လပြည့် ညရောက်တိုင်းယုံယုံကြည်ကြည်ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံစေမယ့် ဂါထာတော်

လပြည့် ညရောက်တိုင်းယုံယုံကြည်ကြည်ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံစေမယ့် ဂါထာတော်

ငွေဝင်ဂါထာဟု ကျော်ကြား သော ဒိဝါတပတိ ဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော်

(၁) ဒိဝါ တပတိ အာဒိစ္စော ၊ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ။(၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ။

ဂါထာတော် မြန်မာပြန် အနက်

(၁) နေမင်းသည် နေ့အခါ၌ သာ တောက်ပ၏။ လမင်းသည် ညဉ့်အခါ ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင်ထားမှသာ တောက်ပ ၏ ။ရဟန္တာသည် ဈာန် ဝ င်စားေ နမှသာ တောက်ပ၏။

မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါအခါခပ်သိမ်းတန်ခိုးတော်အမျိုးမျိုးဖြင့် အချိန် တိုင်း တောက်ပ၏ ။

(၂) ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော် အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးက န်ေ တာ့ပါ၏ မြတ်စွာဘုရား။

ဤသိုရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား။

ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ။

မြန်မာအသံထွက်

(၁) ဒိဝါ တပတိ အာဒိတ်စော ရတ်တိမာ ဘာတိ စန်ဒိမာ သန်နတ်ဒေါ ခတ်တိယော တပတိ ဈာယီ တပတိ ဗြင်မဏော အထ သပ်ဗ မဟော ရတ်တိန်ဗုဒ်ဓေါ တပတိ တေဇသာ။

(၂) တာဒိသံ တေဇသံပန်နံ ဗုတ်ဓံ ဝန်ဒါမိ အာဒရံ နမက်ကာရာ နုဘာဝေန သပ်ဗေ ပူရင်တု သင်ကပ်ပါ။(ရကောက် အသံရွတ်လျှင် အင်္ဂလိပ် အသံထွက် R လို လျှာလိပ်သံဖြင့် ထွက်ပါ။ ယပ လ က်အသံ ယတ်ဟု မထွက်ပဲ ရတ် ဟု ပီပြင်အောင် ထွက်နိုင် ရန်က ကြိုးစားပါ။ ယံ အသံ မထွက်ပဲ ရံ ဟု ပီးပြင်အောင် ကြိုးစားပါလေ)

ဘုရားရှင် ဟောကြားတော်မူခြင်း

မြတ်စွာ ဘုရား သာဝတ္ထိပြည် ပုပ္ပာရုံ ကျောင်း မိဂါရမာတုပြဿ ဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူ ကို အကြောင်း ပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားေ တာ် မူပါသည်။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့်တ ယ်မှု တို့ကို တွေ့မြင် နှစ်သက် ပီတိ ဖြစ်တော်မူသည်။

ထိုသို့ အာရုံခံစားမူ ဖြစ်နေ စဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲ ကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့် တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စား သဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်း ပေါ်နေသည်ကို မြင်ရသဖြင့် နှစ်သက်ပီတိ ဖြစ်တော် မူပြ န်ေ လသည်။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါနေမင်း’ လမင်း’ ရှင်ဘုရင်’ ရဟန္တာ’တို့ထက်သာလွန် လွှမ်းမိုးထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အား လျှော က်ထားရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော် မူလေသည်။

(၂) ဂါထာတော်မှာ နှောင်းပညာရှိ သူတော်ကောင်း သူမြတ်လောင်း တို့မှ ရွတ်ဖတ်ပူဇော်သူ အမျိုးကောင်းသား အမျိုးကောင်းသမီး သူတော်ကောင်းတို့ အကျိုးပေး ထက်သန်စေရန် ရည်သ န်လျှက် ရှိခိုး ဆုတောင်း ဂါထာကို ထည့်သွင်းလျှက် ရွတ်ဖတ်ပူဇော်စေရာ မှ ဒုတိယ (၂) ဂါထာဟာ ပါဝင်လာခြင်း ဖြစ်ပေသည်

Credit : Danma (ဓမ္မပဒ)

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *