ဆီးချိုသမားများ အနာဖြစ်ပြီး မပျောက်နိုင်ဖြစ်နေပါက အနာကိုအမြန်ကျက်စေသော သဘာဝဆေးနည်း(၂)သွယ်
ဆီးချိုသမားတို့ အနာ မကျက်၊မပျောက်နိုင်ဖြစ်နေလျှင် ဆီးချိုအနာများ ပျောက်စေရန်အတွက်သဘာ၀ ဆေးနည်း လေးမျှဝေပေးလိုက်ပါတယ်။ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှုမရှိအောင် အတော်သတိထားနေကြရပါသည်။

ထိခိုက်ပွန်းပဲ့ဒဏ်ရာသည် ဆီးချိုရောဂါမှ သကြားဓာတ်အချို့ ကြောင့် အနာခြောက်သွေ့ပျောက်ကင်းမှုမရှိဘဲမလိုလားသော ပိုးမွှားများ ဝင်ရောက်၍ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်သောကြောင့် ဖြစ်ပါသည်။ဆီးချိုအနာ ပျောက်ကင်းစေရန် နည်းလမ်းနှစ်သွယ်ရှိပါတယ်။

နည်းလည်း (၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကို ခူးယူ၊ ရေစင်အောင်ဆေးပြီး ထမင်းဖြူခဲနှင့်ပတ်စာသားကျအောင် ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေးကြရသည်။တစ်နေ့နှစ်ကြိမ် လဲကပ်ပေးပါ။ အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

နည်းလမ်း(၂) ဆိတ်ဖလူးပင်မှ အရွက်လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံး ရိုးရိုးဆား အနည်းငယ် ထည့်ကြိတ်၍ သတ္တုရည် ညှစ်ယူပါ။ထိုသတ္တုရည်နှင့် ဆီးချိုရှိသူ၏ အနာမှန်သမျှ တစ်နေ့သုံးခါ လိမ်းပေးပါ။

အနာအမြန်ဆုံး ပျောက်ကင်းသွားပါလိမ့်မည်။သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟုခေါ်ကြောင်း၊ လူကိုအန္တရာယ်ပေးသော အဆိပ်တို့ကို ဘီးလူးသဖွယ် စုပ်ယူတတ်ခြင်းကြောင့်ဟုဆိုကြပါသည်။

ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့ကများ လှပါသည်။သိမီသမျှ အသုံးလိုသူတို့အတွက် မျှဝေပေးလိုက်ပါသည်။
သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀) ဆီးချိုရှိသူများ အနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)