ချွေးပေါက်တွေပိုကျယ်လာအောင်တော်တော်များများသတိမမူပဲလုပ်မိနေတဲ့အမှားများ
Skin Problem တွေထဲမှာဆိုရင် ချွေးပေါက်ကျယ် တဲ့ပြဿနာကလည်း တော်တော်ဆိုး ပါတယ်။ အဆီတွေပိုပြန်လာပြီး မိတ်ကပ်ကွက်တာ၊ ဝက်ခြံထွက်တာ၊ အဆီဖုထွက် တာမျိုးတွေ အရမ်းဖြစ်စေပါတယ်။

တစ်ခါတစ်လေ ကျရင် ကိုယ်လုပ်လိုက်မိတဲ့ အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာ တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း လုပ်မိရင်ဆင်ခြင်နိုင်ဖို့အတွက် ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့ကို ပြောပြပေးလိုက်ပါတယ်။
အဆီစုပ်စက္ကူခဏခဏသုံးခြင်း

တော်တော်များများက အဆီပြန်တယ် ဆိုရင် အဆီစုပ် စက္ကူလေးသုံး လိုက်တယ်။ အဆီတွေ ပါသွားတယ် ဆိုပြီး သဘောကျကြ တယ်။ ဒါက တစ်ခါတစ်လေပဲ ကောင်းပါတယ်။အဲ့လိုမဟုတ်ပဲ အဆီစုပ်စက္ကူကို ခဏခဏသုံးမယ်ဆိုရင်တော့ ချွေးပေါက်တွေပိုကျယ်ပြီးအဆီပိုပြန်လာမှာပါ။
ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံတွေကို အတင်းညှစ်ခြင်း

ချွေးပေါက်တွေပိုကျယ်လာအောင်တော်တော်များများ လုပ်မိနေတဲ့အမှားတချို့တချို့က ဘာအဖုပဲ ထွက်ထွက် လက်သည်းနဲ့ညှစ်ကြတာ၊ ကုတ်ဖဲ့ကြတာ၊ ဆားဝက်ခြံ ဆိုလည်း အားနေညှစ်နေ တာမျိုး၊ ဆားဝက်ခြံကပ်ခွာ သုံးတာမျိုးတွေ အရမ်းလုပ်ကြ ပါတယ်။ ဒီလို လုပ်တာတွေက ချွေးပေါက်တွေကို ပိုပြီးကျယ်လာစေ ပါတယ်။
Exfoliation ခဏခဏလုပ်ခြင်း

Exfoliation လုပ်တယ် ဆိုတာလည်း တစ်ပတ်မှ တစ်ခါပဲလုပ်တာ ကောင်းပါတယ်။ခဏ ခဏ လုပ်မယ် ဆိုရင်တော့ ချွေးပေါက်တွေကျယ်လာ ပါလိမ့် မယ်။ ဒါ့အပြင် အရေး အကြောင်းတွေလည်း မြန်မြန်ဖြစ်စေ ပါတယ်။
နေလောင်ကာ Sunscreen မလိမ်းခြင်း

နေလောင်ကာ Sunscreen မလိမ်းရင် အသားအရေအရမ်း ပျက်စီး ပါတယ်။ Skin Tissue တွေလည်း ပျက်စီးစေတယ်။ ချွေးပေါက်တွေလည်း ပိုပြီးကျယ် လာစေ တယ်။ အသက်ကြီးလာရင် အမဲစက်နဲ့ မှဲ့ခြောက်တွေလည်း ထွက်လာနိုင် ပါတယ်။
အဆီအစိမ့်တွေအရမ်းစားခြင်း
အဆီအစိမ့်တွေ အရမ်းစား တာက အဆီဖုတွေ ထွက်စေပြီး ချွေးပေါက်တွေ ပိုကျယ် လာစေတယ်၊ အဆီပြန်တာတွေ ပိုပြီးဖြစ်လာစေ တာကြောင့် လျှော့ပြီးစားသင့် ပါတယ်။

Source : brightside