ပြည်ပသွင်းကုန် ဆပ်ပြာနှင့် ဆပ်ပြာမှုန့်တင်သွင်းမှုရပ်ဆိုင်းရခြင်း၏နောက်ကွယ်ကအဓိကအကြောင်း

ပြည်ပသွင်းကုန် ဆပ်ပြာနှင့် ဆပ်ပြာမှုန့်တင်သွင်းမှုရပ်ဆိုင်းရခြင်း၏နောက်ကွယ်ကအဓိကအကြောင်း

စစ်တပ်ပိုင် ဆပ်ပြာစက်ရုံကိုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ကြည့်ရှုပြီးနောက် ထိုင်း- မြန်မာ နယ်စပ်ကနေ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေ မြန်မာနိုင်ငံအတွင်း တရားဝင် တင်သွင်းခွင့် ရပ်ဆိုင်းလိုက်ပါတယ်။

နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေးနဲ့ ပြည်တွင်း SME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေ ဈေးကွက်ယှဉ်ပြိုင်မှုမှ အကာအကွယ်ပေးနိုင်ရေးအတွက် နယ်စပ်မှ (ITC) ကတ်နဲ့ တင်သွင်းခွင့် ပြုထားတဲ့သွင်းကုန်ပစ္စည်းတွေအထဲက

ဆပ်ပြာ၊ ဆပ်ပြာမှုန့်နဲ့ သွားတိုက်ဆေးတွေကို ဇွန်လ ၄ ရက်ကစပြီး တင်သွင်းခွင့်ရပ်ဆိုင်းထားဖို့ စီးပွားကူးသန်းဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးဦးစီးဌာန မြဝတီကုန်သွယ်ရေးဇုန်တာဝန်ရှိသူက အကောက်ခွန်ဌာနထံ ညွှန်ကြားစာ ပေးပို့ထားတာပါ။

ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ

မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက်ပိုင် ပဒုမ္မာဆပ်ပြာစက်ရုံကို ဇွန် ၁ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက်ခုလိုဆပ်ပြာ ပြည်ပမှ တင်သွင်းတာကို ပိတ်ပင်လိုက်တာပါ။

စစ်ခေါင်းဆောင်က “ပြည်တွင်းဆပ်ပြာလိုအပ်ချက်များအား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး ပြည်ပသွင်းကုန်အစားထိုး ဆောင်ရွက်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊

ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ကောင်းမွန်ရမည်ဆိုသည့်အတိုင်း ပြည်သူများ ပစ္စည်းအရည်အသွေး ကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးဆောင်ရွက်ပေးနိုင်ရန်လိုအပ်ကြောင်း” စသဖြင့် မှာကြားသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

မြန်မာပြည်သူလူထုကတော့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေက ထုတ်လုပ် တင်သွင်းတဲ့ ဆပ်ပြာနဲ့ ဆပ်ပြာမှုန့်တွေကိုသာ အဓိက ဝယ်ယူသုံးစွဲနေတာ ဖြစ်ပါတယ်။

ျပည္ပသြင္းကုန္ ဆပ္ျပာႏွင့္ ဆပ္ျပာမႈန္႕တင္သြင္းမႈရပ္ဆိုင္းရျခင္း၏ေနာက္ကြယ္ကအဓိကအေၾကာင္း

စစ္တပ္ပိုင္ ဆပ္ျပာစက္႐ုံကိုစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သြားေရာက္ၾကည့္ရႈၿပီးေနာက္ ထိုင္း- ျမန္မာ နယ္စပ္ကေန ဆပ္ျပာနဲ႔ ဆပ္ျပာမႈန႔္ေတြ ျမန္မာႏိုင္ငံအတြင္း တရားဝင္ တင္သြင္းခြင့္ ရပ္ဆိုင္းလိုက္ပါတယ္။

ႏိုင္ငံျခားသုံးေငြ ေလွ်ာ့ခ်ႏိုင္ေရးနဲ႔ ျပည္တြင္း SME လုပ္ငန္းေတြရဲ႕ ထုတ္ကုန္ေတြ ေဈးကြက္ယွဥ္ၿပိဳင္မႈမွ အကာအကြယ္ေပးႏိုင္ေရးအတြက္ နယ္စပ္မွ (ITC) ကတ္နဲ႔ တင္သြင္းခြင့္ ျပဳထားတဲ့သြင္းကုန္ပစၥည္းေတြအထဲက

ဆပ္ျပာ၊ ဆပ္ျပာမႈန႔္နဲ႔ သြားတိုက္ေဆးေတြကို ဇြန္လ ၄ ရက္ကစၿပီး တင္သြင္းခြင့္ရပ္ဆိုင္းထားဖို႔ စီးပြားကူးသန္းဝန္ႀကီးဌာနလက္ေအာက္ရွိ ကုန္သြယ္ေရးဦးစီးဌာန ျမဝတီကုန္သြယ္ေရးဇုန္တာဝန္ရွိသူက အေကာက္ခြန္ဌာနထံ ၫႊန္ၾကားစာ ေပးပို႔ထားတာပါ။

ဇြန္လ ၃ ရက္ေန႔က က်င္းပတဲ့ အစည္းအေဝးဆုံးျဖတ္ခ်က္အရ အခုလို ရပ္ဆိုင္းလိုက္တာ ျဖစ္ၿပီး စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်း႐ြာရွိ

ျမန္မာ့စီးပြားေရးဦးပိုင္ ကုမၸဏီလီမိတက္ပိုင္ ပဒုမၼာဆပ္ျပာစက္႐ုံကို ဇြန္ ၁ ရက္ေန႔က သြားေရာက္ၾကည့္ရႈစစ္ေဆးၿပီးေနာက္ခုလိုဆပ္ျပာ ျပည္ပမွ တင္သြင္းတာကို ပိတ္ပင္လိုက္တာပါ။

စစ္ေခါင္းေဆာင္က “ျပည္တြင္းဆပ္ျပာလိုအပ္ခ်က္မ်ားအား အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေဆာင္႐ြက္ၿပီး ျပည္ပသြင္းကုန္အစားထိုး ေဆာင္႐ြက္ရန္လိုေၾကာင္း၊ ပစၥည္းခ်င္းတူပါက ေဈးသက္သာရမည္၊

ေဈးႏႈန္းခ်င္းတူပါက ပစၥည္းအရည္အေသြး ေကာင္းမြန္ရမည္ဆိုသည့္အတိုင္း ျပည္သူမ်ား ပစၥည္းအရည္အေသြး ေကာင္းမြန္ၿပီး ေဈးႏႈန္းသက္သာစြာျဖင့္ ဝယ္ယူအသုံးျပဳႏိုင္ေရးေဆာင္႐ြက္ေပးႏိုင္ရန္လိုအပ္ေၾကာင္း” စသျဖင့္ မွာၾကားသြားတယ္လို႔ စစ္ေကာင္စီက သတင္းထုတ္ထားပါတယ္။

ျမန္မာျပည္သူလူထုကေတာ့ ထိုင္းႏိုင္ငံအပါအဝင္ ျပည္ပႏိုင္ငံေတြက ထုတ္လုပ္ တင္သြင္းတဲ့ ဆပ္ျပာနဲ႔ ဆပ္ျပာမႈန႔္ေတြကိုသာ အဓိက ဝယ္ယူသုံးစြဲေနတာ ျဖစ္ပါတယ္။

ဓာတ်ပုံ- CINCDS

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *