ခွဲစိတ်ရင် (၁၀) သိန်းအထက်ကုန်ကျနိုင်မယ့် နှလုံးသွေးကြောကျဉ်း ရောဂါကို တစ်ပြား မှ မကုန်ဘဲ ပျောက်ကင်းသက်သာသွားတဲ့ဆေးစွမ်းတစ်လက်

နှလုံး သွေးကြောကျဉ်းပြီး အသက်ရှူုမဝ၍ ဆရာဝန်နှင့်ပြ၊ဆေးများသောက်သော်လည်းသက်သာလှသည် မဟုတ်ပါ။နုလုံး အထူးကုဆရာဝန်ကြီးနှင့်ပြကြည့်ရာ ခွဲစိတ်ဖို့အကြံပေးပြီး ရက်ချိန်းပေးထားသည်ဆိုပါသည်။
ထိုသူငယ်ချင်း ကံကောင်းသည်ဟု ဆိုရပေလိမ့်မည်။ဖေ့ဘုတ်ပေါ်မှဆေးနည်းကောင်းလေးတစ်ခုရ၍ခွဲစိတ်ချင်သောစိတ်ဆန္ဒလည်းမရှိသောကြောင့်ထိုဆေးနည်းလေးအားအားကိုးအားထား ကာ ဆေးညွှန်းအတိုင်းဆောင်ရွက်ခဲ့ပါသည်။

သူငယ်ချင်းအားလည်းမခွဲစိတ်စေချင်ပါ။အကြောင်းကားခွဲစိတ်မည်ဆိုပါကသိန်း(၁၀)အထက်သာကုန်ကျမည်ဖြစ်ပြီးဝန်ထမ်းတစ်ယောက်၏လစာအခြေအနေနှင့် လုံးဝမလွယ်ကူသောကြောင့်ဖြစ်လေသည်။
သူငယ်ချင်းဆုတောင်းပြည့်ပါသည်။ခွဲစိတ်စရာမလိုတော့ပါ။နှလုံးသွေးကြောကျဉ်းရောဂါ သိသိသာသာသက်သာသွား၍ဖြစ်လေသည်။ထိုဆေးနည်းမှာ….

(၁)ချင်းစိမ်းသတ္တုရည် လက်ဖက်ရည်ပန်းကန်(၁)ခွက်၊

(၂)ကြက်သွန်ဖြူသတ္တုရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်၊

(၃)ရှောက်ရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်၊
(၄)ပန်းသီးရှာလကာရည်လက်ဖက်ရည်ပန်းကန်(၁)ခွက်ထို(၄)ခွက်အားဆတူရော၍ (၃)ခွက်လျှင် (၂)ခွက်ကျန်အောင်ကျိုရပါမည်။ချင်းစိမ်း ထို(၃)ခွက်(၂)ခွက်စာကျန်ပါကပျားရည်စစ်စစ်လက်ဖက်ရည်ပန်းကန်လုံး(၃)ခွက်နှင့်နနွင်းမှုန့်ကွမ်းသီးလုံး(၁)လုံးစာမျှထည့်မွှေပြီး တစ်ညအိပ်နှပ်ထားရပါမည်။

တစ်နေ့လျှင်ထမင်းစားဇွန်း(၁)ဇွန်းသောက်ပါ။ပန်းသီးရှာလကာရည်ကိုအသင့်ဝယ်ယူ၍ရနေပါပြီ။
ထိုဆေးနည်းမှာနက္ခတ္တရောင်ခြည်တွင်ဖတ်ရှုရသောမောင်အေးကြူ(စီးပွားရေး)၏နှလုံးသွေးကြောကျဉ်းဝေဒနာရှင်များအတွက် မှထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။

နှလုံးသွေးကြောကျဉ်းရောဂါသက်သာသည်မှာအမှန်ဖြစ်ပါ၍ထပ်ဆင့်ဝေငှလိုက်ပါသည်….။လိုသူယူသုံးစိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…။
Credit