၄၈ နာရီအတြင်း မိုးကြီးနိုင်သည့်မြို့များ သတိပေးချက်
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ယာစ် (YAAS)၏ အရှိန်ကြောင့် ယနေ့နံနက်မှ လာမည့် (၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ရန်ကုန် တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအ လွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၇)ပေခန့် ရှိနိုင်ပါ သည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊မြေ ပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက် ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ( Very Severe Cyclonic Storm) ယာစ် (YAAS)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက် ခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြု နေထိုင်ကြပါရန်နှင့်

ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သ တိ ပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
ယနေ့မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ရရှိသည့်အချက်အလက်များအရဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောအားအလွန်ကောင်းသော ဆိုင်ကလုန်းမုန် တိုင်း (Very Severe Cyclonic Storm) ယာစ် (YAAS) သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး

မြန်မာနိုင်ငံပုသိမ်(Pathein)မြို့၏အနောက်မြောက်ဘက် ရေမိုင်(၄၅၀)မိုင်ခန့်၊ စစ်တွေ(Sittwe)မြို့၏အနောက်တောင်ဘက် ရေ မိုင် (၂၈၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒမ်မရာ (Dhamra)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း( Very Severe Cyclonic Storm)ယာစ် (YAAS)သည် မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၂၀.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၀)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၇၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၈၅)မိုင်နှုန်း ဖြစ်ပါသည်။
အဆိုပါ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) ယာစ် (YAAS)သည်မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ လာမည့် (၁၂)နာရီအ တွင်း

အိန္ဒိယနိုင်ငံ၊မြောက်ပိုင်းကမ်းခြေကို ဒမ်မ်ရာ(Dhamra) မြို့နှင့် ဘလာဆာ (Balasore)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရပါသည်။crd to