ခန္ဓာကိုယ်မှ ချွေးနံ့မနံအောင်ရေချိုးနည်းလေးမျှဝေပေးလိုက်ပါတယ်..
ချွေးနံမနံအောင် ရေချိုးရင်ဆားပွတ်ချိုးပါ.. ရေချိုးတဲ့အခါရေလောင်းပြီး အိမ်သုံးဆားနဲ့ခြေဖဝါးကစပြီးတစ်ကိုယ်လုံးကို ဆားနဲ့ရွရွလေးပွတ်ပေးပါ။ချိုင်းနှစ်ဖက်လုံးကို လည်းပွတ်ပေးပါ။

အဲလိုပွတ်ပေးတာက မွှေးညှင်းပေါက်တွေမှာ ပိတ်နေတဲ့အညစ်အကြေးတွေ ကင်းစင်သွားကြောင့် ချွေးနံ့နံတာသက်သာပြီး ခန္ဓာကိုယ်မှာငုတ်နေတဲ့ အခိုးတွေလည်းထွက်လာစေသလို ထုံနာကျင်နာတွေလည်းသက်သာစေပါတယ်။
အသက်အရွယ် ကြီးရင့်သူတွေမှာ ဖြစ်တက်တဲ့ လူအိုစော်နံ တာလည်းသက်သာစေပါတယ်။

အထူးသဖြင့် အသက်အရွယ်ကြီးသူတွေဟာ မိုးအုံ့ရင် ခန္ဓာကိုယ်ကိုက်ခဲတာကိုလည်း ဆားပွတ်ရေချိုးပေးရင် အကိုက်အခဲထုံနာကျင်နာပျောက်ကင်းကြတယ်လို့ဆိုပါတယ်။
ရေမလောင်းခင်ဆားပွတ်မယ်ဆိုရင် ဆားလက်တစ်ဆုပ်ကို ရေစွတ်ပြီးမှ ပွတ်ပေးပါ။ရေလောင်းပြီးမှ ဆိုရင်တော့ ဆားအခြောက်နဲ့ရပါတယ်။

ဆားပွတ်တာကို အနည်းဆုံး တစ်မိနစ်လောက်ပွတ်ပေးသင့်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ…
ခန္ဓာကိုယ်မှ ချွေးနံ့မနံအောင်ရေချိုးနည်းလေးမျှဝေပေးလိုက်ပါတယ်..(Zawgyi)


