အခုလိုချိန်မှာအလှူရှင် မရှိတာကြောင့် ကလေး အယောက် ၅၀ ကျော်တွက် စားရေး သောက်ရေးပါ ခက်ခဲနေရတဲ့ “မိဘမဲ့ ဂေဟာလေး”

အခုလိုချိန်မှာအလှူရှင် မရှိတာကြောင့် ကလေး အယောက် ၅၀ ကျော်တွက် စားရေး သောက်ရေးပါ ခက်ခဲနေရတဲ့ “မိဘမဲ့ ဂေဟာလေး”

မြန်မာ ပြည်သူ ပြည်သားတွေရဲ့ နဂိုစိတ်ရင်းအခံကအလှူအတန်းရက်ရောကြတာဖြစ်လို့ ဒီလိုကာလ မျိုးမှာပိုပြီးတော့တောင်လှူဒါန်းနေ ကြတာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် စီးပွါးရေးကျပ်တည်းကြပေမယ့် အကူအညီ လိုအပ်နေ ကြတဲ့သူ တွေကို မိမိတို့ စတယ်။

အခုလို အချိန် မျိုးမှာမိဘမဲ့ ဂေဟာတွေ အတွက်လည်း စေတနာ ရှင်တွေက တတ်နိုင် သလောက် လှူဒါန်းနေ ကြတာ ဖြစ်ပါတယ် စေတနာရှင် ပြည်သူ တစ်ဦးကတော့ဒလ ဘက်မှာရှိတဲ့ မိဘမဲ့ ဂေဟာကို သွားရောက်ပြီး ကလေးတွေ အတွက် လိုအပ်တာ လေးတွေလှူဒါန်း ခဲ့တာဖြစ်ပါတယ်။

မိဘမဲ့ ဂေဟာလေးက ဒလဘက်က ကျူးကျော် လိုနေရာ မျိုးမှာ တဲလေးတွေထိုးပြီး တာလပတ် လေးတွေနဲ့ ကာထားတာဖြစ်လို့ အခုလို နွေရာသီမှာ ကလေးတွေ မခံနိုင် လောက်အောင် အရမ်းပူနေတာ ဖြစ်ပါတယ်။

ဒီမိဘမဲ့ ဂေဟာ လေးကို လူသိပ်ပြီး မသိကြတာကြောင့်ပုံမှန်အချိန်မှာဆိုရင်တောင် အလှူရှင်ကနည်းပါး တာဖြစ်ပြီး ကလေး အယောက် ငါဆယ် ကျော်အတွက် စားရေး၊ သောက်ရေး ခက်ခဲ နေရတယ်လို့ သိရပါတယ်။

ကလေး အယောက် (၅၀)အတွက် တစ်ရက်စာ အလှူဆိုရင်တော့ တစ်သိန်းကျပ် လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ဝတ်စရာ အင်္ကျီနည်းပါး လို့တောင်(၃) နှစ်အရွယ် ယောက်ျားလေးကို ဂါဝန်လေး ဝ တ်ပေး ထားရတာ ဖြစ်ပါတယ်။

အခုလို အချိန်မျိုးမှာ အလှူရှင် ပိုနည်းနေတဲ့ အတွက် ကလေးတွေအတွက် အရုပ်တို့၊ အင်္ကျီတို့ကို လည်း တစ်နို င်တစ်ပိုင် လေးလှူဒါန်း လို့ရပါ သေးတယ်။

“သား သား အသားမဖဲ့ တတ်လို့ ထမင်းခွံ ကျွေးပေးပါလား” တဲ့ ၃ နှစ်အရွယ် ကလေးလေး က… အဲ့ဒါ သမီးလေးလား ဆိုပြီးမေးတော့ မဟုတ်ပါဘူးတဲ့ ဝတ်စရာမရှိလို့ ဂါဝန်ပေးဝတ် ထားတာပါတဲ့ ၂နှစ်ကလေးလေး တယောက်…

အဲ့ဒါ ကတော့ ဒီနေ့ သွားလှူ ဖြစ်တဲ့ ဒလဖက်ကမိဘမဲ့ ဂေဟာက လေးပါ ကျူးကျော်လို နေရာမျိုးမှာ တဲလေးတွေကို တာလပတ် လေးတွေနဲ့ နေက အရမ်းပူတော့ ကလေးတွေ လဲတော်တော် ပူကြတယ်။

ကိုယ်တွေတောင် မခံနိုင်ဘူး အငယ်ဆုံး လေးက ၂ လ အကြီးဆုံး သမီးလေးက ၁၄ နှစ်ပါတဲ့… ပုံမှန်အချိန်တောင် အလှူရှင် နည်းပါတယ် လူသိပ် မသိလို့ … ခုလိုအချိန်ဆို အလှူရှင် မရှိဘူးတဲ့ လှူချင်တဲ့ သူတွေရှိရင် မဂျူးကို လာပြော ပေးကြပါဦး

တရက်စာ အလှူဆို မနက်စာ နေ့လည်စာ ညစာကို တစ်သိန်းကျပါတယ်… တခြား အကျီတို့ အရုပ်တို့လှူချင်လဲရ ပါတယ်နော်.. ကလေးတွေကို နောက်တ ခေါက်ထပ် လာခဲ့မယ် ကတိပေးခဲ့တယ်

မိဘမဲ့ ဂေဟာလေးကို ကိုယ်တိုင် ကိုယ်ကျ သွားရော က်ပြီး လှူဒါန်းချင်တဲ့ စေတနာ ရှင်တွေ အတွက်လည်း (Nom 1100/11: Maha Ba Khaing Street: Kyan Sitt Thar Quarter. 0976603 5963) ကို ဆက်သွယ် လှူဒါန်းနိုင် ပါတယ်ဆိုတဲ့အကြောင်းကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

News

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *