မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး နောက်တစ်လုံးထပ်မံဖြစ်ပေါ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံသို့သက်ရောက်မှု ရှိ မရှိအခြေအနေများ

မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး နောက်တစ်လုံးထပ်မံဖြစ်ပေါ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံသို့သက်ရောက်မှု ရှိ မရှိအခြေအနေများ

နိုင်ဝင်ဘာ ၂၃၊ ၂၀၂၀

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောမုန်တိုင်းငယ်နှင့်ပတ်သက်ပြီး မိုးလေဝသဆရာမလေး စုစုစံက ခုလိုပြောပြထားပါတယ်။ ”ဘင်္ဂလားပင်လယ်အော်တွင် 97B TD မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး နောက်တစ်လုံးထပ်မံဖြစ်လာပါဦးမယ်။

၂၀၂၀ နိုဝင်ဘာလနောက်ဆုံးပတ်နှင့် ဒီဇင်ဘာလပထမပတ်အတွင်းမုန်တိုင်းဖြစ်နိုင်ခြေရှိနေပြီး ဒီဇင်ဘာလ အလယ်ပိုင်းမှာတော့ မုန်တိုင်းဖြစ်နိုင်ခြေမရှိတော့ပဲ ဒီဇင်ဘာလ ၂၀ရက်နေ့ကျော်တာနဲ့မုန်တိုင်းတွေထပ်မံဖြစ်လာဖို့အလားအလာအားကောင်းနေပြန်ပါတယ်။ NEM မုတ်သုန်ဖြစ်တာနဲ့အညီ သိရိလင်္ကါနဲ့ အိန္ဒိယတောင်ပိုင်း

အရှေ့တောင်ပိုင်းတွေကို မိုးများစွာရွာသွန်းနိုင်ပြီးလာနီညာသက်ရောက်မှုက ၎င်းဒေသတွေကို ရေကြီးရေလျှံခြင်းတွေ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်။ မြန်မာဖက်ကဖိအားမြင့်လေထုများကြောင့် မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်ရန်အလားအလားနည်းသော်လည်းပဲ

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှအလယ်ပိုင်းသို့ ရောက်လာခဲ့ရင်မိုးသက်ရောက်မှုရှိနိုင်သဖြင့် သတိထားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်… မိုးရွာနိုင်ခြင်းရှိလာတာနဲ့ရက်ကြိုတင်ပြီး ခန့်မှန်းပေးနေမှာပါနော်…

22/11/2020 at 11:16pm (MMT) Su SuSan

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *