“ရောဂါတော်တော်များကိုပျောက်ကင်းတဲ့ ကင်ပွန်းချဉ်ရွက်အစွမ်း အံ့မခမ်း “

“ရောဂါတော်တော်များကိုပျောက်ကင်းတဲ့ ကင်ပွန်းချဉ်ရွက်အစွမ်း အံ့မခမ်း “

ကျောက်ကပ် နှလုံးအသည်းရောဂါတွေတောင် ပျောက်စေလို့သိမ်းထားပါ ။ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။

ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။

ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။အရွက် သေးငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။

အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။ကင်ပွန်းချဉ်သည်အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။

ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်အသည်းရောင်အသား ဝါရောဂါ၊သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။

အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီးသကြားအနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)ရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ်ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။

ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။ လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။

ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်မှီဝဲ စေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ကြော်စားလျှင် ထမင်းမြိန်ပါသည်။အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။

ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင်အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။ပြန်လည်မျှဝေပါသည်။

crd
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *