နားကြပ်တံနဲ့ နားသန့်ရှင်းရေးမလုပ်သင့်တဲ့အကြောင်းအရင်း

နားကြပ်တံနဲ့ နားသန့်ရှင်းရေးမလုပ်သင့်တဲ့အကြောင်းအရင်း

မီးခြစ်ဆံရိုးတံ သို့မဟုတ်နားကြပ်တံနဲ့နားသန့်ရှင်းရေးလုပ်တာ မသင့်တော်ကြောင်း ကျန်းမာရေးဆိုင်ရာကျွမ်းကျင်ပညာရှင်အများစု လက်ခံထားကြပါတယ်။

ဒီပစ္စည်းတွေကနားရွက်အတွင်း အနာတရတွေဖြစ်စေနိုင်ပါတယ်။အားအားယားယား နားပေါက်ထဲမီးခြင်းဆံရိုးတံ သို့မဟုတ်နားကြပ်ထိုးတတ်တဲ့အကျင့်ရှိပါက ဒီအချက်တွေကိုလေ့လာဖတ်ရှုသင့်ပါတယ်။

၁။နားဖာချေးမှာ ဘက်တီးရီးယားပိုးသေစေနိုင်တဲ့ဂုဏ်သတ္တိတွေပါဝင်တာ သိပါသလား။ဟုတ်ပါတယ်။နားဖာချေးတွေဟာ ရောဂါကူးစက်မှုတွေကာကွယ်ပေးဖို့ရှိနေခြင်းဖြစ်ပါတယ်။

၂။နားဖာချေးဆိုတာ အင်းဆက်ပိုးနိမ်နင်းပေးတဲ့အရာဆိုတာရော သိပါသလား။နားဖာချေးရှိနေတာ နားရွက်အတွင်းဝင်ရောက်ဖို့ကြိုးစားနေတဲ့ အင်းဆက်ပိုးကောင်တွေကိုကာကွယ်ပေးဖို့ဖြစ်ပါတယ်။

၃။နားဖာချေးကနေ တာဝန်ယူဆောင်ရွက်တဲ့ ကဏ္ဍတစ်ခုရှိပါတယ်။နားပေါက်တွင်းစိုပြေစေခြင်းပါ။နို့မဟုတ်ပါက နားပေါက်တွေခြောက်ကပ်ပြီးယားယံတတ်လို့ဖြစ်ပါတယ်။

၄။နားကြပ်နဲ့ နားသန့်ရှင်းရေးလုပ်တဲ့အခါ ဘာတွေဖြစ်သလဲ။နားစည်ကို ထိခိုက်စေနိုင်ပါတယ်။တချို့ကိစ္စတွေမှာယာယီအကြားအာရုံဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်။ပြီးတော့ အပြင်ဘက်ရှိနားဖာချေးတွေ အတွင်းဘက်သို့ဖိတွန်းခံရပါတယ်။

၅။နားရွက်ပုံမှန်သန့်ရှင်းရေးလုပ်ပါကကောင်းကျိုးထက် အန္တရာယ်ပိုဖြစ်စေပါလိမ့်မယ်။နားရွက်အတွင်းပျက်စီးလွယ်တဲ့ အစိတ်အပိုင်းတွေထိခိုက်စေပြီး ရောဂါကူးစက်မှုလည်းဖြစ်ပွားစေနိုင်ပါတယ်။

နားၾကပ္တံနဲ႕ နားသန္႕ရွင္းေရးမလုပ္သင့္တဲ့အေၾကာင္းအရင္း

မီးျခစ္ဆံ႐ိုးတံ သို႔မဟုတ္နားၾကပ္တံနဲ႔နားသန႔္ရွင္းေရးလုပ္တာ မသင့္ေတာ္ေၾကာင္း က်န္းမာေရးဆိုင္ရာကြၽမ္းက်င္ပညာရွင္အမ်ားစု လက္ခံထားၾကပါတယ္။

ဒီပစၥည္းေတြကနား႐ြက္အတြင္း အနာတရေတြျဖစ္ေစႏိုင္ပါတယ္။အားအားယားယား နားေပါက္ထဲမီးျခင္းဆံ႐ိုးတံ သို႔မဟုတ္နားၾကပ္ထိုးတတ္တဲ့အက်င့္ရွိပါက ဒီအခ်က္ေတြကိုေလ့လာဖတ္ရႈသင့္ပါတယ္။

၁။နားဖာေခ်းမွာ ဘက္တီးရီးယားပိုးေသေစႏိုင္တဲ့ဂုဏ္သတၱိေတြပါဝင္တာ သိပါသလား။ဟုတ္ပါတယ္။နားဖာေခ်းေတြဟာ ေရာဂါကူးစက္မႈေတြကာကြယ္ေပးဖို႔ရွိေနျခင္းျဖစ္ပါတယ္။

၂။နားဖာေခ်းဆိုတာ အင္းဆက္ပိုးနိမ္နင္းေပးတဲ့အရာဆိုတာေရာ သိပါသလား။နားဖာေခ်းရွိေနတာ နား႐ြက္အတြင္းဝင္ေရာက္ဖို႔ႀကိဳးစားေနတဲ့ အင္းဆက္ပိုးေကာင္ေတြကိုကာကြယ္ေပးဖို႔ျဖစ္ပါတယ္။

၃။နားဖာေခ်းကေန တာဝန္ယူေဆာင္႐ြက္တဲ့ က႑တစ္ခုရွိပါတယ္။နားေပါက္တြင္းစိုေျပေစျခင္းပါ။ႏို႔မဟုတ္ပါက နားေပါက္ေတြေျခာက္ကပ္ၿပီးယားယံတတ္လို႔ျဖစ္ပါတယ္။

၄။နားၾကပ္နဲ႔ နားသန႔္ရွင္းေရးလုပ္တဲ့အခါ ဘာေတြျဖစ္သလဲ။နားစည္ကို ထိခိုက္ေစႏိုင္ပါတယ္။တခ်ိဳ႕ကိစၥေတြမွာယာယီအၾကားအာ႐ုံဆုံးရႈံးမႈျဖစ္ေစႏိုင္ပါတယ္။ၿပီးေတာ့ အျပင္ဘက္ရွိနားဖာေခ်းေတြ အတြင္းဘက္သို႔ဖိတြန္းခံရပါတယ္။

၅။နား႐ြက္ပုံမွန္သန႔္ရွင္းေရးလုပ္ပါကေကာင္းက်ိဳးထက္ အႏၲရာယ္ပိုျဖစ္ေစပါလိမ့္မယ္။နား႐ြက္အတြင္းပ်က္စီးလြယ္တဲ့ အစိတ္အပိုင္းေတြထိခိုက္ေစၿပီး ေရာဂါကူးစက္မႈလည္းျဖစ္ပြားေစႏိုင္ပါတယ္။

Ref: Boldsky

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *