မငြိမ်းချမ်းတဲ့အခြေအနေတွေမှာ ငြိမ်းချမ်းရာကိုရှာဖွေဖို့ သာသနာ့ဘောင် ဝင်ရောက်နေခဲ့တဲ့ “အဆိုတော်ဖြိုးလေး”

မငြိမ်းချမ်းတဲ့အခြေအနေတွေမှာ ငြိမ်းချမ်းရာကိုရှာဖွေဖို့ သာသနာ့ဘောင် ဝင်ရောက်နေခဲ့တဲ့ “အဆိုတော်ဖြိုးလေး”

နွေဦးတော်လှန်ရေးရဲ့အစပိုင်းမှာ ချစ်သူဝါဆိုမိုးဦးနဲ့အတူ ဆန္ဒထုတ်ဖော်ပွဲတွေမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အင်တာနက်အခက်အခဲတွေကြောင့် ပရိသတ်တွေနဲ့အလှမ်းဝေးသွားတဲ့ အဆိုတော်ဖြိုးလေးဟာ သာသနာ့ဘောင်ကိုဝင်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းကိုလည်း လက်ရှိ Wifi ရတဲ့နေရာရောက်မှာပဲ အားလုံးသာဓုခေါ်နိုင်အောင် ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်။

သီချင်းကောင်းတွေလည်းဖန်တီးနိုင်သလို လုပ်ရပ်ကောင်းတွေလည်း လုပ်ဆောင်တတ်တာမို့ ပရိသတ်တွေက သာဓုတွေခေါ်ဆိုခဲ့ကြပါတယ်။

အခုလိုမငြိမ်းချမ်းတဲ့ကာလမှာ လူတိုင်းနီးပါးရဲ့စိတ်တွေဟာ ထိုင်းမှိုင်းပြီး ပျော်ရွှင်မှုပျောက်ဆုံး သလိုဖြစ်နေခဲ့တာပါ။ ဒီလိုအချိန်မှာ တရားဓမ္မနဲ့မွေ့လျော်ပြီးနေတာက အသင့်တော်ဆုံးပါပဲ။

ဖြိုးလေးကတော့ သာသနာ့ဘောင်ကို ခေတ္တခဏဝင်ရောက်ခဲ့ပြီး စိတ်ရဲ့ငြိမ်းချမ်းရာကို ရှာဖွေနေခဲ့ပါတယ်။ဘုရားရိပ်တရားရိပ်ရောက်နေတာလည်းဖြစ်သလို အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရမို့ လူမှုကွန်ယက်ပေါ်မှာ အရင်လိုမရှိနိုင်ခဲ့ပါဘူး။

ဒီနေ့မှာတော့ သာသနာ့ဘောင်ဝင်ရောက်နေတဲ့ အမှတ်တရပုံရိပ်တွေကို ” ပျောက်နေတယ် ဆိုလို့ WiFi ရှိတဲ့နေရာရောက် တုန်းလေး ” ဆိုပြီး ဦးဇင်းက ဝေမျှခဲ့ပါတယ်။

ချမ်းအေးတဲ့မြို့လေးမှာ အေးချမ်းတဲ့ တရားဓမ္မတွေကိုရှာဖွေပြီး အပူသောကတွေကို တရားတွေနဲ့ဖယ်ရှားဖို့ သာသနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ ဦးဇင်းရဲ့ပုံရိပ်တွေမှာ ပကတိအကြည်ဓာတ်ကို မြင်နေရပါတယ်။

အားပေးတဲ့ပရိသတ်တွေကလည်း ကောင်းမွန်တဲ့လုပ်ရပ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။

Credit to original writing

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *