သင်မှာ ကျောက်ကပ်ဖြစ်နေပြီဆို ဒါတွေကိုလုံးဝလုံးဝမစားပါနဲ့

သင်မှာ ကျောက်ကပ်ဖြစ်နေပြီဆို ဒါတွေကိုလုံးဝလုံးဝမစားပါနဲ့

ဆီးချိုရဲ့နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ်၊ သွေးတိုးကြောင့်ဖြစ်ဖြစ် ကျောက်ကပ် ထိခိုက်ပျက်စီးနေတယ်။ဒီလို ကျောက်ကပ်ပျက်စီးနေတာကြောင့်အနေအထိုင်အစားအသောက်ဂရုစိုက်ဖို့လိုလာတယ်။

အစားတလုတ်ကြောင့် ကျောက်ကပ်ကို မထိခိုက်စေချင်ဘူး။ ဒါပေမယ့် ဘာတွေရှောင်စားရမှန်းမသိဘူးဆိုတဲ့ သူလေးတွေရှိရင် ဒီဆောင်းပါးလေး ဖတ်ကြည့်နော် ဘာတွေ စားလို့မရဘူးလဲ…..

ကျောက်ကပ်ရောဂါရှိသူတစ်ယောက်အနေနဲ့ ဒီအစားအစာတွေက မစားသင့်ပါဘူး။ အကြောင်းကတော့ ကျောက်ကပ်ပျက်စီးမှုကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။

၁။အရောင်ရင့်တဲ့ ကိုလာ

ကိုလာက အရောင်ရင့်လေလေ ကယ်လ်လိုရီနဲ့သကြားပါဝင်မှုမြင့်သလို phosphorus ပါဝင်မှုလည်းများပါတယ်။ တာရှည်ခံဆေးနဲ့ ဆိုးဆေးတွေလည်းပါဝင်နေပါတယ်။ဒါတွေက စွဲလမ်းစေနိုင်သလို

ခန္ဓာကိုယ်ကလည်း phosphorus ကိုစုပ်ယူနိုင်စွမ်းမြင့်တက်နေတတ်ပါတယ်။ ဒီအခြေအနေက ကျောက်ကပ် နဲ့မသင့်တော်တာကတော့ အမှန်ပါ။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေမယ် အရောင်ရင့်ရင့် ကိုလာတွေကိုရှောင်စေချင်ပါတယ်။

၂။ ထောပတ်သီး

ထောပတ်သီးမှာ အာဟာရပါဝင်မှုမြင့်သလို နှလုံးကျန်းမာစေတဲ့ အဆီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတစ်မျိုးဆိုပေမယ့် ကျောက်ကပ်ရောဂါရှိနေသူတွေအတွက်တော့ မသင့်တော်ပါဘူး။ အကြောင်းကတော့ ထောပတ်သီးက အာဟာရတန်ဖိုးမြင့်သလို ပိုတက်ဆီယမ်ပါဝင်မှုကလည်း မြင့်ပါတယ်။

၃။ဆီသွတ်အစားအစာ

ဆီသွတ်ဗူးတွေက စားရတာအဆင်ပြေတယ်။ မြန်လည်းမြန်တယ်ဆိုပေမယ့် ဆိုဒီယမ်ပါဝင်မှုမြင့်ပါတယ်။ ဒီဆိုဒီယမ်ပါဝင်မှုမြင့်တာကကျန်းမာရေးအတွက်မကောင်းသလို

ကျောက်ကပ်ရောဂါရှိသူတွေအတွက် လုံးဝမသင့်တော်ပါဘူး။ ဒါကြောင့် ဆီသွတ်အစားအစာတွေကို ရှောင်စေချင်ပါတယ်။

၄။ဂျုံကြမ်း ပေါင်မုန့်

ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုပါ။ အာဟာရပြည့်ဝသလို အမျှင်ဓာတ်ပါဝင်မှုလည်း များပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။

ဂျုံကြမ်းပေါင်မုန့်က ဆိုဒီယမ် ပါဝင်မှုမြင့်သလို ပိုတက်ဆီယမ်လည်းတော်တော်လေးပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရှိသူတွေအနေနဲ့ ဂျုံကြမ်း ပေါင်မုန့်အစား၊ ပေါင်မုန့်အဖြူကိုပဲစားပေးပါ။

၅။ဆန်လုံးညို

ဆန်လုံးညိုမှာ ဆန်ဖြူထက် ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုများနေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင် ဆန်လုံးညိုမစားပါနဲ့။

၆။ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုမြင့်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။ ငှက်ပျောသီးအပြင် တရုတ်ဇီးသီး၊ နာနတ်သီးတို့ကလည်း ကျောက်ကပ်ရောဂါရှိသူတွေအတွက် မသင့်တော်ပါဘူး။

၇။နို့ထွက်ပစ္စည်း

နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် နဲ့ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေတာမှန်ပေမယ့် ပရိုတင်းပါဝင်မှုများတာက ကျောက်ကပ်ရောဂါရှိနေသူတွေအတွက် တကယ်ကို မသင့်တော်ပါဘူး။

၈။လိမ္မော်သီး

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝသလို ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေတယ်ဆိုရင် လိမ္မော်သီး မစားပါနဲ့။

၉။ ပြုပြင်ထားတဲ့ အသားတွေ

ပြုပြင်ထားတဲ့အသားတွေမှာ ဆိုဒီယမ်ပါဝင်မှုမြင့်သလို တာရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေ တော်တော်များများပါဝင်နေပါတယ်။ ဒါတွေက ကျန်းမာတဲ့သူတွေအတွက်တောင် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

ဒါကြောင့် ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုရင် ပြုပြင်ထားတဲ့ အသားတွေ မစားပါနဲ့။ဒါတွေအပြင်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ အာလူး၊ ကန်စွန်းဥ၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်လိုမျိုး အသီးခြောက်တွေ၊

အချဉ်စိမ်ထားတဲ့အရာတွေ၊ ဆားရည်စိမ်ထားတဲ့အရာတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် ၊ကြာစွယ်၊မှိုအစို၊ မျှစ်၊ ပဲပင်ပေါက်၊ဝိုင်၊ ငရုတ်သီးဆော့စ်၊ ဒူရင်းသီး၊ငါးသေတ္တာ တို့ကို မစားသင့်ပါဘူး။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *