ကြက်သွန်ဖြူ စားသုံးပေးခြင်းဖြင့် နှလုံးသွေးကြော ရောဂါကာကွယ်ကြမယ်

သွေးကြောဆိုင်ရာရောဂါ (Atherosclerosis) ဆိုတာဟာ သွေးလွှတ်ကြောများရဲ့အတွင်းဘက်နံရံမှာသွေးတွင်းရှိကိုလက်စထရော (Cholesterol), ကယ်လ်စီယမ် နှင့်အခြားအရာများပေါင်းစပ်ပြီးအစိုင်အခဲတခုဖြစ်ပေါ်လာပါတယ်။ အချိန်ကြာလာတဲ့အမျှ ထိုအစိုင်အခဲဟာမာကြောလာပြီးသွေးကြောများကို ကျဉ်းမြောင်းလာစေပါတယ်။ သွေးကြောတွေ ကျဉ်းလာတာကြောင့်အောက်စီဂျင်ကြွယ်ဝနေတဲ့သွေးများကို ခန္ဓာကိုယ်အနှံ့ပို့ဆောင်ပေးတဲ့ လုပ်ငန်းကိုနှောင့်နှေးစေပါတယ်။

သဘာ၀ ကြက်သွန်ဖြူသို့ဖြည့်စွက်စာကြက်သွန်ဖြူဆေးတောင့်များသည်သွေးကြော ဆဲလ်များအတွင်း အဆီတည်ဆောက်မှုကိုလျော့ချပေးခြင်း၊ သွေးကြောနံရံများတွင်အဆီ အစိုင်အခဲဖြစ်ပေါ်မှုကိုလျော့နည်းစေခြင်းနှင့်အသည်းအတွင်းကိုလက်စထရောထုတ်လုပ်မှုကို နှောင့်နှေးစေခြင်းဖြင့်သွေးကြောဆိုင်ရာရောဂါများဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်။

ဆေးဘက်ဆိုင်ရာလေ့လာချက်များတွင်လည်းကြက်သွန်ဖြူ ဖြည့်စွက်စာ မှီဝဲသူ နှင့် သာမန်လူများကို (၁၂) ပတ်ကြာနှိုင်းယှဉ်စမ်းသပ်ရာတွင်မှီဝဲသူများ၏ သွေးအတွင်းတွင်စုစုပေါင်းကိုလက်စထရော(Total Cholesterol-TC), သိပ်သည်းဆ နည်းသောကိုလက်စထရော (Low Density Lipoprotein-LDL) နှင့် Triglyceride ဟုခေါ်သောမကောင်းသော ကိုလက်စထရောများလျော့နည်းနေပြီး၊သိပ်သည်းဆမြင့်ကိုလက်စထရော (High Density Lipoprotein- HDL) မြင့်မားနေသည်ကိုထင်ရှားစွာတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့သဘာဝကပေးတဲ့ကျန်းမာခြင်းကိုအရယူဖို့ တိုက်တွန်းပါရစေ။ဒါကြောင့်ကြက်သွန်ဖြူကို တစ်နေ့ တစ်လုံး စားပေးခြင်းဖြင့် နှလုံးသွေးကြောရောဂါများကို ကာကွယ်ကြပါစို့။