သရက်သီးမှည့်တွေပေါပြီဆိုတော့ သရက်သီးဖာလူဒါလုပ်နည်း လေးမျှဝေပေးပါမယ်…
စိန်တစ်လုံး သရက်သီး မှည့်တွေလဲ ပေါ်နေပြီဆို တော့ သရက်သီး ကြိုက်သူတွေ အတွက် ခါတိုင်းနဲ့မတူ တမူထူးတဲ့သရက်သီးဖျော်ရည်လုပ်နည်းလေးမျှဝေချင်ပါတယ်။

ချိုချိုအေးအေး မွှေးမွှေးလေးမို့ အခုလို ရာသီဥတု ပူတဲ့အချိန်နဲ့ အတော်ပါပဲ (ရေးပေးထားတဲ့အချိုးကသုံးခွက်စာ ရပါတယ်)* စိန်တစ်လုံး သရက်သီးမှည့် နှစ်လုံးလိုပါတယ်။

အရင်ဆုံး သရက်သီးတခြမ်းကိုခပ်သေးသေးအတုံးလေးတွေ တုံးထားပြီးကျန်တဲ့တစ်လုံးနဲ့ တစ်ခြမ်းကိုအနှစ်ကြိတ်ထားပေးပါမယ်။သရက်သီး အနှစ်ထဲကစားပွဲဇွန်း နှစ်ဇွန်းစာကို ဖယ်ထားပြီးတော့ကျန်နေတဲ့ အနှစ်ထဲကို နို့ဆီစားပွဲဇွန်း သုံးဇွန်းထည့် မွှေထား ပေးပါမယ်။

နွားနို့ ၄၀၀ml ကိုသကြား စားပွဲဇွန်း လေးဇွန်းဆားအနည်းငယ်ထည့်ပြီး ခပ်ပျစ်ပျစ်ကလေး ရအောင်တည်ထားပေးပါမယ်။ ရေနွေး ဆူဆူမှာသာကူစေ့ စားပွဲဇွန်း သုံးဇွန်းကို ထည့်ပြီး ပြုတ်ပါတယ်။ သာကူ မျက်ဆံ ပျောက်ကာနီး အချိန်မှာရေစစ် ရေဆေးပြီး ရေခဲရေထဲ စိမ်ထား ပေးပါမယ်။

ရေနွေး ၃၀၀ml ကို အနည်းငယ် ပူအောင်တည်ပြီး ဂျယ်လီမှုန့် သုံးဂရမ် (လဘက်ရည် ဇွန်းတစ်ဝက် ကျော်ခန့်) ဖယ်ထားတဲ့ သရက်သီး အနှစ် နှစ်ဇွန်း သကြား စားပွဲဇွန်း နှစ်ဇွန်း အဝါရောင်ဆိုးဆေး အနည်းငယ်တို့ ထည့်ပြီးငါးမိနစ် ကျော်ကျော် လောက် မီးအေးအေး နဲ့ မွှေပေးပါတယ်။

ပြီးရင် ပန်းကန်တစ်ခုထဲထည့်အအေးခံပေးရပါ မယ်။လုံးဝအေး သွားတဲ့အခါ သေးသေးတုံးထားပေးပါမယ်။ (ဂျယ်လီမှုန့် မရှိရင်ကျောက်ကျောမှုန့်သုံးနိုင်ပါတယ်။ ရေ ၃၀၀ml ကို ကျောက်ကျောမှုန့် လဘက်ရည်ဇွန်းတစ်ဇွန်းပါ )။

အမယ်အားလုံးကို ပြင်ဆင် ပြီးတာနဲ့ ရေခဲသေတ္တာထဲထည့်ထားပေးပြီးစားကာနီးမှထုတ်ယူပြီး ပွဲပြင်ပါတယ်။ ပြင်ဆင်ပုံအရင်ဆုံးသရက်သီးအနှစ်ထည့်ပေးပါတယ်။
သာကူထည့်ပေးပါတယ်ဂျယ်လီထည့်ပေးပါတယ်။နွားနို့ကိုဇွန်းနဲ့ ဖြည်းဖြည်းချင်းထည့်ပေးပါတယ်။ နောက်ဆုံးမှသရက်သီးတုံးလေးတွေထည့်ပါမယ် ။

Credit Aye Thuzar Win