သင့်ဆံပင်များ သန်မာပြီးပျော့ပြောင်းနုညံ့စေဖို့အတွက်” ဆား ” ရှိယုံနဲ့ အိုကေမယ့်နည်း

သင့်ဆံပင်များ သန်မာပြီးပျော့ပြောင်းနုညံ့စေဖို့အတွက်” ဆား ” ရှိယုံနဲ့ အိုကေမယ့်နည်း

မီးဖိုချောင်မှာ အမြဲတမ်းလိုလိုရှိနေတဲ့ဟင်းချက်စရာတွေအတွက် အသုံးဝင်တဲ့ဆားဟာ မထင်မှတ်ပဲ ဆံပင်အတွက်ပါ အသုံးဝင်တဲ့အလှကုန်ပစ္စည်းဖြစ်လာခဲ့ပါပြီ။

ခေါင်းလျှော်ရည်ထဲကို ဆားအနည်းငယ်ထည့်လျှော်ပေးသင့်တယ်ဆိုတဲ့ အလှအပဆောင်းပါးတစ်ခုကိုတွေ့ခဲ့လို့ ပရိသတ်ကြီးအတွက် အလှအပဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခေါင်းလျှော်ရည်ထဲဘာလို့ဆားထည့်ပေးသင့်တာလဲ?ဆားက သဘာဝဖြစ်တဲ့အတွက်ဘေးဥပါဒ်ဖြစ်မှာလည်းလုံးဝမစိုးရိမ်ရပါဘူး။ခေါင်းလျှော်ရည်ထဲကို ဆားစားပွဲတင်ဇွန်း ၂ဇွန်းစာလောက်ရောထည့်ပြီးလျှော်ပေးတာက…

အဆီပြန်ခြင်းကိုကာကွယ်ပေးတယ် ခေါင်းလျှော်ရည်ထဲဆားထည့်လျှော်ပေးတာက ဦးရေပြားအဆီပြန်ခြင်းကို ကာကွယ်ပေးပါတယ်။

လုံးဝအဆီမပြန်တာမျိုးမဟုတ်ပဲ လိုအပ်တဲ့အဆီပမာဏာပဲအဆီပြန်အောင်ထိန်းညှိပေးတာပါ။

အဆီပြန်တာကိုကာကွယ်ပေးတဲ့အတွက် ၂ရက်လောက်နဲ့အဆီပြန်တဲ့ဦးရေပြားဟာ စေးကပ်ကပ်ဖြစ်မနေတော့ပဲ သုံးရက်လောက်နေမှ ခေါင်းလျှော်ပေးလို့ရသွားပါတယ်။တစ်ပတ်လောက်နဲ့တင် သိသာတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။

ဗောက်ထခြင်းနဲ့ဦးရေပြားပြဿနာကိုဖြေရှင်းပေးတယ်ခေါင်းလျှော်ရည်ထဲဆားအနည်းငယ်ထည့်လျှော်ပေးတာဟာ ဗောက်ထခြင်းကိုကာကွယ်ပေးပါသတဲ့။ဗောက်ထလို့စိတ်ညစ်စရာမလိုတော့ပါဘူးနော်။

ပိုပြီးထိရောက်ချင်ရင် အိမ်သုံးဆားထက်ပင်လယ်ဆားကိုသုံးပေးပါ။ပင်လယ်ဆားနဲ့ခေါင်းလျှော်ရည်ကို ရောစပ်ပြီးဦးရေပြားကိုအသာအယာ ၁၀ မိနစ်လောက်နှိပ်နယ်ပေးပါ။ဦးရေပြားကိုပါသန့်စင်ပြီးသားဖြစ်ပါလိ့မ်မယ်။

ဆံပင်ကျွတ်သက်သာစေတယ်။ဆံပင်တွေခဏခဏကျွတ်နေရင် ဒီနည်းလေးကိုသာသုံးပေးလိုက်ပါ။အပေါ်ကနည်းအတိုင်း ဦးခေါင်းကို၁၀မိနစ်လောက်နှိပ်နယ်ပေးပြီးလျှော်ကြည့်ပါ။

အရင်လိုဆံပင်မကျွတ်တော့တာကို သတိထားမိပါလိမ့်မယ်။ဒီတော့ဘယ်လိုဆားမျိုးက ဘာအတွက်အသုံးဝင်လဲ?

စားပွဲတင်ဆား -အိမ်သုံးဆားက ဆံပင်ကျွတ်ခြင်းကိုအထူးသက်သာစေတယ် ။

သဘာဝဆား- မသန့်စင်ရသေးပဲ သဘာဝအတိုင်းရရှိလာတဲ့ဆားက ဦးရေပြားပြဿနာတွေကိုကာကွယ်ပေးတယ်။ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ပေးတယ်။

ဆားခါး -ဆားခါးကတော့စိမ်နိုင်ရင် ခန္ဓာကိုယ်အတွက်ပါကောင်းမွန်စေပါတယ်။ဆားခါးက ဆံပင်အဆီပြန်တာကိုသက်သာစေသလို ဆံပင်ပျော့ဆေးနဲ့ရောစပ်သုံးရင် ဆံပင်လည်းအုံထူစေတယ်။

ခေါင်းလျှော်ပြီး မိနစ် ၂၀လောက်နေမှ ရေနဲ့သန့်စင်ပါ။ဆံပင်အတွက်ကောင်းမွန်တဲ့သဘာဝအလှကုန်ပစ္စည်းတစ်လက်ဖြစ်လို့ သေချာစမ်းသပ်သုံးကြည့်ကြဦးနော်။

ခရက်ဒစ်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *