သင် သိပြီးပြီလား ခါးနေတဲ့သခွားသီးကို မစားသင့်ဘူးဆိုတာ
သခွားသီးတွေကိုစားတဲ့အခါ ခါးနေတက်သောအကြောင်းအရင်းများနှင့် ခါးနေတဲ့သခွားသီးကိုးစားမိရင် ဖြစ်နိုင်တဲ့ဆိုးကျိုးများ

ဝယ်လာတဲ့ တစ်ချို့ သခွားသီးတွေ က ခါးနေတတ်တာမျိုးနဲ့ ကြုံဖူးကြမှာပါ။တစ်ချို့အသီးတွေဆိုရင် လုံးဝမစားနိုင်လောက်တဲ့ အထိခါးတာမျိုးတွေ ရှိပါတယ်။
မြန်မာရှေးလူကြီးတွေကတော့ မြွေကျော်သီးမို့ ခါးတာ ဆိုပြီး ပြောတတ်ကြပါတယ်။သခွားသီးခါးရတဲ့ အကြောင်းအရင်းနဲ့စားမိရင်ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဗဟုသုတ အဖြစ်ပြန်လည်ဝေမျှပေးချင်ပါတယ်။

Cucurbitacins ဆိုတဲ့ ဒြပ်ပေါင်းကြောင့်ပါ။ပုံမှန်အားဖြင့်တော့ သူ့ကို သခွားပင်ရဲ့သစ်ရွက်၊ ပင်စည်နဲ့ အမြစ်တို့မှာ တွေ့ရတတ်ပါတယ်။
ဒါပေမယ့် Cucurbitacins ဒြပ်ပေါင်းက အသီးဆီကိုပါ ပျံ့နှံ့သွားတာ ကြောင့် ခါးသွားရတာပါ။နောက်တစ်ခုကတော့ ရာသီဥတုပါ။

ပူပြီး ခြောက်သွေ့တဲ့ ရာသီဥတု ကြောင့်လည်း ခါးတတ်ပါတယ်။ရာသီဥတုက အရမ်းပူတော့ လုံလောက်တဲ့ ရေဓါတ်နဲ့ အာဟာရဓါတ်တွေ မရတာကြောင့် ခါးရတာပါ။
ဒါကြောင့် သခွားပင်စိုက်ပျိုးတဲ့ အခါမှာ ရာသီဥတု အရမ်းပူနေရင် တစ်ပတ်တစ်ကြိမ်လောက် ရေလောင်းပေးသင့်ပါတယ်။

မြန်မာမှာတော့ သခွားသီးက သူ့ရာသီစာဆိုရင် ဈေးကြီးတဲ့ အသီးမျိုးထဲမှာ မပါပါဘူး။ဒါကြောင့် ဝယ်လာတဲ့အသီးကခါးနေရင်မစားဖို့အကြံပြုချင်ပါတယ်။
ဘာမှမဟုတ်တာလေးကို နှမြောလိုက်မိရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပိုပြီး ငွေကုန်ကြေးကျ များနိုင်ပါတယ်။

Cucurbitacins ကတော့ အဆိပ်အတောက်ဒြပ်ပေါင်းလို့လည်း ပြောကြပါတယ်။ခါးတဲ့သခွားသီး ကို စားမိရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။
စားမိတဲ့ အခါမျိုးတွေမှာဆိုရင် ဝမ်းလျှောတာ၊ပျို့အန်တာ နဲ့တခြား အူလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးတွေ ဖြစ်ပေါ် တတ်ပါတယ်

Crd