မလိုအပ်ဘူးထင်ပြီးသွန်ပစ်နေတဲ့ဆန်ဆေးရေ၏အစွမ်းပကားများ( ကျော်မသွားနဲ့ဖတ်ဖြစ်အောင်ဖတ်ပါ)
ဆန်ဆေးရေရဲ့အစွမ်းအံ့မခန်း အသုံးဝင်ပုံ ၊စရိတ်နည်းဖို့ ဒီလိုအစပြုပါ။သင့်အိမ်က ဆန်ဆေးရည်တွေကို အကျိုးရှိမဲ့နေရာ တစ်ခုခုမှာ မသုံးစွဲဘဲ သွန်ပစ်နေခြင်းမျိုး လုံးဝမလုပ်ပါနှင့်။

အထူးသဖြင့် သင်ဟာစိုက် ပျိုးရေးနဲ့ ပါတ်သက် ဆက်နွယ်နေသူတစ်ဦး ဖြစ်နေတယ်ဆိုရင် ပိုလို့တောင်ဆင်ခြင်သင့်ပါတယ်။ဆန်ဆေးရည်မှာ ဘာတွေပါသလဲဆိုရင်သက်ရှိများကိုအကျိုး ပြုနိုင်သော ဓါတ်အဟာရတွေ မြောက်များစွာ ပါဝင်နေပါတယ်လို့သာအလွယ်မှတ်လိုက်ကြပါစို့။
အိုမင်းရင့်ရော်ခြင်းကို ဟန့်တား စေနိုင်ခြင်း၊ မဖြစ်မနေကျိုးရမဲ့ “သွား” တွေကို ခိုင်ခန့်စေနိုင်ခြင်းနှင့် ဖြူသွားတဲ့ “ဆံပင်”တွေ တဖန်ပြန်ပြီး မဲနက်လာစေနိူင်ခြင်းဆိုတဲ့အထိ အစွမ်း အာနိ သင်မျိုးတွေ ဆန်ဆေးရည်မှာ ရှိနေပါတယ်။

စိုက်ပျိုးရေးနဲ့ပါတ်သက်သည်များကို အဓိကထား တင်ရမယ်ဆိုရင် အပင်များနဲ့ပါတ်သက်ရင်လဲ များပြားလှစွာသော အကျိုးများကို ဖြစ်ထွန်းစေပါတယ်။ အထွေအထူး စီမံနေစရာ မလိုပါဘူး။ ဆန်ဆေး ရည်ကို အချဉ်ဖေါက်ပြီး သုံးစွဲယုံသာဖြစ်ပါတယ်။
အရင်ဦးဆုံးဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်ဗူးအလွှတ်ထဲမှာ ထည့် အဖုံးကို မလုံ့တလုံထား။အေး/ ခြောက်မှာ (၇)ရက်ထားလိုက်ပြီး ရင် ပိတ်စပါးပါးဖြင့် စစ်ယူလိုက်ပါ။ထိုအရည်ကို (၆)လခန့်အထိ အေး ခြောက်မှာသိမ်းဆည်းပြီး အသုံးပြုခဲ့ဖူးပါတယ်။ပြုလုပ်၊ သိမ်းဆည်းသူရဲ့သန့်ရှင်းမှု၊ရာသီဥတုအပူအအေးပေါ်မူတည်ပြီး အထားခံတဲ့ရက်ကွာ ခြားသွားနိုင်ပါတယ်။

အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိစမြဲမဟုတ်လား။ ဖြစ် ပြီးတိုင်း ပျက်နေရတဲ့လောကကြီးမှာ ဖြစ်ခြင်းပျက်ခြင်း သဘောတရားနဲ့ ဆန်ကျင့်နေသော ကြာလေကောင်းလေဆိုတဲ့ သတ်မှတ်ချက်မျိုးနဲ့ နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ခဲ့ရင် ခြင့်ချိန်ပြီးသာ ဆုံးဖြတ်ပါလို့ ပြောလိုပါတယ်။
ကြုံလို့ နောက်တစ်ခု တဆက်တည်း တင်ပြပေးခြင်တာက…ဘယ်နှစ်ရက်ထားရင် ဘာဓါတ်၊ ဘာဓါတ်တွေပါဝင် နေမယ်။ နောက်ထပ်ဘယ်နှစ်ရက်ထပ်ထားလိုက်ရင်တော့ ဘာဓါတ်၊ဘာ ဓါတ်တွေ ထပ်တိုးလာမယ်ဆိုတာမျိုးကိုလဲကြားဖူးခဲ့ပါတယ်။

ဘာမှထပ် ထည့်ပေးတာလဲမဟုတ်ဘဲ၊ ရက်ကာလတစ်ခုထပ်တိုးလိုက်ယုံနဲ့ဓါတ် တွေ ထပ်တိုးလာမယ်ဆိုတာကိုလဲ စဉ်းစားပေါ့လို့ သတိပေးပါရစေ။ဤကဲ့သို့ ကိစ္စရပ်များကို ယုံကြည်စွာ ဝေငှပေးသူများ၊ ထပ်ဆင့်ပြီး ဖြန့်ဝေပေးသူများကို တိုက်ခိုက်လိုခြင်းစိတ် လုံးဝ(လုံးဝ) မရှိပါ။
လွှတ်လပ်စွာကွဲလွှဲ့နိုင်ပါတယ်။ကျနော့် မိတ်ဆွေများကို အနည်း ဆုံး တစ်ခါလောက်တော့ စဉ်းစားပါလို့ သတိပေးယုံသက်သက်ပါ။ ယုံ ကြည်ခြင်း မယုံကြည်ခြင်းက တစ်ဦးတစ်ယောက်ခြင်းစီနဲ့သာသက် ဆိုင်ပါတယ်။

(လွှတ်လပ်စွာ ကွဲလွှဲခွင့်ရှိကြတယ်မဟုတ်လား)ကဲ ဆန်ဆေးရည်မှာ ကယ်လ်စီယမ်၊ သံ၊ ကာဗိုဟိုက် ဒရိတ်နှင့် စပါးအတွက် မရှိမဖြစ်လိုအပ်သော စီလီကာဓါတ်၊ ဗီတာမင် ဓါတ်၊ ကစီဓါတ်နှင့်အပင်အတွက် အကျိုးဖြစ်ထွန်းစေသော အခြားဓါတ် ပေါင်းမြောက်များ စွာလည်းပါဝင်နေပါတယ်။
ဆန်ဆေးအချဉ်ဖေါက်ရည်တစ်ခုတည်းဖြင့် အချို့အချို့ သော မှို၊ ပိုး၊ ပျ၊ စုပ်စားပိုးတို့ကို နိမ်နင်းနိုင်စွမ်းရှိပါတယ်။ အပင်များ ကိုပက်ဖျန်းပေးလျှင် ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။အပင်မစိုက်ပျိုးမှီ စိုက်ကျင်းထဲကို ပက်ဖျန်းပေးခြင်းဖြင့် အချို့သောမြေအောင်းပိုးများရန် ကိုတားဆီးနိမ်နင်းနိုင်ပါတယ်။

မြေချဉ်ငံခြင်းကိုလည်း အတိုင်းအတာ တစ်ခုအထိ ပြုပြင်နိုင်စွမ်းပါတယ်။ ဆန်ဆေးအချဉ်ဖေါက်ရည်ဖြင့် နို့ အချဉ်ဖေါက်ရည်ဖေါ်စပ်ပြုလုပ်နိုင်ပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်အတွက်ဖြစ်စေ၊ စရိတ်နည်း သော စိုက်ပျိုးရေးအတွက်ဖြစ်စေပထမဦးဆုံး စတင်စုဆောင်ရမည့်ကုန် ကြမ်းပစ္စည်းမှာ ဆန်ဆေးရည်ပင်ဖြစ်ပါသည်။
သူများထက် နှာတစ်ဖျား သာလိုသောကြောင့် ကိုယ်ထက်သာ သွားမှာမလိုလားသောကြောင့် ဖျန်းသည့်ဆေးကို မသိအောင် တံဆိပ် ခွါထားတတ်ကြပါသည်။ဘာမြေသြဇာထည့်မှန်းမသိအောင်အိတ်လှယ် ပြီးမှ စိုက်ခင်းထဲယူလာပြီး ထည့်တတ်ကြပါသည်။

အာ့တွေက ကလေးအတွေးသာသာ၊ ခပ်တိမ်တိမ် မိန်းမ ဉာဏ်လောက်သာရှိပါသည်။ အမှန်တကယ် သူများထက်သာခြင်လျှင် နှာတစ်ဖျားရှေ့ရောက်ခြင်နေလျှင် ဆန်ဆေးရည်ကစပြီး စုလိုက်ပါ။ ဆန်ဆေးရည်တစ်ခု အရင်းပြုပြီး အစပြုလိုက်စမ်းပါ။
ဆန်ဆေးအချဉ် ဖေါက်ရည်မှသည် တစ်ခုပြီးတစ်ခု၊တစ်ဆင့်ပြီးတစ်ဆင့်နို့အချဉ်ဖေါက် ရည်ဖေါ်၊ သီးစုံဖေါ်၊ EM ဖေါ်၊ ဘိုကာချီဖေါ်၊ တစ်ဆင့်ခြင်း တက်သွား လိုက်စမ်းပါ။အာ့တွေအသုံးပြုပြီး စိုက်လိုက်စမ်းပါ။ အစစအရာရာ သာကိုသာစေရမယ်လို့ ရဲရဲအာမခံပါသည်။

လမ်းဟောင်းအတိုင်း၊ အရင်စနစ်အတိုင်း စိုက်ပျိုးလုပ်ကိုင်နေသူများထက်မသာခဲ့ဘူးဆိုရင်၊ မထူးခြားခဲ့ဘူးဆိုရင် စီးထားတဲ့ ဖိနပ်နဲ့ …..။လာခဲ့ပါ။ မျက်နှာသစ်ပြီး စောင့်နေပါ့မယ်။ လမ်းစရိတ်ပါ ခံပေးပါ့မယ်ဗျာ။
ချမ်းသာကြပါစေ ခွန်တူး။