ရွှေနန်းတော်ပိုင်ရှင် လက်ရှိလူမှုရေးဝန်ကြီးအဖြစ်တာဝန်ယူထားတဲ ဒေါ်သက်သက်ခိုင်ရဲ့ပရောဂျက်ဖြစ်တဲ့ ဆောက်လက်စကွန်ဒိုမှာ ပေါက်ကွဲမှုဖြစ်

ကမ္ဘာအေး ဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်က စစ်ကောင်စီအဖွဲ့ဝင် သက်သက်ခိုင်ရဲ့ပရောဂျက်ဖြစ်တဲ့ 68 Resident ကွန်ဒိုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။
“17.6.2021 ဒီနေ့မနက် ငါးနာရီလောက်မှာ 68 Resident ဘက်က ပေါက်ကွဲသံ အကျယ်ကြီးကို လူတိုင်းကြားလိုက်ကြတယ် ရွှေတောင်ကြားဘက်က လူတွေဆီက အသံတွေထွက်လာတယ်…။

သိပ်စောလွန်းတော့ လမ်းတွေပေါ်လူတွေမရှိဘူး ရုတ်ရုတ်သဲသဲ မဖြစ်ဘူးပေါ့… ဘယ်မှာဖြစ်တယ်တောင် မသိလိုက်ကြဘူး…။ဒါပေမယ့် ပျက်စီးဆုံးရှုံးမှုက သိပ်ကြီးပါတယ် ပေါက်ကွဲအား အင်မတန်ပြင်းထန်ပါတယ်..၊
ကွန်ဒိုရဲ့ ကြံ့ခိုင်မှု အရည်အသွေးကို ထိခိုက်တဲ့အထိ ပြင်းအားရှိပါတယ်…။” လို့ အနီးအနား ဝန်းကျင်မှာနေထိုင်သူတွေကသူတို့ရဲ့လူမှု့ကွန်ယက်စာမျက်နှာတွေပေါ်မှာဖော်ပြကြပါတယ်။

ဒီကွန်ဒိုမှာ တိုက်ခန်းဝယ်မယ့်သူတွေ ဝယ်ထားသူတွေအတွက် စိုးရိမ်စရာရှိတယ်လို့ အင်ဂျင်နီယာတွေကသုံးသပ်ကြပါတယ်..။
ကွန်ဒိုကိုဖြိုချပီး အသစ်ပြန်ဆောက်မှ ရမယ့်အနေအထားအထိ အတွင်းပိုင်းမှာ ပျက်စီးခဲ့ပါတယ်…။



crd; media