ဝဋ်ကြွေး၁၉ချက်အကြောင်းသိကောင်းစရာများ

ဝဋ်ကြွေး၁၉ချက်အကြောင်းသိကောင်းစရာများ

၁။ ဒီဘဝမွာ လက်ဝတ်ရတနာများ နှင့် အဝတ်ကောင်းများဝတ်ဆင်နိုင်ခြင်းဟာ အရင်ဘဝက သင်ဟာ ဘုန်းတော်ကြီးများကို သင်္ကန်းကပ်လှုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

၂။ ဘာလို့ ဒီဘဝမွာ အစားအသောက်ကောင်းများဖြင့် နေရပါသလဲဆိုတော့ အရင်ဘဝက မရှိဆင်းရဲသားတွေကို ပေးကမ်းလှုဒါန်းခြင်းကြောင့် ဖြစ်သည်။

၃။ဘာဖြစ်လို့ ဒီဘဝမွာ ဆင်းရဲပြီး အဝတ်ကောင်းတွေ မဝတ်နိုင်ရသလဲဆိုတော့ အရင်ဘဝက သင်ဟာ ကပ်စေးနှဲ ကော်တရာဖြစ်ပြီး အလှုမလုပ်ခြင်းကြောင့် ဖြစ်သည်။

၄။ ဒီဘဝမွာ ကိုယ်ပိုင်တိုက်ကြီး ခြံကြီးများနှင့် နေနိုင်ခြင်းဟာအရင်ဘဝက ဘုန်းကြီးကျောင်းတွေမှာ ဆန်အလှုပေးခြင်းကြောင့် ဖြစ်သည်။

၅။ ဘာလို့ ဒီဘဝမွာ တိုးတက်အောင်မြင်ပြီး ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နေရသလဲဆိုတော့ အရင်ဘဝက ဘုန်းကြီးကျောင်းဆောက်ဖို့ ငွေလှုဒါန်းခြင်းကြောင့် ဖြစ်သည်။

၆။ ဘာလို့ ဒီဘဝမွာ သင်ဟာ လှပကျော့မော့နေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ သင်ဟာ ဘုရားပန်းကပ်လှုခြင်းကြောင့် ဖြစ်သည်။

၇။ ဘာလို့ ဒီဘဝမွာ ပညာရည်မြင့်မားနေရသလဲဆိုတော့ အရင်ဘဝမှာ သင်ဟာ သတ်သတ်လွှတ်စားသည့်အပြင် ဘုရားတရားများနှင့်ပျော်မွေ့နေသူလည်း ဖြစ်သည်။

၈. ဘာလို့ ဒီဘဝမွာ သင်က ချစ်ခင်သူပေါများပြီး သူငယ်ချင်းရောင်းရင်းများနှင့် ပြည့်စုံနေရပါသလဲဆိုရင်တော့ အရင်ဘဝမှာ ကောင်းကျိုးများဖြင့်သာ ကူညီခဲ့ခြင်းကြောင့် ဖြစ်သည်။

၉။ ဘာလို့ ဒီဘဝမွာ မိဆုံဖဆုံဖြင့် နေရသလဲဆိုရင်တော့ အရင်ဘဝမှာရိုသေလေးစားပြီး အကူညီပေးတတ်သူနှင့် ဘက်မလိုက်ခြင်းကြောင့် ဖြစ်သည်။

၁၀။ ဘာလို့ ဒီဘဝမွာ မိဘမဲ့ကလေးဖြစ်နေရသလဲဆိုတော့ အရင်ဘဝက ဌက်ပစ် ၊ ငါးမျှား ၊ တိရိစ္ဆာန် အသိုက်အမြုံများကို ဖြိုချခြင်းကြောင့် ဖြစ်သည်။

၁၁။ ဘာလို့ ဒီဘဝမွာ သက်ရှည်ကျန်းမာနေရသလဲဆိုတော့ အရင်ဘဝမှာ ဌက်လွှတ်၊ ငါးလွှတ် စသည့်သက်ရှိသတ္တဝါလေးတွေကိုလွှတ်ပေးခြင်းကြောင့် ဖြစ်သည်။

၁၂။ ဘာကြောင့် ဒီဘဝမွာအသက်တိုရသလဲဆိုတော့အရင်ဘဝကတိရိစ္ဆာန်များကို သတ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၃။ ဒီဘဝမွာဘာလို့ သူတစ်ပါးရဲ့အခိုင်းစေအဖြစ်နေရပါသလဲဆိုရင်အရင်ဘဝမှာ မရှိဆင်းရဲသားကို နိမ်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၄။ ဘာ့ကြောင့် သင့်မျက်လုံးက ဒီဘဝမွာ လှပနေရသလဲဆိုတော့အရင်ဘဝက ဘုရားမွာ ဆီမီးပူဇော်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၅။ ဘာလို့ ဒီဘဝမွာအသိပညာမဲ့ ၊နားမကြားသူတစ်ယောက် ဖြစ်ရပါသလဲဆိုရင် အရင်ဘဝကမိဘရှေ့တွင် ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၆။ အဘယ့်ကြောင့် ဒီဘဝမွာ အဆိပ်နှင့်ပတ်သက်၍ သေရသလဲဆိုရင် အရင်ဘဝက စမ်းရေ၊ သောက်သုံးရေများကို အဆိပ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၇။ ဘာ့ကြောင့်ဒီဘဝမွာဆွဲကြိုးချပြီ သေဆုံးရပါသလဲဆိုရင် အရင်ဘဝက တိရိစ္ဆာန်များကို ထိုနည်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

၁၈။ အကယ်၍ ဒီဘဝမွာ ခင်ဗျားသူ့ကို သတ်ရင် နောက်ဘဝမှာလည်း သူက ခင်ဗျားကို သတ်ပါလိမ့်မည်။ ဘယ်တော့မှ မဆုံးနိုင်တဲ့ သံသရာဆက်ကွင်းဖြစ်ပါလိမ့်မယ်။

၁၉။ ဒီဘဝမွာ ခင်ဗျားတို့လည်း ဒီသံသရာအကြောင်းတွေ ဆက်ပြီးပြောပြသွားနိုင်မယ် ဆိုရင် နောက်ဘဝမှာ ခင်ဗျားတို့ကောင်းကြောင်းနဲ့ လူတွေရဲ့ ရိုသေလေးစားခြင်းကို ခံရပါလိမ့်မယ်။

မေတ္တာဖြင့်- – #မိုးမခ ( ဧရာ အနောက် )

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *