မီးမရှိလည်း ဖွင့်လို့ရမယ့် air con လုပ်နည်း
သုံးစွဲပြီးသားပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ ..ပန်းအိုး. ရေသန့်ဘူး. လေအေးပေးစက်၊ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။

ဒါပေမဲ့ ဓာတ်အားမလိုပဲအဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံမှာနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။
သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာ ကြားပြီးရရှိခဲ့တာဖြစ်ပါတယ်။Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ

ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ် မှာစွပ်ပြီးကပ်ထားရပါမယ်။ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာတပ်ထားရပါမယ်။
အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ကျယ်တဲ့ဘက်ခြမ်းကိုအပြင်မှာထားရပါမယ်။တကယ်ရော အေးရဲ့လား ဘယ်လိုအလုပ်လုပ်တာလဲ

ကျယ်တဲ့ဘက်ကလာတဲ့လေက အပေါက်သေးတဲ့ဘက်ကလေထွက်လာတဲ့အခါ ဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကိုပြန်ထွက်ပါတယ်။ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။
ဒါပေမဲ့ နှုတ်ခမ်းကိုအပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှတော့ အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။Eco-Cooler က 5 degree Celsius လောက်ကိုလျော့ချပေးနိုင်ပါတယ်။

ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊ အလွယ်တကူလည်း ရနိုင်တဲ့ သုံးပြီးသားပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီး ပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း Ecoromance Team မှ အကြံပေးလိုက်ပါတယ်။
မီးမရွိလည္း ဖြင့္လို႔ရမယ့္ air con လုပ္နည္း
သုံးစြဲၿပီးသားပလပ္စတစ္ဘူးခြံေတြကို ဘာေတြလုပ္လို႔ရလဲ ..ပန္းအိုး. ေရသန႔္ဘူး. ေလေအးေပးစက္၊ကမာၻ႔ရာသီဥတုကလည္း ပိုမိုပူေႏြးလာတာနဲ႔အမွ် လူသားေတြက လွ်ပ္စစ္စြမ္းအင္ကိုအသုံးျပဳၿပီး ပန္ကာေတြ၊ ေလေအးေပးစက္ေတြကို သုံးစြဲလာလာၾကပါတယ္။

ဒါေပမဲ့ ဓာတ္အားမလိုပဲအဲကြန္းဖြင့္ႏိုင္မယ္ဆိုရင္ေရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား Ashis Paul က Eco-Cooler လို႔ေခၚတဲ့ ပလက္စတစ္ဘူးခြံမွာနဲ႔ ေလေအးေပးစက္ကို တီထြင္ခဲ့ပါတယ္။
သူဟာ ဒီအႀကံကို Physics ဆရာက သူ႔သမီးကို ဓာတ္ေငြ႕မ်ားလာတာနဲ႔ ေအးတဲ့အေၾကာင္းကိုရွင္းျပေနတဲ့အခ်ိန္မွာ ၾကားၿပီးရရွိခဲ့တာျဖစ္ပါတယ္။Eco-Cooler ကိုဘယ္လိုလုပ္ရတာလဲ

ပလက္စတစ္ဘူးခြံတစ္ဝက္ကိုျဖတ္ၿပီး အေပါက္ေဖာက္ထားတဲ့ ဘုတ္ျပားေပၚ မွာစြပ္ၿပီးကပ္ထားရပါမယ္။ၿပီးေတာ့ ဘုတ္ျပားကို ျပတင္းေပါက္မွာတပ္ထားရပါမယ္။
အေပါက္ေသးတဲ့ ဘူးအဖုံး ဘက္ျခမ္းကိုေတာ့ အိမ္ထဲမွာထားရပါမယ္။က်ယ္တဲ့ဘက္ျခမ္းကိုအျပင္မွာထားရပါမယ္။တကယ္ေရာ ေအးရဲ႕လား ဘယ္လိုအလုပ္လုပ္တာလဲ
က်ယ္တဲ့ဘက္ကလာတဲ့ေလက အေပါက္ေသးတဲ့ဘက္ကေလထြက္လာတဲ့အခါ ဖိအားေျပာင္းလဲျခင္းေၾကာင့္ ေအးတဲ့ေလကိုျပန္ထြက္ပါတယ္။ဥပမာ – လက္ကို ပါးစပ္ဟၿပီး ေလမႈတ္ထုတ္လိုက္ရင္ ေလကေႏြးေနပါတယ္။

ဒါေပမဲ့ ႏႈတ္ခမ္းကိုအေပါက္ေသးေသးေလးလုပ္ၿပီး ေလမႈတ္ထုတ္လိုက္တဲ့အခါမွေတာ့ ေအးတဲ့ေလကိုရပါတယ္။ အဲ့ဒီသေဘာမ်ိဳးပါပဲ။Eco-Cooler က 5 degree Celsius ေလာက္ကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။
ဒီလိုမ်ိဳး မီတာခလည္းေပးစရာမလို၊ အလြယ္တကူလည္း ရႏိုင္တဲ့ သုံးၿပီးသားပလက္စတစ္ဘူးခြံေတြကို DIY Eco-Cooler ေလးျပဳလုပ္ၿပီး ပတ္ဝန္းက်င္ကိုကာကြယ္ႏိုင္ေၾကာင္း Ecoromance Team မွ အႀကံေပးလိုက္ပါတယ္။
Photo ©
credit ; ecoromance