အကယ်ဒမီခန့်စည်သူကိုဥက္ကဌအဖြစ်ခန့်အပ်ခဲ့အကြောင်းပြောပြလာတဲ့ ဦးဝင်းမြိုင်

မင်္ဂလာပါပရိတ်သတ်ကြီးရေမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ်ရွေးချယ်ခန့်အပ်ခြင်းခံလိုက်ရတဲ့အကယ်ဒမီခန့်စည်သူဖက်ကနေကာကွယ်ပြောဆိုပေးလို့ပရိတ်သတ်တွေရဲ့ဝေဖန်မှု့တွေကိုခံနေရသူကတော့ဦးဝင်းမြိုင်ပဲဖြစ်ပါတယ်နော်။

၂၀၁၉ခုနှစ်မှစတင်ကာမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့တာဝန်ယူဆောင်ရွက်ခဲ့တဲ့ဒါရိုက်တာဦးညီညီထွန်းလွင်ဟာကျန် းမာရေးချို့ယွင်းမှုကြောင့်ရာထူးတာဝန်မှနှုတ်ထွက်သွားခဲ့ပြီးနောက်မှာတော့

လစ်လပ်နေတဲ့အစည်းအရုံးဥက္ကဌရာထူးကိုမင်းသားခန့်စည်သူကို ခန့်အပ်ကြောင်းမြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးကဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ခန့်စည်သူကယခင်တည်းကရုပ်ရှင်အစည်းအရုံးရဲ့အမှုဆောင်တစ်ဦးအနေနဲ့ဆောင်ရွက်နေသူလည်းဖြစ်ကာသီရိသုဓမ္မမဏိဇောတဓရဘွဲ့ကိုရရှိထားတဲ့မင်းသားကြီးတစ်ဦးလည်းဖြစ်ပါတယ်။

ခန့်စည်သူကအနုပညာလောကမှာလည်းနှစ်ပေါင်းအတော်ကြာ ရပ်တည်နေတဲ့ဝါရင့်မင်းသားကြီးတစ်ယောက်လည်းဖြစ်သလို ပရဟိတအလုပ်တွေကိုလည်းတတ်အားသ‌ရွေ့လုပ်နေ‌တဲ့သူတစ်ယောက်အဖြစ်အားလုံးသိထားပြီးသားဖြစ်ပါတယ်။

အခုတစ်လောအလှူအတန်းတွေအရမ်းလုပ်ပြနေပြီးပြည်သူတွေရဲ့ မေတ္တာကိုရယူဖို့ကြိုးစားနေတာဒီအတွက်ကြောင့်များပါမလားဆိုတာစဉ်းစားစရာပါပဲ။

လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပက်သက်ပြီးမသိချင်ယောင်ဆောင်နေခဲ့လို့ခန့်စည်သူကပရိသတ်တွေရဲ့ဝေဖန်မှုကိုခံနေရတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာရှင်တွေအတော်များများ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရသလိုအနုပညာရှင်အချို့လည်းဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေမှာ ရုပ်ရှင်အစည်းအရုံးအနေနဲ့ခန့်စည်သူကိုအမှုဆောင်အားလုံးရဲ့ရွေးချယ်မှုနဲ့ဥက္ကဌခန့်အပ်ခြင်းဖြစ်တယ်လို့ကြေငြာလာခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီးဝါရင့်သရုပ်ဆောင်ဦးဝင်းမြိုင်ကအခုလိုခန့်စည်သူဖက်ကနေကာကွယ်ပြောဆိုထားခဲ့ပါသေးတယ်။“လူရိုသေရှင်ရိုသေImageကောင်းတဲ့လူတဲ့လူကိုရှာရတာမို့ခန့်စည်သူကိုဥက္ကဌအဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်”ဆိုပြီးပြောထားတာဖြစ်ပါတယ်။

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit Original writer

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *