အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသော ဆေးဖက်ဝင်အပင်များ၏အစွမ်းပကားများ

အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသော ဆေးဖက်ဝင်အပင်များနှင့် အသုံးဝင်ပုံများ

အသည်းအဆီဖုံးခြင်းသည် ဆယ်စုနှစ်အတွင်း အဖြစ်များသော ရောဂါဖြစ်၏။ ယခင်အသည်းရောဂါမှာ အသားဝါ ရိုးရိုးသာဖြစ်ပြီး( ပထမ)မျက်စိဝါ၊

နောက်ဆုံးဆီးဝါပြီးတိုင်းရင်းဆေးအမှတ်(၁)မက်လင်ချဉ်ဆေး ‌ရှေးဆေးကျမ်းများမှ သေမှပုတိက သလိပ်ပုပ်နိုင်ဆေးနည်းကိုယူထားသောဆေးဖြစ်ပြီး အဓိကမှာ (မက်လင်သီး၊ မက်လင်ခေါက်)တို့ဖြစ်၏။မက်လင်သီးသည် အလွန်ချဉ်ပြီး ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည့် တောဓလေ့သုံး အသီးဖြစ်၏။

မက်လင်သီး၊ မက်လင်ခေါက်တို့သည် အသည်းအတွက်အလွန်ကောင်းပြီး အသည်းရောင်ခြင်း ၊အသားဝါခြင်း၊ဆီးဝါခြင်းတို့ကိုအလျှင်အမြန် ကောင်းစေကြောင်း သိရပါ၏။

(၁၉၉၅)‌နောက်ပိုင်းမှသာ ပိုးကြောင့်ဖြစ်သော အသည်းရောဂါ ၊ အသည်းခြောက်ရောဂါ၊ သည်းအဆီဖုံးရောဂါများ အဖြစ်များလာပြီး သေဆုံးသူများပြားလာ၏။

အောက်ဖော်ပြပါ ဆေးဖက်ဝင်အပင်များသည်

(၁) တစ်နေ့တစ်ခြား ဝြဖိုးလာသူ၊ (၂) အရက်၊ ဘီယာ သောက်သုံးလွန်းသူ၊ (၃) ခန္ဓာကိုယ်တွင်း အဆီဓာတ်များသူ၊(၄) အထိုင်များသူ၊(၅) လမ်းလျောက်နည်းသူ၊(၆) ဇိမ်ယစ်လွန်းသောသူများအတွက် အသည်းအဆီဖုံးရောဂါ အသည်းခြောက်ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သော သဘာဝအပင်များ ဖြစ်ပါ၍ လိုအပ်ပါက တစ်မျိုးမျိုးကို အသုံးပြုကြည့်နိုင်ပါသည်။

ဟင်းဂလာပင်

ထိုအပင်အား ထမင်းလက်တစ်ဆုပ်ခန့်ဖြင့် မြေစဉ့်အိုးတွင် (၃) ရက်ခန့် အချဉ်တည်ပြီး ဟင်းဂလာချဉ်ဖတ်အဖြစ် ငါးဖြင့်ချက်စားခြင်း၊ ငါးပိရည်ဖြင့် တွဲဖက်၍ စားသုံးပါကအရက်နာကျခြင်း၊အသည်းခြောက်ခြင်း၊အသည်းအဆီဖုံးခြင်းများမဖြစ်စေပါ။

ယင်းဟင်းဂလာပင်ကို ပြုတ်သောက်ပါက ဆီးအတွက် အလွန်ကောင်းဧ။်ကျွဲ၊ နွားများ ဆီးချုပ်သောအခါထိုအပင်ကိုခုတ်စဉ်း၍နွားစာတွင်ရောကျွေးရ၏။

( ဆောင်းပါးရှင်ဧ။် အဖိုးတစ်ဝမ်းကွဲတော်သူသည်ညနေခင်းတိုင်းချက်အရက်ဟုခေါ်သောအရက်ဖြူကိုပုံမှန်သောက်ပြီးဟင်းဂလာချဉ်ကိုအမြည်းအဖြစ်နေ့စဉ်စားသုံးခဲ့ရာအသက်(၉၉) နှစ်ကျော် (၁၀၀) အတွင်းရောက်မှကွယ်လွန်သည်ဟုသိရပါ၏။

တောဓလေ့တွင် ချက်အရက်သောက်ပြီး အရက်နာမကျစေရန် ဟင်းဂလာချဉ်ဖတ်ကို ပဲကြီးလှော်နှင့် စားသုံးလေ့ရှိကြောင်းသိရပါ၏

ဆေးမြင်းခွာရွက်

အရွက်သေး၏အရွက်နှင့်အရိုးတွင်အမွှေးနုလေးများပါပြီး ရိုးတံအနီရောင်နှင့်အဖြူရောင်နှစ်မျိုးရှိပြီး ဆေးဖက်ဝင်၏။

ထိုအပင်ကို နွယ်လိုက်နှုတ်ယူ၊ နေရိပ်တွင်လှန်း အပင်ခြောက်သွေ့သွားပါကသံဘူး( သို့ ) ဖန်ပုလင်းတွင်ထည့်။

နေ့စဉ်မတ်ခွက်တစ်ခွက်စာ လက်ဖက်ခြောက်ခပ်သလို ခပ်သောက်ပေးပါက အသည်း အဆီဖုံးခြင်းကို ကျဆင်းစေနိုင်ပြီး ဆီးကောင်း၊ ဆီးရွှင်စေကာ မျက်စိအားကောင်းစေ၏

ဆီးဖြူသီး

မြန်မာဆေးကျမ်းများစွာ၌ပါဝင်ပြီး အနောက်တိုင်း အာဟာရသုတေသီများက ဗီတာမင်စီ အလွန်ကြွယ်ဝသော အသီးဖြစ်သည်ဟု အသိအမှတ်ပြုထားကြ၏ ။၎င်းကို အစိမ်းအတိုင်းစားလျှင် သွေးချုပ်၊ လေချုပ်စေ၏အမျိုးသမီးများရာသီအချိန်အခါတွင် မစားသင့်ပါ။

အသည်း အဆီဖုံးသူအတွက် ဆီးဖြူသီးဆားရည်စိမ် တစ်နေ့တစ်လုံး မျှစားပေးပါ။ ထိုအသီးကို အခြောက်လှန်းပြီး၊ ငါးဟင်း၊ ဝက်သားဟင်းတို့နှင့် ရောချက်စားလျှင် ဟင်းနူးစေပြီး အဆီဓာတ်ကို လျှော့နည်းစေပါသည်။

ရှောက်ရွက်

ရှောက်ရွက်ကို ပါးပါးညှပ်၊ အသုပ်တွင်ရောထည့်စားခြင်း၊ ဟင်းချိုပြုလုပ်သောက်ခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးပါ။

ရှောက်ရည်၊ ရှောက်ရွက်တို့သည် အသည်းအတွက် အလွန်ကောင်းသော ဓာတ်စာဖြစ်ပြီး အချဉ်ဟင်းများ၌ ရှောက်ရည်ထည့်ချက်ခြင်း၊ အကင်များ၌ ရှောက်ရည်ညှစ်စားခြင်းသည် အသည်းအဆီဖုံးခြင်းအတွက် ကာကွယ်ပါ၏

ရဲယိုရွက်

ရဲယိုရွက်သည် နှုတ်ကိုမြိန်စေပြီး လေပူကိုနိုင်သော သတ္တိရှိ၏ အသည်းတွင် အပူအောင်းခြင်း၊ အသည်းခြောက်ခြင်းရောဂါအတွက် ရဲယိုရွက်ကိုတစ်ပတ်လျှင် (၂) ကြိမ်ခန့် စားသုံးပေးလျှင်ကာကွယ်ရာ ရောက်၏ ။

ထို့အပြင် ငါးခူ၊ ငါးဖယ် ၊ ငါးကြင်း ခြစ်များ နှင့် ရောချက်စားခြင်း ဖက်ထုပ်ပြုလုပ်ကြော်စားခြင်း၊ ရေနွေးငွေ့ဖြင့် လည်း ပေါင်းစားပေးနိုင်ပါသည်။

သို့ပါ၍ ( အဖိုးနည်း၊ဝန်ပါ ) ရိုးရာ ဆေးဖက်ဝင် အပင်၊ အသီး၊ အရွက်များကို စားသုံးရင်း ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ပါသည်။

{ ညွှန်း} ဆရာ ကြည်လွင်မြင့်( မုဒြာ) ၏ ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *