ပိန္နဲသီးစေ့မှ ပေးသော ကျန်းမာရေးကောင်းကျိုးများ

ပိန္နဲသီးစေ့မှ ပေးသော ကျန်းမာရေးကောင်းကျိုးများ

ပိန္နဲသီး စားပြီးရင် အစေ့တွေကို လွှင့်ပစ်ခဲ့တာ နောင်တရမိတယ်။ပိန္နဲစေ့ တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း။

ပိန္နဲသီး စားတဲ့အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိကြပါတယ်။ တကယ်တော့ ပိန္နဲစေ့မှာ ပြောမဆုံးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာသိထားပြီး အကျိုးရှိရှိသုံးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

အရေးအကြောင်းများ သက်သာစေခြင်း

ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။မျက်နှာပေါ်က အရေးအကြောင်းရှိတဲ့ နေရာတွေကို ပိန္နဲစေ့အနှစ်နဲ့ သုတ်လိမ်းပေးရင် လေး၊ ငါးပတ်အတွင်း ထူးခြားလာတာတွေ့ရမှာပါ။

အသားအရောင်ကောင်းစေခြင်း

ပိန္နဲစေ့မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို စွန့်ထုတ်စေတဲ့အတွက် အသားအရောင် ကိုလည်း ကောင်းစေပါတယ်။

အမာရွတ်ပျောက်စေခြင်း

အသားအရေအပြစ်အနာအဆာကင်းစေချင်ရင်လည်း ပိန္နဲစေ့က ကူညီပေးနိုင်ပါတယ်။ အခြောက်လှန်းထားတဲ့ ပိန္နဲစေ့အနည်းငယ်ကို နွားနို့နဲ့ ပျားရည်ရော ထားတဲ့အထဲမှာ စိမ်ထားပြီး အနှစ်ရအောင်ကြိတ်ခြေပါ။

အဲဒီအနှစ်ကို မျက်နှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သုတ်လိမ်းပေါင်းတင်ထားပြီး ရေနဲ့ဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးခြင်

ပိန္နဲစေ့ဟာ အသားဓာတ် ကြွယ်ဝသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်သန်စေခြင်း

ပိန္နဲစေ့တွေဟာ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ ဆံသားသန်စွမ်းကျန်းမာဖို့ဆိုတာလည်း သွေးလည်ပတ်မှု ကောင်းတာနဲ့ သက်ဆိုင်တဲ့အတွက် ပိန္နဲစေ့က ဆံပင်အတွက်ပါ အကျိုးပြုပါတယ်။

အစာကြေစေခြင်း

အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုရှိနေရင် အသည်းကိုဒုက္ခပေးနိုင်သလို ဆံပင်ကျွတ်တာတွေ လည်း ဖြစ်စေပါတယ်။

ပိန္နဲစေ့စားပေးရင် အစာကောင်းစွာကြေညက်စေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာပါ ဖြေရှင်း ပြီးသားဖြစ်စေမှာပါ။

ပိန္နဲစေ့ကို အစိမ်းအတိုင်းစားတာအပြင် ပြုတ်စားဟင်းချက် စားနိုင်သလို ပိန္နဲစေ့ကို အခြောက် လှန်းအမှုန့်ပြုလုပ်ပြီး ဟင်းချက်တဲ့အထဲ ထည့်စားနိုင်ပါတယ်။

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *