အသားငါးနှင့် အသီးအရွက်များကို ကြာရှည်ခံအောင် သိမ်းဆည်းနည်း

အသားငါးနှင့် အသီးအရွက်များကို ကြာရှည်ခံအောင် သိမ်းဆည်းနည်း

ဈေးခဏခဏမသွားနိုင်တဲ့ကာလမှာ အသားငါး အသီးအရွက်အစုံ ရေခဲသေတ္တာထဲအထားခံအောင် သိမ်းဆည်းနိုင်မယ့် အသုံးဝင် မီးဖိုချောင်နည်းလမ်းလေးတွေပါ။

အသားဆို ဆားနနွင်းနယ်ပြီး ကော်ဘူးထဲထည့်သိမ်းလို့ရပါတယ် (ကြက် ဝက် အမဲသား ဘဲသား အသားစုံထိုနည်းအတိုင်းပါ)။ ပုစွန်ဆို ကိုင်ပြီး ဆားနဲ့လှော်ကာဘူးထဲထည့်သိမ်းလို့ရပါတယ် ။

ကျက်နေအောင်ပြုပ်ပြီး ဆီအနည်းငယ်နဲ့ ကြော်ပြီးလည်း သိမ်းနိုင်ပါတယ်။ငါးမွှေဖို့ဆို ငါးကို ငံပြာရည်နဲ့မာမာလေးပြုပ်ပြီး အသားနွှင် ဘူးထဲထည့်သိမ်းလို့ရပါတယ် ။

ကင်းမွန်ကိုတော့ သေချာကိုင်ပြီး ရေနွေးနဲ့ခနပြုပ်ပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။ငါးဖယ်ကိုတော့ ချက်မှာဆို မပျော့မမာလေးကြော်ထားပြီး ဘူးထဲထည့်သိမ်းနိုင်ပါတယ်။

ငါးဖယ်အစိမ်းချက်ဆိုရင်တော့ ရေနွေးဆူထဲ ဆားနည်း၂ထည့် လက်လေးနဲ့ အနေတော်လုံးပြီး ၃မိနစ်လောက်ပြုပ်ပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်။ကင်းပွန်းချဉ်ရွက်ကိုတော့ သေချာနယ်ဖတ်ဆေးပြီးရေနွေးအိုးဆူထဲခနပြုတ်ပြီးဘူးထဲထည့်သိမ်းလို့ရပါတယ်။

ကန်စွန်းရွက်ကိုတော့ ရင့်တာတွေဖယ်ပြီး စားမယ့်အနုတွေချည်းကို သတင်းစာနဲ့ပတ်ပြီး သိမ်းနိုင်ပါတယ်။ကန်စွန်းရိုးနီကိုတော့ ရေနွေးဆူထဲ ခနထည့်ပြုတ်ပြီး ကော်ဘူးထဲ သိမ်းနိုင်ပါတယ်။

ဂေါ်ရခါးသီးကိုတော့ သတင်းစာနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။ချဉ်ပေါင်ရွက်တွေကိုတော့ ချွေရေစင်အောင်ဆေးပြီးအိုးထဲထည့်ကျိုပြီး ဘူးထဲထည့်ကာသိမ်းနိုင်ပါတယ်။မုန်လာဥနီကိုတော့ သတင်းစာနဲ့ ၂ထပ်လောက်ပတ်ပြီး သိမ်းနိုင်ပါတယ်။

မုန်လာဥကိုတော့ ရေနွေးဆူထဲ ခနထည့်ပြီး နည်း၂နူးရင် ဘူးထဲထည့်သိမ်းနိုင်ပါတယ်။မုန်ညင်းကိုတော့ တလွှာချင်းစီခွာပြီး သတင်းစာနဲ့တဖတ်ချင်းစီပတ်ပြီးသိမ်းနိုင်ပါတယ်။မျှစ်ကိုတော့ ရေစင်အောင်ဆေး တနာရီလောက်ပြုပ်ရေစစ်ပြီးအဖတ်တွေကို အိတ်လေးတွေနဲ့ထုပ်ပြီးအခဲကန့်မှာထည့်သိမ်းနိုင်ပါတယ်။

ပဲပင်ပေါက်ကိုတော့ ရေစင်အောင်ဆေးပြီး ရေနွေးနဲ့ခနပြုပ် အခဲကန့်ထဲ တခါချက်စာ အိတ်လေးတွေနဲ့ထည့်ပြီး သိမ်းနိုင်ပါတယ် ။ပဲပြားကိုတော့ ရေစင်အောင်ဆေး ၃မိနစ်လောက်ပြုပ်ပြီးဆယ်ကာ ဘူးထဲပဲပြားတုံး ရေမြုပ်တဲ့ထိစိမ်ပြီး သိမ်းနိုင်ပါတယ်။

ဇရစ်ရိုးကိုတော့ အမျှင်တွေဖယ်သင်ပြီး ရေဆေးပြီးရေနွေးဖျောကာအခဲကန့်ထဲမှ။ ဂေါ်ဖီထုပ်ကိုတော့ ရိတာတွေ ပိုးကိုက်တာတွေကို ဓားနဲ့သင်ပြီးမှ သတင်းစာနဲ့ ၃ထပ်လောက်လုံနေအောင်ပတ်ပြီးသိမ်းနိုင်ပါတယ်။

အချိန်ရရင် တဖတ်ချင်းစီခွာပြီး သတင်းစာနဲ့ပတ်ပြီးလည်း သိမ်းနိုင်ပါတယ်။နံနံပင်ကိုတော့ အမြစ်တွေဖယ် မသန့်တာတွေရွေးဖယ်ပြီး သတင်းစာနဲ့လုံအောင်ပတ်ပြီးအိတ်ထဲထည့်ကာသိမ်းနိုင်ပါတယ်။

ငြုပ်သီးစိမ်းကိုတော့ ရေစင်အောင်ဆေး အညာချွေပြီး ရေနွေးဆူထဲ ၅မိနစ်လောက်ပြုပ်ပြီးဆယ်ကာဘူးထဲထည့်ကာသိမ်းနိုင်ပါတယ်။ ပြုတ်မထားဘဲအစိမ်းထားချင်သူကဘူးအောက်ခြေမှာသတင်းစာလေးခံပြီးအညာချွေထားတဲ့ငြုပ်သီးလေးတွေကို ရေစင်အောင်သုတ်ဖြန့်ထားကာထားနိုင်ပါတယ်။

ဂေါ်ဖီပန်းပွင့်ကိုတော့ မကောင်းတာတွေဓားနဲ့ရှပ်ပြီး လက်တဆုပ်စာလေးတွေသင်ပြီး သတင်းစာလေးနဲ့ပတ်ကာ သိမ်းနိုင်ပါတယ်။ခရမ်းချဉ်သီးကိုတော့ ရေစင်အောင်ဆေး ရေနွေးဆူထဲထည့်အနှစ်ရတဲ့ထိမွှေပြီးအနှစ်ပျစ်လာတဲ့အခါအခါဆယ်ပြီးဘူးထဲထည့် သိမ်းနိုင်ပါတယ်။

ခရမ်းသီးကိုတော့ ရေစင်အောင်ဆေးပြီး သေချာခြောက်နေအောင် ပြန်သုတ်ပြီးတလုံးချင်းစီသတင်းစာနဲ့ပတ်ပြီးသိမ်းနိုင်ပါတယ်။သံပရာသီးကိုတော့ ရေဆေးပြီး ဇကာပေါက်ပါတဲ့ခြင်းထဲထည့်ကာ သိမ်းနိုင်ပါတယ်။

သံပရာသီးခြောက်မှာစိုးရင်တော့ အလုံးလိုက်အရည်တွေ ညစ်ယူပြီး ဖန်ပုလင်းအသန့်ထဲ ထည့်ကာ သိမ်းနိုင်ပါတယ်။ကြက်ဥဘဲဥကိုတော့ ရေစင်အောင်ဆပ်ပြာနဲ့ဆေးပြီး ကတ် သို့မဟုတ် ဇကာပေါက်ပါတဲ့ ကော်ခြင်းထဲထည့်ကာသိမ်းနိုင်ပါတယ်။

အသီးအနှံတွေကိုတော့ ရေဆေးပြီး ရေစင်အောင်ပြန်သုတ်ပြီး သတင်းစာလေးတွေနဲ့ တလုံးချင်းစီပတ်ကာ သိမ်းဆည်းနိုင်ပါတယ်။

ဆီခနခနသတ်အဖြူအနီတွေမထုထောင်းချင်ဖူးဆိုရင်တော့ဂျင်းကြက်သွန်ဖြူနီကိုများများနွှာပြီးထုထောင်းဆီသတ်နွမ်းတဲ့အခါအရောင်တင်မှုန့်ထည့်ပြီး ဟင်းချက်နှစ်ကို စတီးချိုင့်ထဲထည့်ကာ သိမ်းနိုင်ပါတယ်။

ရေခဲသေတ္တာထဲ မထည့်သင့်တဲ့ အသီးကတော့ ငှက်ပျောသီးပါ အမှည့်ကြာစေတာမို့ အပြင်မှာဘဲထားစားပါ။ ပေါင်မုန့်ကိုလည်းမထည့်သင့်ပါဖူး အစိုဓာတ်ကိုခြောက်သွေ့စေပြီး ပေါင်မုန့်သားမာဆတ်၂ ဖြစ်စေလို့ပါ။

ကြက်သွန်ဖြူနီတွေကိုလည်းနွှာပြီး ရေခဲသေတ္တာထဲ ဒီတိုင်းမထည့်သင့်ပါဘူး။အနံ့တွေနံတတ်လို့ပါ ။သိမ်းချင်ရင်နွှာပြီး ရေစင်အောင်ဆေးပြီး ဘူးထဲထည့်သိမ်းလို့ရပါတယ်ရှင့်

Credit photos

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *