ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်နေတဲ့အခါပွင့်သွားအောင်လုပ်နိုင်မယ့်အလွယ်ကူဆုံးနည်းလမ်း(၃)သွယ်

ဘေစင်ပိုက်၊ ရေချိုးခန်းပိုက်တွေ ပိတ်နေတဲ့အခါပွင့်သွားအောင်လုပ်နိုင်မယ့်အလွယ်ကူဆုံးနည်းလမ်း(၃)သွယ်

ဘေစင်ပိုက်၊ရေချိုးခန်းပိုက်တွေပိတ်သွားပြီး ရေမစီးပဲအိုင်နေတာမျိုးကအရမ်းစိတ်ညစ်စရာကောင်းသလို၊စိတ်အနှောက်အယှက်လည်း အရမ်းဖြစ်ရပါတယ်နော်။

ဒီပြဿနာတွေကို ကြုံရတဲ့အခါပိုက်ပြင်ဆရာကို မခေါ်ခင်ဒီနည်းလမ်းလေးတွေကိုစမ်းသပ်ကြည့်လိုက်ပါဦး။

လွယ်ကူထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်လို့သင်ကိုယ်တိုင်ပြုလုပ်နိုင်တဲ့နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါရည် ကိုအသုံးပြုနည်း-လိုအပ်သောပစ္စည်းများ မုန့်ဖုတ်ဆိုဒါ၄ဇွန်း ၊ဆား၂ဇွန်း ၊ရှာလကာရည်၁ခွက် လိုအပ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ဆားတို့ကိုသေသေချာချာရောမွှေပြီးပိုက်ထဲကိုလောင်းထည့်လိုက်ပါ။ရှာလကာရည်ကိုပွက်ပွက်ဆူတဲ့အထိအပူပေးပြီးပိုက်ထဲကိုထပ်လောင်လိုက်ပါ။

ပြီးရင်ပိုက်အဝကိုချက်ချင်းတစ်ခုခုနဲ့အုပ်ပြီးဖိထားလိုက်ပါ။နာရီဝက်ကြာတဲ့အခါမှာရေနွေးပူပူလောင်းချလိုက်ပါ။ပိုက်ထဲကဂျီးတွေနဲ့ အစာဟောင်းတွေအကုန်မျောပါသွားပါလိမ့်မယ်။

(၂) Asprin ကို အသုံးပြုနည်း

Asprinဆေးပြား၂ပြားကိုပိုက်ထဲထည့်လိုက်ပါ။ပြီးရင်တော့ရှာလကာရည်တစ်ခွက်လောင်းထည့်လိုက်ပါ။ခဏအကြာမှာရေနွေးဆူဆူကိုလောင်းထည့်လိုက်ပါ။လိုအပ်ရင်ထပ်ခါထပ်ခါပြုလုပ်နိုင်ပါတယ်။

(၃) ဆား ကိုအသုံးပြုနည်း

ဆား၅ဇွန်းလောက်ကိုပိုက်ထဲထည့်လိုက်ပါ။ပီးရင်တော့ရေနွေးဆူဆူကိုလောင်းလိုက်ပါ။ရနွေးပူမလောင်မိဖို့လက်ကိုသတိထားပါ။

လိုအပ်ရင် ထပ်ခါထပ်ခါပြုလုပ်ပေးနိုင်ပါတယ်။အိမ်ရှင်မများအားလုံးအဆင်ပြေစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်ရှင့်။

ခရက်ဒစ် အန်တီမေ

ေဘစင္ပိုက္၊ ေရခ်ိဳးခန္းပိုက္ေတြ ပိတ္ေနတဲ့အခါပြင့္သြားေအာင္လုပ္ႏိုင္မယ့္အလြယ္ကူဆုံးနည္းလမ္း(၃)သြယ္

ေဘစင္ပိုက္၊ေရခ်ိဳးခန္းပိုက္ေတြပိတ္သြားၿပီး ေရမစီးပဲအိုင္ေနတာမ်ိဳးကအရမ္းစိတ္ညစ္စရာေကာင္းသလို၊စိတ္အေႏွာက္အယွက္လည္း အရမ္းျဖစ္ရပါတယ္ေနာ္။

ဒီျပႆနာေတြကို ႀကဳံရတဲ့အခါပိုက္ျပင္ဆရာကို မေခၚခင္ဒီနည္းလမ္းေလးေတြကိုစမ္းသပ္ၾကည့္လိုက္ပါဦး။

လြယ္ကူထိေရာက္တဲ့နည္းလမ္းေလးေတြျဖစ္လို႔သင္ကိုယ္တိုင္ျပဳလုပ္ႏိုင္တဲ့နည္းလမ္းေလးေတြျဖစ္ပါတယ္။

(၁) မုန္႔ဖုတ္ဆိုဒါရည္ ကိုအသုံးျပဳနည္း-လိုအပ္ေသာပစၥည္းမ်ား မုန္႔ဖုတ္ဆိုဒါ၄ဇြန္း ၊ဆား၂ဇြန္း ၊ရွာလကာရည္၁ခြက္ လိုအပ္ပါတယ္။

မုန္႔ဖုတ္ဆိုဒါနဲ႔ဆားတို႔ကိုေသေသခ်ာခ်ာေရာေမႊၿပီးပိုက္ထဲကိုေလာင္းထည့္လိုက္ပါ။ရွာလကာရည္ကိုပြက္ပြက္ဆူတဲ့အထိအပူေပးၿပီးပိုက္ထဲကိုထပ္ေလာင္လိုက္ပါ။

ၿပီးရင္ပိုက္အဝကိုခ်က္ခ်င္းတစ္ခုခုနဲ႔အုပ္ၿပီးဖိထားလိုက္ပါ။နာရီဝက္ၾကာတဲ့အခါမွာေရေႏြးပူပူေလာင္းခ်လိုက္ပါ။ပိုက္ထဲကဂ်ီးေတြနဲ႔ အစာေဟာင္းေတြအကုန္ေမ်ာပါသြားပါလိမ့္မယ္။

(၂) Asprin ကို အသုံးျပဳနည္း

Asprinေဆးျပား၂ျပားကိုပိုက္ထဲထည့္လိုက္ပါ။ၿပီးရင္ေတာ့ရွာလကာရည္တစ္ခြက္ေလာင္းထည့္လိုက္ပါ။ခဏအၾကာမွာေရေႏြးဆူဆူကိုေလာင္းထည့္လိုက္ပါ။လိုအပ္ရင္ထပ္ခါထပ္ခါျပဳလုပ္ႏိုင္ပါတယ္။

(၃) ဆား ကိုအသုံးျပဳနည္း

ဆား၅ဇြန္းေလာက္ကိုပိုက္ထဲထည့္လိုက္ပါ။ပီးရင္ေတာ့ေရေႏြးဆူဆူကိုေလာင္းလိုက္ပါ။ရေႏြးပူမေလာင္မိဖို႔လက္ကိုသတိထားပါ။

လိုအပ္ရင္ ထပ္ခါထပ္ခါျပဳလုပ္ေပးႏိုင္ပါတယ္။အိမ္ရွင္မမ်ားအားလုံးအဆင္ေျပေစဖို႔အတြက္ မွ်ေ၀ေပးလိုက္ပါတယ္ရွင့္။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *