နိုက်တီးဘွန်း (90 Born) တွေကောင်းကောင်းမှီခဲ့ပါလိမ့်မယ်။

မြို့တွင်းသုံးဆယ် ငါးဆယ် နယ်ဝေး တရာ တရာ့ငါးဆယ်ဆိုတာ အိမ်ကမုန့်ဖိုးကျစ်ပြီး စီစီစစ်စစ်သုံးတတ်တဲ့ချာတိတ်တွေအတွက်သာ ချစ်သူနဲ့မိတ်ဆွေအပေါင်းအသင်းနဲ့ဖုန်းတဝကြီးပြောရတဲ့ခေတ်ပါ။

တယောက်အသံတယောက်ကြားဖို့သိပ်ငွေကုန်တဲ့ခေတ်ကနေနိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီကြီးတွေဝင်လာမှပဲယခင်ဆင်းကဒ်တခုကို သိန်းငါးဆယ် နီးပါးပေးဝယ်ရတဲ့ခေတ်ကနေလွတ်မြောက်ပြီး လူတိုင်းဝယ်သုံးနိုင်တဲ့ခေတ်ကိုရောက်ခဲ့တာပေါ့။

 နော်ဝေနိုင်ငံက တယ်လီနောလိုကုမ္ပဏီ အရှေ့အလယ်ပိုင်းအခြေစိုက် အော်ရီဒူးလိုကုမ္ပဏီတွေ အပြိုင်အဆိုင်ဝင်ရောက်ဈေးကွက်ချဲ့ထွင်ခဲ့ရတဲ့အတွက် မြန်မာဟာ ယခင်ကကမ္ဘာကြီးထပ်ကျယ်ခဲ့ပေမယ့် ရွာကြီးဖြစ်သွားခဲ့ရတယ်လို့ဆိုရာမှာပါ။

အခုလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေ နောက်ပိုင်းမှာမြန်မာပြည်မှာသုံးစွဲသူသန်းပေါင်းများစွာရှိနေတဲ့တယ်လီနောကုမ္ပဏီက ဈေးကွက်အခြေအနေတွေကြောင့်ထွက်ခွာဖို့ပြင်နေပါပြီ။

မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် နော်ဝေအခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီကြီးတခုဖြစ်တဲ့ Telenor က သိပ်မကြာခင်မှာပဲ နိုင်ငံတွင်းကထွက်ခွာသွားဖို့ပြင်ဆင်နေတယ်လို့Reutersသတင်းဌာနကဖော်ပြထားတာပါ။

နော်ဝေဆက်သွယ်ရေးအော်ပရေတာ Telenorက၎င်း၏မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းစုကိုကိုရောင်းချရန်ရှာဖွေနေတယ်လို့ TMT Finance ကထုတ်ပြန်ခဲ့ တဲ့အချက်အလက်တွေကို ကိုးကားပြီးရေးသားဖော်ပြခဲ့တာပါ။

တယ်လီနော၏ပြောရေးဆိုခွင့်ရှိသူကကုမ္ပဏီအနေဖြင့်ဈေးကွက်ကောလာဟလများကိုမှတ်ချက်ပြုပြောကြားတာမျိုးတော့မရှိသေးပါဘူး။

တယ်လီနောနဲ့မြန်မာနိုင်ငံမှာပိုင်ဆိုင်ထားတဲ့လုပ်ငန်းစုကိုတော့စစ်ကောင်စီနဲ့ပနံသင့်တဲ့တရုတ်နဲ့ရုရှားကုမ္ပဏီအချို့နဲ့မြန်မာနိုင်ငံမှာပဲဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရထားတဲ့အော်ရီဒူးကလဲဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့လဲ reuters ကဖော်ပြပါတယ်။

ဒီကိစ္စတွေနဲ့ပါတ်သတ်ပြီးကုမ္ပဏီဖက်ကပြောရေးဆိုခွင့်ရှိသူတွေကအတိအကျထုတ်ဖော်မပြောပေမယ့် TMT ဘဏ်Financeဘဏ္ဍာရေးအစီရင်ခံစာ၏အသေးစိတ်မှာတိကျကြောင်းReutersသို့အတည်ပြုခဲ့တယ်လို့ဆိုပါတယ်။

တယ်လီနောသည်လူ ဦး ရေ ၅၄ သန်း၏သုံးပုံတစ်ပုံကိုမြန်မာနိုင်ငံတွင်သုံးစွဲသူ ၁၈ သန်းခန့်ရှိပြီး၊ ၎င်းသည် ၂၀၁၄ ခုနှစ်တွင်မြန်မာနိုင်ငံသို့ဝင်ရောက်ခဲ့သည့်အကြီးမားဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနက်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကမြန်မာနိုင်ငံသည်တယ်လီနော၏ဝင်ငွေ ၇% ကိုရရှိခဲ့တယ်လို့ဈေးကွက်သတင်းတွေကဆိုပါတယ်။

ဒီလိုဈေးကွက်အပြိုင်အဆိုင်နဲ့နိုင်ငံခြားကုမ္ပဏီကြီးတွေထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ သိပ်မကြာခင်မှာပဲ ခေတ်ပြောင်း PCO ပုံစံသစ်တခုကို မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ကြုံတွေ့ရဖို့ရှိနေပါပြီ။

RetroArticleNews

MyanmarLabourNews

Ref:Ruters

ပုံစာ – ဆာဘီးယားနိုင်ငံရှိတယ်လီနောဆက်သွယ်ရေးရုံးတခု

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *