ကလေးလူကြီးတိုင်းဖြစ်တက်တဲ့နှာပိတ်တာကိုအချိန်တိုမိနစ်အတွင်း ပျောက်ကင်းအောင်ပြုလုပ်နည်း

ကလေးလူကြီးတိုင်းဖြစ်တက်တဲ့နှာပိတ်တာကိုအချိန်တိုမိနစ်အတွင်း ပျောက်ကင်းအောင်ပြုလုပ်နည်း

နှာခေါင်းပိတ်တာကို ခံစားရတဲ့လူတိုင်း ဒီခံစားချက်ကို ပျောက်ချင်ကြမှာပဲ။ ဘယ်လိုမျိုး မြန်မြန်ဆန်ဆန် ပျောက်သွားအောင်လုပ်မလဲဆိုတဲ့အကြောင်းကို ပြောသွားမှာဖြစ်ပါတယ်နော် … ။

၁။ တကယ်လို့ ဓာတ်မတည့်တာကြောင့် နှာရည်ယိုတာ ဆိုရင်တော့ လေ့ကျင့်ခန်း လုပ်ပါ။ သင့်နှလုံးခုန်နှုန်းကလေ့ကျင့်ခန်းလုပ်ပြီးတော့ မြန်လာပြီဆိုရင်တော့ သင့်နှာခေါင်းထဲက နှာရည်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။

လေ့ကျင့်ခန်း ၁၅မိနစ်လုပ်ပြီးပြီ ဆိုရင်တော့ သင်ရဲ့ဓာတ်မတည့်တာတွေကို ရှင်းပစ်နိုင်မှာပဲ ဖြစ်ပါတယ် … ။

၂။ သင့်နှာတံကို နွေးထွေးအောင် ထားပါ အဝတ်နွေးနွေးကို ယူပါ။ မိုက်ခရိုဝေ့ဗ်ထဲမှာ ထည့်ပြီး နွေးအောင် လုပ်လို့ရသလို ရေနွေးထဲမှာ စိမ်ပြီးတော့ နွေးအောင် လုပ်လို့ရပါတယ်။သိပ်ပြီးတော့ မပူပဲနဲ့ သက်တောင့်သက်တောင့်ရှိတဲ့အပူချိန်ပဲ ဖြစ်ပါစေ။

နှာခေါင်းထဲမှာ ပိတ်နေတာတွေက နှာရည်တွေ ဖြစ်သွားမှာ ဖြစ်ပါတယ်။ နွေးအောင်လုပ်ပြီးတဲ့ နောက်မှာတော့ သင့်နှာခေါင်း ညှစ်တာပဲဖြစ်ဖြစ် နှာရည်ဆေး ထည့်တာပဲဖြစ်ဖြစ် လုပ်ရပါမယ် …. ။

၃။ လေထုအစိုစက်ကို သုံးပါ။ လေထုအစိုဓာတ်က ၄၀ရာခိုင်နှုန်းထက် နည်းမယ်ဆိုရင် သင့်နှာခေါင်းထဲမှာ နှာရည်တွေ ခြောက်ပြီးတော့ အသက်ရှုဖို့ အခက်အခဲဖြစ်မှာ ဖြစ်ပါတယ်။

တကယ်လို့ နှာရည်ကလည်း များပြီး လေထုအစိုဓာတ်ကလည်း နည်းနေတယ် ဆိုရင်တော့ ပြင်းထန်တဲ့ ဘက်တီးရီးယားပြန့်ပွားမှုတွေ ဖြစ်နိုင်ပါတယ်။ သင့်တင့်တဲ့ အစိုဓာတ်ကတော့ ၄၀နဲ့ ၆၀ရာခိုင်နှုန်းပဲ ဖြစ်ပါတယ် … ။

၄။သင့်နှာခေါင်းနဲ့ နှုတ်ခမ်းကြားနေရာကို နှိပ်နယ်ပေးပါ သင့်အပေါ်နှုတ်ခမ်းနဲ့ နှာခေါင်းကြားနေရာကို ၂- ၃မိနစ်ကြာအောင် နှိပ်နယ်ပေးပါ။ဒီနည်းလမ်းက သင့်နှာခေါင်းကို ပွင့်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ် … ။

၅။သင့်နှာရိုးကို ဖိနှိပ်ပေးပါ သင့်နှာခေါင်း တစ်ဖက်တစ်ချက်ကို သင့်လက်ညှိုး၊ လက်ခလယ်နဲ့ ၁-၂မိနစ်လော်ကြာအောင် ဖြည်းဖြည်းချင်း တွန်းပေးပါ။

ဒီလိုလုပ်ပေးလိုက်ရင် သင့်နှာခေါင်းဝင်ထွက်ပေါက်ကို ပွင့်ဖို့ ကူညီပေးမှာ ဖြစ်ပြီး သင့်နှာခေါင်းက လွယ်လွယ်လေးနဲ့ ပွင့်သွားမှာ ဖြစ်ပါတယ်နော်… ။

၆။သင့်မျက်ခုံးနှစ်ခုကြားက နေရာကို နှိပ်ပေးပါ။ ဖြည်းဖြည်းလေးနဲ့ ယုံကြည်ချက်ရှိရှိ တစ်မိနစ်လောက်ကြာအောင်နှိပ်ပါ။ ဒီနှိပ်နယ်မှုက သင့်ရဲ့နှာရည်အပေါ်ဒီလိုသက်ရောက်မှု ရှိနေပါတယ်။

သင့်နှာရည်တွေက နှာခေါင်းမှာ ခြောက်သွေ့တာကို တားဆီးခြင်း. ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိခြင်း. အရှေ့ကြွက်သားတွေကို ဖိအားဖယ်ရှားပေးနိုင်ပါတယ် … ။ဘယ်နည်းလမ်းတွေကို လုပ်ပြီးပြီလဲ သင့်မှာ ကိုယ်ပိုင်နည်းလမ်းတွေရော ရှိလားဆိုတာ ပြောပြပါဦးနော် ။

Credit to Pyae Ti Media

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *