အစာစားပြီးပြီးချင်း ဘယ်တော့မှမလုပ်သင့်မလုပ်ထိုက်သောအဓိကအရာ (၆) ခု

အစာစားပြီးပြီးချင်း ဘယ်တော့မှမလုပ်သင့်မလုပ်ထိုက်သောအဓိကအရာ (၆) ခု

(၁)ဆေးလိပ်သောက်ခြင်း

ပုံမှန်အားဖြင့်ဆေးလိပ်သောက်ခြင်းဟာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါတယ်။မဖြစ်မနေအရမ်းသောက်ချင်လာပါက အစာစားပြီးချင်း အနည်းဆုံး ၂နာရီလောက်ကြာပြီးမှသောက်သင့်ပါတယ်။

လေ့လာချက်များအရ အစာစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ်သောက်ခြင်းဟာ တစ်ခါထဲဆေးလိပ်ဆယ်လိပ်ကိုတစ်ပြိုင်ထဲသောက်ခြင်းနဲ့ဆိုးကျိုးညီမျှပြီး အူသိမ်နဲ့အဆုတ်ကင်ဆာဖြစ်နိုင်ချေကိုလည်းတိုးပွားစေပါတယ်။

(၂)အစာစားပြီးပြီးချင်း ရေခဲရေ မသောက်ပါနဲ့

လူတော်တော်များများဟာရေခဲရေကိုကြိုက်ကြပါတယ်။ထမင်းစားပြီးပြီးချင်းရေခဲရေသောက်သုံးခြင်းဟာအလွန်အန္တာရာယ်များပါတယ်။ဘာကြောင့်လဲဆိုတော့ ရေခဲရေဟာ အစာတွေကိုခဲစေလို့ပါ။ဒါကြောင့်အစာချေဖျက်ရာမှာအလွန်ခက်ခဲစေပါတယ်။

(၃)အစာ စားပြီးပြီးချင်း ရေမချိုးပါနဲ့

မဖြစ်မနေရေချိုးရမယ်ဆိုပါက အစာစားပြီးနာရီဝက်လောက်ကြာပြီးမှချိုးပါ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခန္ဓာကိုယ်ဟာအစာချေဖို့ စွမ်းအင်များစွာနဲ့သွေးစီးဆင်းမှုလိုအပ်ပါတယ်။

ကျွန်တော်တို့ရေချိုးနေတဲ့အချိန်မှာ သွေးများဟာအပူထုတ်လွင့်ဖို့အရေပြားကို သွေးစီးဆင်းပြီးခန္ဓာကိုယ်မှ အပူများကိုထွက်သွားစေပါတယ်။ဒါဟာအစာခြေဖို့အတွက်အလွန်ခက်ခဲစေပါတယ်။

(၄)လက်ဖက်ရည်သောက်ခြင်း

လက်ဖက်ရည်သောက်ခြင်းဟာကျန်းမာရေးအတွက်ကောင်းကျိုးများရှိပေမယ့်လည်းအစာစားပြီးချိန်မှာတော့လုံးဝမသောက်သုံးသင့်ပါဘူး။လဖက်ရည်ဟာ ကျွန်တော်တို့စားသုံးလိုက်တဲ့ သံဓာတ်၊ ပရိုတိမ်းဓာတ်တို့နဲ့ တင်းနစ်အက်ဆစ်ပါဝင်တဲ့အတွက်သံဓာတ်ဆုပ်ယူမှုကိုအနှောက်အယှက်ဖြစ်စေပါတယ်။

အစာစားပြီးချိန် လက်ဖက်ရည်သောက်သုံးခြင်းက သံဓာတ် စုပ်ယူမှုရဲ့၈၇%ထိလျော့ကျစေပြီး သွေးအားနည်းရောဂါ၊ ခေါင်းမူးခြင်း၊အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းတွေကို ဖြစ်စေတဲ့သံဓာတ်ချို့တဲ့မှုတွေကိုတောင် ဖြစ်စေနိုင်ပါတယ်။

(၅)အစာစားပြီးချိန်မှာ အသီးအနှံများစားသုံးခြင်းမပြုပါနဲ့

လူအနည်းစုကသာ အစာစားပြီးပြီးချင်း အသီးစားတာဟာအန္တာရာယ်ရှိကြောင်းသိရှိကြပါတယ်။ သစ်သီးအများစုဟာအစာချေဖို့အလွန်လွယ်တဲ့အတွက်အစာအိမ်ကနေ အူသိမ်တွေဆီရောက်ပြီးကြေပျက်ပြီးချိန်ထိ မိနစ်(၂၀)ဘဲကြာပါတယ်။

အသီးကို ထမင်းစားပြီး ပြီးချင်းစားမိတဲ့အခါမှာ အသီးများဟာအစာခြေဖျက်ဖို့ မလွယ်ကူတဲ့အစာများနဲ့ ရောနှောသွားတဲ့အတွက် အူသိမ်တွေဆီကို အချိန်မှီ မရောက်ရှိနိုင်ဘဲ အူလမ်းကြောင်းထဲမှာတင် ပုပ်သိုးပျက်စီးကုန်ပြီး တွဲဖက်စားသုံးမိတဲ့အစာများကိုပါထပ်ပြီးပျက်စီးစေပါတယ်။

(၆) အစာ စားပီးပြီးချင်း မအိပ်ပါနှင့်၊

အစာစားပီးပြီးချင်းလှဲတာ အိပ်တာတွေဟာ လူအတော်များများနှစ်ခြိုက်တဲ့အလေ့အကျင့်တစ်ခုပါ။ဒါပေမယ့်ဒါဟာကျန်းမာရေးနဲ့လုံးဝမညီညွှတ်ပါဘူး။ကျွန်တော်တို့လှဲနေတဲ့အချိန်မှာ အစာအိမ်ထဲက အစာချေရည်တွေဟာ ကမ္ဘာမြေကြီးရဲ့ဆွဲအားကြောင့်အစာရေမြွန်ပြွန်ဘက်ကိုပြန်ပြီးစီးဆင်းသွားပါတယ်။

အစာချေရည်တွေရဲ့Acid အက်စစ်သဘာဝကြောင့်လည်ချောင်းနာခြင်းအာသီးရောင်ခြင်းတို့ကိုဖြစ်စေပါတယ်။အားလုံးဘဲ ကျန်းမာပျော်ရွင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေဗျ။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *