ကြယ်သီးဓါတ်ခဲ( ခေါ် )လီသီယမ်ဓါတ်ခဲ၏ကြီးမာသောအန္တရာယ်

ကြယ်သီးဓါတ်ခဲ( ခေါ် )လီသီယမ်ဓါတ်ခဲ၏ကြီးမာသောအန္တရာယ်

ကလေးရှိတဲ့မေမေတွေ သတိထားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်..

အင်္ဂလန်နိုင်ငံ Basingstoke မှအသက် ၂ နှစ်အရွယ် Francesca Asan ဟာအံဆွဲကိုဖွင့်ပြီးအဖေသေချာသိမ်းထားတဲ့ ကြယ်သီးဓါတ်ခဲ ခေါ် လီသီယမ်ဓါတ်ခဲကိုမြိုချခဲ့တယ်။

ဒီအဖြစ်ကို အိမ်သားများလုံးဝမသိခဲ့ကြဘူး။ကလေးဟာ ရက်အနည်းငယ်အတွင်းနေမကောင်းဖြစ်နေတာ ၃ ကြိမ်ရှိနေပြီ။

ဒါကြောင့် GP ဆေးခန်းသွားပြတော့ ဆရာဝန် က ကြမ်းပိုးကိုက်သလား? အစာအဆိပ်သင့်သလား? တစ်ခုခုပဲအခြေအနေမကောင်းရင်ပြန်လာပါ လို့ဆိုတယ်။

ကလေးဟာ အစာစားဖို့ငြင်းဆန်နေသလိုချေးမည်းများလည်းသွားတယ်။ပါးစပ်ကိုလည်း လက်ညှိုးညွှန်ပြပြီးနာကြင်ကြောင်းပြောတယ်။

ဒါကြောင့် မိဘများက ကလေးကိုသွားဆေးခန်းခေါ်သွားပြန်တယ်။သွားဆေးခန်းမှာ နာကြင်ကြောင်းဆိုပြန်လို့သွားဆရာဝန်က သွားနဲ့ခံတွင်းမှာ တစ်ခုခုဖြစ်နေတာ လို့ဆိုတယ်။

သွားဆေးခန်းမှအပြန် ကလေးဟာအဖေ့လက်ထဲမှာပဲ ပျော့ခွေကျပြီးချေးများလည်းထွက်ကျလာလို့ ဆေးရုံကိုအမြန်ခေါ်သွားကြတယ်။ဆရာဝန်များ ကလေးရဲ့ပါးစပ်ထဲပိုက်ထည့်လိုက်တာသွေးပုပ်များထွက်ကျလာတယ်။

သိပ်မကြာခင်မှာပဲ ချစ်တဲ့မိဘများကိုစွန့်ခွါသွားပါတော့တယ်။ဒီအဖြစ်အပျက်အားလုံးဟာ တစ်ပါတ်ပဲကြာပါတယ်။

သေဆုံးပြီး ရင်ခွဲစစ်ဆေးလိုက်တဲ့အခါကလေးရဲ့ကိုယ်တွင်းအနှံ့ နဲ့ အစာအိမ်ထဲမှာသွေးခဲတွေပိတ်နေတာတွေ့ရတယ်။အစာပြွန်ထဲမှာတော့ ပျက်စီးပေါက်ထွက်နေတဲ့၂ စင်တီမီတာအရွယ် ၃ ဗို့လီသီယမ်ဘက်ထရီတစ်လုံးတွေ့ရတယ်။

ဘက်ထရီဟာ ပေါက်ပြီးခန္ဓာကိုယ်အနှံ့ သွေးကြောမှတစ်ဆင့်ပြန့်နှံ့သွားကာကိုယ်တွင်းနေရာစုံမှာသွေးခဲတွေပိတ်ကုန်တာလို့ဆိုတယ်။

.ကြယ်သီးဓါတ်ခဲ သို့မဟုတ် လီသီယမ်ဓါတ်ခဲကိုကလေးရှိတဲ့အိမ်တိုင်းမှာ မရှိအောင် မထားတာအကောင်းဆုံးပါ။ဒီဓါတ်ခဲဟာ ကလေးတွေကိုအမြင်အားဖြင့်ဆွဲဆောင်ပြီးကောက်ယူကာ ပါးစပ်ထဲထည့်နိုင်တဲ့အလားအလာရှိတယ်။

မိဘတိုင်းဟာလည်း လီသီယမ်ဓါတ်ခဲရဲ့အန္တရာယ်နဲ့နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေကိုသေချာသဘောပေါက်နားလည်ထားသင့်တယ်။(အချို့ နာရီဓါတ်ခဲလို့သိကြတယ်။)

Crd’ Ko Ko

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *