လက်ရှိ New York ကိုရောက်နေပြီးဝရမ်းထုတ်ခံထားရတယ်ဆိုတာ သတင်းအမှားပါလို့ ပြန်လည်ဖြေရှင်းလိုက်တဲ့ သူဇာဝင့်လွင်
Miss Universe ပြိုင်ပွဲကို အခက်အခဲတွေ ကြားကနေ ရောက်အောင်သွားခဲ့ပြီး မြန်မာနိုင်ငံအတွက် စိတ်ကျေနပ် စရာကောင် းတဲ့ ရလဒ်တွေ ကို ယူဆောင်ပေးခဲ့တဲ့ သူဇာဝင့်လွင်ဟာ Miss Universe ပြိုင်ပွဲအပြီးယခု လက်ရှိ New York ကိုရောက်ရှိနေ တာပဲ ဖြစ်ပ ါတယ်။

မြန်မာပြည် ပြန်ဖို့အတွက်အခက်အခဲရှိနေတာကြောင့်ရယ် Americaမှာ ရှိတဲ့ ချင်းလူမျိုးတွေရဲ့ ဖိတ်ကြားမှုတွေကိုလည်း သွားရမှာမို့ ပြန်မလာဖြစ်သေးတာ ပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝရမ်းအထုတ်ခံရတယ် ဆိုတဲ့ သတင်းအမှားနဲ့ ပတ်သတ်ပြီး ဖြေရှင်းထားပါသေးတယ်။

“သူဇာ့ကို ဝရမ်းထုတ်ထားတယ်ဆိုတဲ့သတင်းက သတင်းအမှားပါရှင်။ ဒါပေမယ့် နိုင်ငံကထွက်လာပြီဆိုကတည်းက အိမ်ကိုပြန်ဖို့အတွ က် Risk ကိုမယူရဲတာပါ။ ဖြစ်နိုင်ရင်တော့ ကိုယ့်အိမ်ကိုယ်ပဲပြန်ချင်တာပေါ့။
လောလောဆယ် ဒီမှာအဆင်ပြေအောင်ပဲ ကြို းစားပြီးနေထို င်ပါဦးမယ်။ သတင်းအမှားကြီးပြန့်နေလို့ ဖြေရှင်းပေးတာပါ။ အားလုံးလည်း ဂရုစိုက်ကြပါနော် ……” ဆိုပြီး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံကို ပြန်လာဖို့ အခက်အခဲ ရှိနေ ပင်မဲ့လည်း candy ဟာ ယခု New York မှာ America ရောက် မြန် မာတွေရဲ့ အကူအညီနဲ့ အဆင်ပြေပြေ ရှိနေတာပဲ ဖြစ်ပါတယ်။ဥက္ကာမင်းမောင်ဟာလည်း Miss Universe ပြိုင်ပွဲအစ ကနေ စပြီး ယခုချိန်ထိ Candy ကို ကူညီပေးနေတာပဲဖြစ်ပါတယ်။

အခုအခါမှာ Candyရဲ့ အခက်အခဲတွေ အတွက် ညီမအရင်းလို ပြုစု စောင့်ရှောက် ပေးမယ် ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာ ထက်မှာ မျှဝေထားပါသေးတယ်။“Miss Universe ပွဲအပြီး Candy လေး ဒီနေ့ပဲ New York ရောက်လာတော့ မုန့်သွားစား လျှောက်သွားစကားစမည်ပြောရင်းအမှတ်တရ .. .

ကျွန်တော့် ညီမအရင်းထက်တောင်ငယ်တဲ့ Candy ကို ကျွန်တော့် ညီမ အရင်းတစ်ယောက်လိုပဲလိုအပ်တာမှန်သမျှကူညီစောင့်ရှောက်ပေးပါမယ်.. လောလောဆယ် မြန်မာပြည်ပြန်ဖို့လဲ အခက်အခဲရှိတယ်…
သူ့ safety အတွက်လဲ စိတ်ပူရတဲ့အခြေအနေမှာ ပြိုင်ပွဲပြီးသော်လဲ တခြားသူတွေလို ဂုဏ်ယူဝင့်ကြွားစွာနှင့်သူ့တိုင်းပြည်သူပြန်လို့မရ.. ကျန်ရှိ နေတဲ့သူ့ဘဝခရီးရှေ့ဆက်ဖို့ စိတ်ဓါတ်မကျဖို့ အားပေးရင်းသူကဒီနိုင်ငံမှာ Modeling ဆက်လက်လုပ်ဆောင်သွားဖို့စဉ်းစားနေတယ်ဆိုတော့ကိုယ်သိသလောက် အားပေးအကြံပေးရင်းဆုံကြသည်ပေါ့…

ဒီနေ့တော့ New York ကို ရောက်တာ သူ့ပထမဆုံးနေ့ဆိုတော့ Times Squ are ဝန်းကျင် လျှောက်ပို့ရင်း အမှတ်တရပုံလေးတွေ.. ပရိတ်သတ်များရော.. သူ့မိသားစုဝင် များရော စိတ် မပူနဲ့နော်..
အားလုံးအဆင်ပြေသွားမှာပါ..သဘက်ခါ America ရောက် ချင်းလူမျိုးတွေ ဖိတ်ကြားမှူနဲ့ Indiana ပြည်နယ်ကို သူသွားပါမယ်.. သူ့ကို ဂုဏ်ပြုချင်ချစ်ကြသူတွေလဲ US တခွင်တအားများပါတယ်..

US တခွင် ဖိတ်ကြားမှူများ သွားပြီးလို့ New York ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပပေးချင်ကြသော မိတ်ဆွေများနှင့် ပွဲလေးတပွဲပြု လု ပ်ပေးမည်ဖြစ်ပါသည်.. ထိုအတွက် လာမေးကြသော message များအားလုံး မပြန်ရသေးတာ ခွင့်လွှတ်ပါ..
သူ New York မှာနေတဲ့ ကာ လပတ်လုံး ခင်မင်သူပေါပြီး သူ့ဘဝ လုံခြုံမှူရှိရေးအတွက်ရော …ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်ဆွေ အပေါင် းအသင်းပေါများဖို့ အတွက်ရော … သူ့ကို အားပေးသူ ရွှေမြန်မာများနှင့် တွေ့ဆုံ ပွဲလေးကျင်းပပါမည်..

ရက် နေ့စွဲနှင့် အချိန် ပြန်လည်ကြေငြာပါမည်ခင်ဗျာ.. ကိုယ့်မြန်မာအချင်းချင်း တထောင့်တနေရာကနေ ကူညီအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ.. အခုတော့ ဒီ New York မှာ Modeling လုပ်နေတဲ့ Beauty သက်သက်သင်း နဲ့ အတူ နေပါတယ်ခင်ဗျာ..

Candy လေး အစစအရာရာ အဆင်ပြေပြေ ရှိပါတယ်ခင်ဗျာ…Welcome to New York Candy …..” လက် ရှိ candy လေး လုံခြုံမှု ရှိရှိ နဲ့ အဆင် ပြေပြေ နေထိုင် နေရတဲ့ အကြောင်း ပြောပြလာတာကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်……..။
သတင်းအရင်းမြစ်: Thuzar Wint Lwin & Okkar Min Maung ‘ FB account