၂၉.၄.၂၀၂၁ မှ ၅.၅.၂၀၂၁ ခုနှစ်ထိ ၇ရက်သားသမီးများတစ်ပတ်စာကံကြမ္မာ

၂၉.၄.၂၀၂၁ မှ ၅.၅.၂၀၂၁ ခုနှစ်ထိ ၇ရက်သားသမီးများတစ်ပတ်စာကံကြမ္မာ

တနင်္ဂနွေသားသမီးများ

ဒီကာလအတွင်း တာဝန်တွေပိုလာတတ်ပေမဲ့ မိမိကိုယ်တိုင်က ဝီရိယထားပြီးလုပ်ပေးစေချင် ပါတယ်။ ဈေးရောင်းဈေး ဝယ်လုပ်နေသူများ အရောင်းအဝယ်တွေပါးနေတတ်ပါတယ်။ စိတ်မပျက်လိုက်ပါနဲ့။ ယုံကြည်မှုကို တည်ဆောက်နိုင်အောင်ကြိုးစားနေလိုက်ပါ။ နောက်အပတ် တွေ မှာ အဆင်ပြေသွားပါလိမ့်မယ်။ မိမိပြောချင်တင်ပြ ချင်တာတွေ အထက်လူကြီးကိုတင်ပြပြောဆိုလို့မသင့် သေးတဲ့ ကာလပါပဲ။

တစ်ခု သတိပေးချင်တာက သတိထားပြီး လမ်းသွားပါ။အသွားမတော်တစ်လှမ်းဆိုသလို ချော်လဲပြီး အနာတရအလွန်ဖြစ်လွယ်ပါတယ်။အခြားရောဂါ စက်ပစ္စည်းက တစ်ပတ်ရစ် ဝယ်မိရင်တော့ ခြူခြာလွယ်ပါတယ်။ နားလည်သူတွေနဲ့တိုင်ပင်ပြီးမှဝယ်လိုက်ပါ။ ငွေကြေး၊ ပစ္စည်း အပျောက်အရှများမည်။

အ ပြောကြီး၊ အကြွား သန်၍ ဟိတ်ဟန်ကြီးသော သူများနှင့် ပူးတွဲလုပ်ရာမှ အဆင် မပြေ၊ တလွဲတချော် ဖြစ်မည်။ကိုယ်ပိုင်အစွမ်းအစကို လက်တွေ့အသုံးချ၍ မြင့်လား သော ဘဝအခြေ အနေများ ကို ဖန်တီးနိုင် မည်။

အချစ် ရေးကံက တော့ကောင်း ပါ တယ်။ ချစ်သူရဲ့အကြင်နာတွေရလိမ့်မယ်။ အိမ်ထောင်ရေးအတွက် လဲ စိတ်ပူဖို့မလိုပါဘူး။ အိမ်ထောင်ရေး သာယာပျော်ရွှင်ပါလိမ့်မယ်။ ပ ညာရေးမှာတော့ တွက်စာပိုင်းနား မလည်တာတွေများ နေလိမ့်မယ်။ အကျိုးပေးဂဏန်း 3/6/7အထူး ဟောအနည်း ငယ်ပင်ပန်းရမည်။

ယတြာမီးချောင်းအကျွမ်းတွေ၊ အားသွင်းကြိုးအပျက်တွေကို စွန့်ပစ်လိုက်ပါ။

တနင်္လာသားသမီးများ

ဒီတစ်ပတ်အတွင်းမှာတော့ ကိုယ်ကျင့်တရားအထူးကောင်းသူတွေက အလွန်မှအဆင်ပြေပါလိမ့်မယ်။ လူအများ ရဲ့ချီးကျူး ခြင်းကိုလဲခံရတတ်ပါတယ်။သွားလိုတဲ့ခရီး တွေကိုလဲသွားရဖို့အကြောင်းဖန်လာတတ်ပါတယ်။ လူမှုရေးအရှုပ်အထွေးတွေကိုလဲ ပြေလည်အောင်ဖြေ ရှင်း နိုင် ပါလိမ့်မယ်။

စိတ်အေးငြိမ်းမှုကိုရရှိတတ်ပါတယ်။ တရားပုံမှန်အားထုတ်နေသူများ တရား အသိတွေတိုးပါလိမ့်မယ်။အဖွဲ့အစည်းနဲ့ လူအများနဲ့လုပ်ရတဲ့အလုပ်တွေ ထင်ထားသည်ထက်ပိုမိုတိုးတတ်လိမ့် မယ်။ ရပ်ဝေးဆရာသမား၊ ကြီးကဲသူတွေက အကူအ ညီကောင်းတွေ ပေး လာပါလိမ့်မည်။ အဖိုးတန်ပစ္စည်းနှစ်မျိုး ဝင်လာတတ်ပါတယ်။

အောက်လက်ငယ်သား တွေ ကျန်း မာရေး ညံ့တတ် ပါ တယ်။ လုပ်ငန်းခွင်မှသူများ အလုပ်သစ်၊ ပုံစံသစ်၊ ဖွဲ့စည်းမှုသစ်နှင့် ရာထူးနေရာသစ်တို့ကို ကိုင်တွယ်ရ ခြင်းများ ကြုံမည်။ ကျန်းမာရေး က တော့ အနည်းငယ်အားနည်းတတ်ပါတယ်။ မတည့်တဲ့အစားတွေရှောင်လိုက်စေချင်ပါ တယ်။ချွေးထွက်များသူများ သတိထားပါ။မူးမေ့လဲကျတာမျိုးဖြစ်တတ်ပါတယ်။

အချစ်ရေးကံလဲအထူးကောင်းပါ လိမ့် မယ်။ အွန်လိုင်းပေါ်ကနေ ချစ်သူရလွယ်တဲ့အချိန်ပါပဲ။ မိန်းက လေးများ လာရောက်စကားကမ်းလှမ်းတာမျိုး တွေကြုံလွယ်ပါတယ်။အိမ်ထောာင်ရေးလဲ အညံ့မရှိသလောက် နည်း ပါတယ်။ ပညာရေးက တော့အသိပညာ ပိုမို တိုးပွားမယ့်နေရက်တွေပါပဲ။

အကျိုးပေးဂဏန်း 1/4/7အထူးဟော အဆင်ပြေ ကံကောင်း နေမည်။ယတြာ ရှမ်းခေါက် ဆွဲတစ်ပွဲ ဘုရားကပ်လှူဆုတောင်းလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းငွေကြေးနဲ့ပတ်သက်ပြီးအစုလိုက်ဝင် တတ်တဲ့ကာလပါပဲ။ ထီဝါသနာပါ သူများ ၄၊၈၊၅ များများ ပါတဲ့ ထီလက်မှတ် ကိုရွေး ချယ် ကံစမ်းသင့်ပါတယ်။ မိဘတွေ ဆရာသမားတွေရဲ့အကူအညီတွေအထောက် အပံ့တွေရ လွယ် ပါတယ်။ အလုပ်သစ် လျှောက်ထားသူ များ၊ အင်တာ ဗျူးဖြေထားသူများအလုပ်ရလွယ်ပါလိမ့်မယ်။

ကိုယ်ပိုင်စီးပွားများချဲ့ထွင်ချင်တာပဲဖြစ်ဖြစ်၊ဆိုင်ခွဲဖွင့်ချင်တာပဲဖြစ်ဖြစ် ဒီကာ လမှာဆောင်ရွက်လို့အလွန်ကောင်းပါ တယ်။ဒီကာလအတွင်းမှာ လုပ်သမျှ၊ ကြံသမျှ ထစ်ငေါ့ကြန့်ကြာပြီးမှ အောင်မြင်မယ်။ ဒါပေမယ့် ထူးထူးခြားခြား အောင်မြင်မှုကြီးမျိုးတွေလည်း ကြုံတွေ့ ရမယ်။ အပင်ပန်းခံပြီး အကျိုး ထူးခံစားရမယ့်ကိန်းမျိုး လည်း ဖြစ်ပါသည်။

ကျန်းမာရေး ကတော့ဒီကာလအတွင်း အညံ့အဆိုးရှိ တယ် လို့ပြော ချင်ပါတယ်။ အရေပြားနဲ့ပက်သက်သောရောဂါ တွေဖြစ်လွယ်ပါတယ်။ဗိုက်အောက်ဗိုက်နာဆိုတာ မျိုးတွေ ကိုလဲ ကြုံနေရ တတ်ပါတယ်။

အချစ်ရေးမှာတော့ အလွန် မှကြည်နူးစရာကောင်းပါတယ်။ချစ်သူနဲ့ အဆင်မပြေတာတွေကိုကောင်း စွာညှိနှိုင်းလို့ရ လိမ့် မယ်။ အိမ်ထောင် ရေးကတော့ အညံ့ရှိနေတတ်ပါတယ်။အိမ်ထောင်ဘက်ကအပျော်အပါးမက်နေသလို သူရဲ့ ကျန်းမာရေးအားနည်း နိုင်တာလဲတွေ့ရပါတယ်။ ပညာရေး ကတော့အဆင်ပြေတိုးတတ်မဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/2/9အထူးဟော စိတ်ချမ်းသာရပါလိမ့် မယ်။ယတြာ ဘဂဝါဂုဏ် တော်ကို နိုင်သလောက်ပုတီးစိပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအလုပ်နဲ့ပတ်သက်ပြီးတော့လဲ ပြဿနာလေးတွေရင်ဆိုင်ရတတ်ပါတယ်။ နှုတ်နည်းတာ အကောင်းဆုံး လို့ပဲမြင်ပါတယ်။ စကားများလေ ပြဿနာများလေပါပဲ။ အလုပ်သစ်တွေရဖို့ခက်ခဲပါတယ်။ ခရီးသွား မယ်ဆိုယာဉ်ကားတွေကိုသေချာစစ်ဆေးပြီးမှသွားပါ။ လမ်းခရီးမှာကားပျက်တာမျိုးတွေအထူးပဲဖြစ်လွယ်ပါတယ်။စိတ်နဲ့ပတ်သက်သော လေ့ကျင့်ခန် းတွေကိုများများလုပ်စေချင်ပါတယ်။

မိမိလုပ်ကိုင် နေ တဲ့ အလုပ် တွေမှာ လုပ်ဖော် ကိုင်ဖက် တွေရဲ့ဆန္ဒ တွေ ကို အထူးဦးစားပေးလိုက်ပါ။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမှအပ အခြားသိပ်မရင်းနှီးတဲ့ သူငယ်ချင်း တွေကို မယုံသင့်ပါဘူ။ မိမိကို လိမ်သွားတာ၊ချောက်ချတာမျိုးတွေလုပ်တတ်လို့ပါပဲ။ အများကိစ္စ၊ လူမှုရေး ကိစ္စများ ဆောင်ရွက် ရင်း သူများ ပြဿနာ များ ကိုယ့် ထံသို့ ကျရောက်လာ ရတတ်သည်။

ဥပဒေနှင့်မကင်းသော ကိစ္စမှန်သမျှ ရှောင်ကြဉ်ပါ။ ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ စပ်လွန်းသောအစာများ စားခြင်းကို တော့ရှောင်ပါ။ အချစ်ရေးမှာသဘောထားကြီး တဲ့ချစ်သူကြောင့် စိတ်ချမ်းသာရပါလိမ့်မယ်။ အိမ်ထောင်ရေး သင့်တယ်လိုပဲသုံး သပ်ရမဲ့နေ့ရက်တွေပါပဲ။ အရမ်း ဆိုးနေတာမတွေ့ပါ။

ပညာရေးမှာတော့ မိမိကိုယ် တိုင်က စာလုပ်ရမှာကိုပျင်း နေတာစိတ် မပါတာမျိုး ဖြစ် နေလိမ့်မယ်။အကျိုးပေးဂဏန်း 2/3/6အထူးဟော ကံအားနည်းနေမည်။ယတြာ သမ္ဗုဒ္ဓေဂုဏ်တော်ကို နေ့စဉ် ၃၇ခေါက်ရွတ်ပွားလိုက်ပါ။

ကြာသပတေး

ဒီကာလတွေမှာတော့အဆင်မပြေသူတွေ၊အခက်အခဲဖြစ်နေသူတွေကိုတတ်အားသမျှကူညီချင်နေတတ်ပါတယ်။ ငွေကြေးများ လာရောက် ချေးငှားလိမ့်မည်။ ငွေမချေးရ။ ဆုံးရှုံးရတတ်သည်။ မနာလို၊ ရန်အတိုက်အခံ ပြုသူ များနှင့် တွေ့ မည်။ စကား အတင်း အဖျင်းပြော သူများ ကြောင့် စိတ်အနှောက်အယှက်များ ဖြစ်ရမည်။

ဆွေမျိုး သားချင်းများ၊ မောင်နှမသားချင်း များ၏ ပြဿနာများကို လိုက်လံ ဖြေရှင်း ပေးရ လိမ့်မည်။တစ်ပိုင်းတစ်စဖြစ် နေတဲ့အလုပ်တွေကိုလဲအပြီးသတ်လုပ်ကိုင်နိုင် ပါလိမ့်မယ်။ ခရီးသွားရမယ်ဆိုရင်တော့ လမ်းခရီးပင် ပန်းပေမဲ့ လိုရာ ခ ရီးရောက်သွားရင်တော့ မိမိလုပ်ရမဲ့ကိစ္စတွေ ကိုအဆင်ပြေပြေလုပ်ကိုင်သွားနိုင်ပါလိမ့်မယ်။

အဖိုးတန်ပစ္စည်းတွေ ကို တော့ အလွယ်မထား သင့်တဲ့နေ့ရက်တွေပဲ ဖြစ်ပါတယ်။ အလွယ်ရလို့ ယူသွားတာ၊အလစ် သုတ်သွား တာမျိုး တွေဖြစ် ရတတ် ပါတယ်။ အသစ်ပြင်ဆင် ဆောင် ရွက် သော လုပ်ငန်းတို့မှ ထူးခြားသောအခြေအနေသစ်များ ပေါ်ထွန်း မည်။အရပ်ဝေးနှင့် ဆက်ဆံ၍ အကျိုးထူးများ ရရှိမည်။ ကျန်းမာရေးဒေါင်ဒေါင် မြည်ကောင်းနေတတ်ပါ တယ်။

အချစ်ရေးမှာလဲ မိမိရဲ့သည်း ခံ ခွင့် လွတ်စိတ်ကြောင့် အဆင်ပြေမှုတွေကြုံရတတ်ပါ တယ်။ အိမ်ထောင်ဘက်ကို တော့စိတ်ကုန်နေတတ်ပါတယ်။ ပညာ ရေး မှာလဲအရာ ရာ ထိုး ထွင်းသိနေတတ်ပါတယ်။အကျိုးပေးဂဏန်း 3/7/8အထူးဟော ကံသင့်ပါတယ်။ယတြာ လက်ဖက်သုပ်ဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အလုပ်နဲ့ပတ်သက်ပြီးတော့ လဲ မိမိဆုံးဖြတ်ချက်တွေမှန်ကန်နေတတ်ပါတယ်။ မီးခဲပြာဖုံး ဖြစ် နေတဲ့ မိမိအစွမ်းအစ တွေ ထုတ်ပြခွင့်ရလာမဲ့ကာလ ပါပဲ။ သားသမီးတွေ၊တူတူမတွေအတွက် ငွေကုန်ကြေး ကျတွေများနေ တတ်ပါတယ်။ စကား ပြောကောင်း ပြီး အတွင်းကောက်တဲ့ ကျီအားသီးလိုလူတွေနဲ့တွေ့ရတတ်ပါ တယ်။

ဒါကြောင့်အားမနာတတ်ဖို့ လိုပါတယ်။ ပြောင်းလဲ နေ သော အခြေအနေ အရပ်ရပ်နှင့် ဖြစ်ပေါ်လာသော အခွင့် အရေးသစ်တို့သည် တိုးတတ်သောအနေအထားကို ဖြစ်ပေါ်စေမည်။ အလုပ် မှာရာထူး တိုးတာ မျိုး တွေ၊ နေရာကောင်းရတာမျိုးတွေကြုံရလွယ်ပါတယ်။ကျန်းမာရေးကတော့ အညံ့သိပ်မတွေ့ရပါဘူး။နေလို့ထိုင်လို့ကောင်းမဲ့နေ့ရက်တွေပါပဲ။

အစီအစဉ်ပြောင်းလဲ၍ လုပ်ကိုင်ခြင်းများမှ အောင်မြင်တတ်ပါသည်။ တစ်ကိုယ်ရည် တစ်ကာယ လုပ် ရ တဲ့ အလုပ်များ လုပ်သမျှထူးခြားစွာ တိုးတတ်မည်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့ အနည်းငယ်စိတ်ညစ်ရတတ်ပါ တယ်။ ချစ်သူ ရဲ့ဥပေက္ခာပြုခြင်းကိုခံရတတ်ပါ တယ်။အိမ်ထောင်ရေးညံ့နေတာ မျိုးတောာ့ဒီကာလမှာ မတွေ့ရပေ မယ့် အိမ်ထောင်ဘက်ရဲ့ဆွေမျိုးတွေက လာရောက်ဒုက္ခပေးတာမျိုးတော့ ကြုံရ တတ်ပါတယ်။

ပညာရေးကံ အလွန်မှ ကောင်းပါလိမ့်မယ်။ ရသမျှ ပညာယူထားဖို့တိုက် တွန်း ချင်ပါ တယ်။အကျိုးပေးဂဏန်း 1/5/8အ ထူး ဟော လုပ်ငန်းတွေတိုးတတ်လာလိမ့်မယ်။ယတြာ ပျားရည်ဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလအတွင်းမှန်းချက်နှင့် နှမ်းထွက် မကိုက်ဆို တာမျိုးတွေ ကြုံရတတ်ပါတယ်။ မိမိစိတ်တိုင်းကျ အလုပ် ကိစ္စများတွင် ဆောင်ရွက်နိုင် ရန် အခွင့်အလမ်းမရဖြစ်ရတတ်ပါတယ်။ ခရီးရှည်ထွက်ရမယ်ဆို သေချာပစ္စည်းတွေကို ထိန်းသိမ်းဖို့ တိုက်တွန်း ပါတယ်။ အလစ်သုတ်ခံ ရတတ်လို့ပါပဲ။ အသစ်စမဲ့အလုပ်တွေရှိရင် ဒီကာလမှာမစပါနဲ့ဦး။

အဆင်သင့်မဖြစ်သေးဘူးလို့မြင်လို့ပါ။ အောက် လက်ငယ်သားတွေ အ ကျိုးပေးတတ်ပါတယ်။အောက်ခြေဝန်ထမ်း တွေရဲ့အကူအညီတွေအများကြီးရပါလိမ့်မယ်။ သူတစ်ပါးပေးတဲ့ အကြံဉာဏ်တွေကြောင့် အမှားအယွင်းများရတတ် ပါ တယ်။ ကိုယ့်ကို အသုံးချ၍သော်လည်းကောင်း၊ အပြစ်ပုံချ၍ သော်လည်းကောင်း ၊ ကိုယ်လွတ်ရုန်း ချောက်တွန်း မည့်သူများ ဖြစ်နေပါ သည်။

အရက်သောက်တတ်သူများ အခုလိုအပူချိန်မြင့်မားနေချိန် လျှော့မသောက်ပါက ကျန်းမာရေး ကိုတိုက်ရိုက်ထိခိုက် သွားနိုင်လို့ပါပဲ။ ငွေကပုံမှန်တော့ဝင်နေပါလိမ့်မယ်။သူများငွေတွေ၊ အဖွဲ့အစည်း ငွေတွေလက်ခံလိုက်ရင်တော့ လာဘ်ပိတ်သွားတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူနဲ့ အဆင်ပြေ ပါလိမ့် မယ်။ အနေဝေးရတာမျိုးတော့ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဖက်နစ်နာစေမဲ့ စကား မျိုးမပြောမိ အောင်ရှောင် လိုက် စေချင်ပါတယ်။ ပညာရေးကံကတော့အကောင်းအဆိုးမျှနေတတ်ပါတယ်။အကျိုးပေးဂဏန်း 2/5/6အထူး ဟော ဘာလုပ်လုပ်စဉ်းစားချင့် ချိန်ပြီးမှလုပ်ပါ။

ယတြာ အောက်လက်ငယ် သားတွေကို အစားအသောက် တစ် ခုခု ဝယ် ကျွေးလိုက်ပါ။၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/09 44 5555 695

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *