သင့်ကို မြန်မြန်ရုပ်ရင့် ပြီးအိုဆာသွားစေနိုင်တဲ့ နေ့စဉ်ပြုလုပ်မိနေတဲ့အလေ့အထ ( ၁၀ ) မျိုး
သင့် ရုပ်ရည်ကလက်ရှိအသက်ထက်ပိုရင့်နေသလား။မျိုးရိုးဗီဇကြောင့် ရုပ်ရင့်တာအပြင် သင်နေ့စဉ်နေထိုင်စားသောက်မှုအလေ့အထတချို့ကြောင့်လည်း မြန်မြန်ရုပ်ရင့်စေပါတယ်။ သင့်ကိုရုပ်ရင့်စေတဲ့ အလေ့အထတွေကို ပြောင်းလဲကြည့်ရအောင်ဗျာ

(၁) အဆီမပါသည့် အစာစားခြင်း
အဆီမပါတဲ့ အစာတွေကိုပဲ စားနေရင် အသားအရေက အရွယ်မတိုင်ခင်အိုမင်းပြီး အရေးကြောင်းထင်စေနိုင်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်အဆီကို စားပေးရင်အသားအ ရေချောမွေ့ပြီး နူးညံ့ပျော့ပျောင်းစေပါတယ်။

အရေးကြောင်းကင်းဖို့ အိုမီဂါ ၃ ဖက်တီးအက် ဆစ်ပါတဲ့ ငါးအဆီ၊ အခွံမာသီး၊ အစေ့အဆန်တွေ ကိုစားပေးသင့်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ (ဥပမာ သံလွင်ဆီ)ကို ရွေးစားတတ်မှ အသားအရေက အရွယ်တင်နုပျိုမှာပါ။
(၂) ပိုက်သုံးပြီး အရည်သောက်ခြင်း

ဖျော်ရည်တွေကို ပိုက်နဲ့ သောက်တာကြောင့် နှုတ်ခမ်းစူသွားပြီး နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်း တွေထင်ကာ ပါးရေတွန့်တတ်ပါတယ်။
ဆေးလိပ် သောက်ရင် ပိုဆိုးပါတယ်။ ဖျော်ရည်သောက်ရင် ဖန်ခွက်နဲ့ သောက်ပါ၊ ဆေးလိပ်ဖြတ်ပါ။
(၃) တစ်ညလုံး ဘေးတစောင်း အိပ်ခြင်း

ကြာရှည် ဘေးတစောင်းအိပ်တာက ပါးပြင်နဲ့ မေးစေ့မှာ အရေးကြောင်းထင်စေနိုင်ပါတယ်။ ပက်လက်လှန်ပြီးအိပ်တာက အသားအရေအတွက်အ ကောင်းဆုံးအနေအထားဖြစ်ပြီး လန်းဆန်းနုပျိုစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်
(၄) ကိုယ်ဟန်အနေအထား မမှန်ခြင်း

ကိုယ်ဟန်အနေအထားမမှန်ရင် ခန္ဓာကိုယ်ရဲ့ ပုံမှန်တည်ဆောက်ပုံကို ထိခိုက်စေပြီး ကြွက်သားနဲ့ အရိုးတွေ တောင့်တင်းရတတ်ပါတယ်။ အဲဒီအခါ ကိုက်ခဲနာကျင်ပြီး နုံးချည့်ညောင်းညာကာ ရေရှည် မှာ ပုံပျက်ပန်းပျက်ဖြစ်တတ်ပါတယ်။
(၅) အပန်းဖြေခရီးသွားမှသာ နေကာခရင်မ်လိမ်းခြင်း

ခရမ်းလွန်ရောင်ခြည်ဒဏ် အလွန်အမင်းခံရ တာကြောင့် အရွယ်မတိုင်ခင် အရေပြား အိုမင်းမှု ဖြစ်တတ်ပါတယ်။ နေရောင်ခြည်ရဲ့ဆိုးရွားတဲ့သက် ရောက်မှုမခံရစေဖို့ဘယ်နေ့မှာမဆို နေကာခရင်မ်လိမ်းပါ
(၆) အပူပေးစနစ်ကို အလွန်အမင်း အသုံးပြုခြင်း

အပူပေးစနစ်ကို အလွန်အမင်း အသုံးပြုတာ ကြောင့် အခန်းတွင်း လေထုက အလွန်ခြောက်သွေ့ သွားတတ်ပါတယ်။ အဲဒီအခါ အသားအရေနဲ့ ဆံပင်သား အလွန်အမင်း ခြောက်သွေ့ပြီး အရေးကြောင်း တွေ ပိုထင်တတ်ပါတယ်။
(၇) အိပ်ရေးပျက်ခြင်း
အရွယ်ရောက်သူတွေက တစ်ညမှာ အနည်း ဆုံး အိပ်ချိန် ၇ နာရီလိုအပ်ပါတယ်။ အိပ်ရေး၀၀မအိပ်တာကြောင့် ပင်ပန်းတဲ့ အသွင်ဖြစ်စေပြီးဘဝသက်တမ်းကိုတိုတောင်းစေပါတယ်။

စွမ်း အင်ကုန်ခမ်းသလို ခံစားရရင်၊ ကိုယ်အလေးချိန် မြင့်တက်နေရင် အိပ်ရာ စောစောဝင်ဖို့ ကျွမ်းကျင် သူတွေက အကြံပြုထားပါတယ်။
(၈) သကြားစားလွန်းခြင်း

သကြားကဲတဲ့ အချိုစာတွေ စားလွန်းရင် လည်း အသားအရေကို ထိခိုက်စေနိုင်သလို သွား တွေကိုလည်း ပိုးစားလွယ်စေပါတယ်။ သွားတွေ မရှိတာက ရုပ်ရင့်စေတဲ့ အကြောင်းရင်းတစ်ခုပါ
(၈) တီဗီကြည့်လွန်းခြင်း

တီဗီကြည့်ချိန် တစ်နာရီကြာတိုင်း ဘဝသက် တမ်း ၂၂ မိနစ်လျော့ကျစေတယ်လို့ လေ့လာမှုအရသိရပါတယ်။ထိုင်ခုံမှာ ထိုင်ချိန်များလွန်းရင် နာရီဝက်ကြာတိုင်း တစ်ကြိမ် လမ်းထလျှောက် ပေးပါ။
(၁၀) စိတ်ဖိစီးမှု များလွန်းခြင်း

လေ့လာမှုအမျိုးမျိုးအရ နာတာရှည် စိတ်ဖိ စီးမှုဒဏ်ခံရတာကြောင့် ဆဲလ်တွေကို ရေရှည် ထိခိုက်စေပြီး အိုမင်းမှုဖြစ်စဉ်ကို တိုးစေနိုင်တယ် လို့ သိရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုဖြစ်လာရင် ဖိစီးမှုကိုတွန်းလှန်နိုင်မယ့် လုပ်ဆောင်မှုတွေကို ပြုလုပ်ပေးရပါမယ်နော်
Credit- healthylife