Ghost Rider ရုပ်ရှင်ဇာတ်ကားထဲကလိုမျိုး ဆိုင်ကယ်ကိုမီးရှို့ပြီးလက်တွေ့ မောင်းနှင်ပြခဲ့တဲ့အမျိုးသား
၂၀၀၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရုပ် ရှင် ဇာတ်ကား တစ်ခုဖြစ်တဲ့ Gost Rider ရုပ်ရှင် ဇာတ်ကားကိုတော့ပရိတ်သတ်ကြီး တို့ ကြည့်ဖူးကြမှာပါနော်။

အိန္ဒိယနိုင်ငံရှိ Mr. India Hacker အမည်ရှိ YouTuber အမျိုးသား တစ်ဦးကတော့ Ghost Rider ရုပ်ရှင် ဇာတ်ကားကိုအတုခိုးကာမကြောက်မလန့်နဲ့ သူ့ရဲမော်တော် ဆိုင်ကယ်အား တမင်မီးလောင်အောင်လုပ်ခဲ့ပါတယ်နော်။
ဒီဗီဒီယိုဟာ တင်ကာစ က likes ၅၀၀,၀၀၀ ကျော် ရ ရှိခဲ့ပြီး ခုလက်ရှိ မှာဆိုရင် like 10 M ထိ ရရှိနေပေမဲ့ လည်းအန္တရာယ်များတဲ့သူတို့ ရဲ့လုပ်ရပ်တွေကိုမကြိုက်တဲ့လူအရေအတွက်ကလည်းစတင်တုန်းက ၁၆၀၀၀ ကျော်သာရှိခဲ့ပေမဲ့ယခုဆို ၃၅,၀၀၀ ထိတိုးများလာခဲ့ ပါတယ်နော်။

ဒီ YouTuber ရဲ့ လှုပ်ရှားမှုဟာ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့သော Ghost Rider ရုပ်ရှင်ဇာတ်ကားထဲက Nicholas အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ်ဇာတ်ကောင်ကို ပြန်လည်တုပထားတာပါတဲ့။
Nicholas ဟာ လူ့ အရိုးစု တစ်စုရဲ့ပုံ သဏ္ဍာန်နဲ့ မီးလောင်နေတဲ့ ခန္ဓာကိုယ်နဲ့ မီးလောင်နေတဲ့ ဂန္ထဝင်မော်တော် ဆိုင်ကယ်ကို စီးနင်းခဲ့တာပါ။

Mr. Indian Hacker ကတန်ဖိုးကြီးပေးရလောက်မယ့်သူ့ရဲ့ Pulsar 220 မော်တော်ဆိုင် ကယ်ရဲ့ဘီးတာယာကိုအဝတ်စနဲ့ပတ်ပြီးအဝတ်စကိုဓာတ်ဆီတွေ လောင်းချပစ်ခဲ့ပါတယ်နော်။
သူဆိုင်ကယ် မောင်းနေစဉ်တွင်း Ghost Rider ရုပ်ရှင်ဇာတ်ကားမှာတွေ့ရတဲ့အတိုင်းတကယ်လဲသူ့ရဲ့ဆိုင်ကယ်ဘီးမှာ မီးတွေတဟုန်းဟုန်းတောက်လောင်နေတာပါ။

Mr. Indian Hacker ဟာသူ့ရဲ့ဗီဒီယိုဟာ ဖျော်ဖြေဖို့သက်သက်သာရည်ရွယ်ပြီး ဒီဗီဒီယို လုပ်ဆောင်မှုအားလုံးကလုံ ခြုံ စိတ်ချရတဲ့ နေရာ၊ ပြီးပြည့်စုံတဲ့ စက်ကိရိယာ တွေနဲ့သာ ပြုလုပ်ထား ကြောင်းသတိပေးခဲ့ပါတယ်နော်။
Mr. Indian Hacker ကအိမ်၊ ကျောင်း ဒါမှမဟုတ်အခြားဘယ်နေရာမှာမဆိုသူ့လိုမျိုး Ghost Rider ကိုလိုက်မတုပဖို့ကိုလဲလူအများကို တောင်းဆို ခဲ့ပါသေးတာပါ။

ဒီဗီဒီယို ရိုက်ကူးနေတုန်း ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ Mr. Indian Hacker ကထပ်မံပြီး ဖြေကြားခဲ့ပါသေးတယ်နော်။
Mia (Mckzone Daily)



crd ;Mia (Mckzone Daily)