ဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ

ဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ

အသင့်အတင့်ကော်ဖီသောက်ခြင်းက ကျန်းမာ ရေးနဲ့ ညီညွတ်တယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။

အထူးသဖြင့်ကော်ဖီထဲမှာပါရှိတဲ့ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာအူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးပါတယ်။သို့သော်အသီးအနှံမျိုးနွယ်ဝင်ကော်ဖီစေ့ထဲမှာ chlorine genic အက်ဆစ် (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကိုတွေ့ရပါတယ်။

အစားအသောက်ဆိုင်ရာဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ၊ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်၊တစ်နည်းအားဖြင့်ဆိုသော်ဗိုက်ထဲမှာဘာအစာမျှမရှိဘဲကော်ဖီသောက်မိတဲ့အခါဆိုးရွားတဲ့ဓာတ်ဖောက်ပြန်မှုကိုခံစားရစေနိုင်တယ်လို့ဆိုပါတယ်။

အသေးစိပ်အနေဖြင့် ပြောရရင်၊ ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကိုဘလက်ခ်ကော်ဖီ(နို့လုံးဝမပါတဲ့ ကော်ဖီကြမ်း) တစ်ခွက်လောင်းထဲ့လိုက်တဲ့အခါအစာချေအင်္ဂါအစိပ်အပိုင်းများ ထဲမှ hydrochloric အက်ဆစ်ထွက်ရှိလာပြီးအစာအိမ်ရောင်ရမ်းနာရောဂါကို ဖြစ်စေနိုင်ပါတယ်။

အကယ်၍ မည်မျှပင် ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ဤကဲ့သို့သောက်သုံးလိုက်ခြင်းကြောင့် hydrochloric အက်ဆစ် များဟာ အစာအိမ်ထဲမှာပျံ့နှံ့သွားပြီးနောက် ထမင်း (သို့မဟုတ်) အဖတ်တွေစားပြီးတဲ့အခါမှာ ထိုအစားအစာ တွေကို အစာအိမ်က ကောင်းစွာချေဖျက်နိုင်ဖို့ ခက်ခဲသွားပါပြီ။

ဒါ့ပြင် ထိုအစားအစာများထဲမှာပါရှိတဲ့ ပရိုတင်းအာ ဟာရတန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ်လုနီးပါး ဖြစ်သွားပါတော့တယ်။

၎င်း၏ နောက်ဆက်တွဲအဖြစ်ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်ဆစ် အထွက်များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်း တို့အပြင် အဆုံးစွန်သောဆိုးကျိုး အဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။

တဖန်အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ များက အိပ်စက်ခြင်းနှင့် ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက်မှုများကို လူ ၅ ဦးဖြင့် အချိန်တစ်လခွဲကြာ လေ့လာခဲ့ကြရာ

(က) ကော်ဖီတွင်ပါဝင်သော ကဖိန်းဓာတ် က ကိုယ်တွင်း ဇီဝဖြစ်စဉ်များကို မိနစ် ၄၀ ခန့် နောက် ကျစေကြောင်း၊ (ခ) ညနေပိုင်း ကော်ဖီသောက်သုံးခြင်းက အိပ်ယာဝင်ချိန်ကို တစ်နာရီခွဲခန့် အထိ နောက်ကျသွား စေကြောင်း၊

(ဂ) ညအိပ်ယာဝင်ချိန်မတိုင်မီ သုံးနာရီ အတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟိုမုန်းများထုတ်လုပ်မှုကို မိနစ် ၄၀ ခန့် နောက်ကျ စေကြောင်း၊ (ဃ) ညနေပိုင်း ကော်ဖီသောက်ခြင်းကအိပ်မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှား လည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေကြောင်း

စသည်ဖြင့် အဖြေထွက်ရှိတာကြောင့် ၎င်းအချိန်များမှာလည်း ကော်ဖီသောက်ရန် မသင့်ပေ။ (င) အရေးကြီး ဆုံးအချက်က နံနက်အိပ်ယာထ ချက်ချင်း ကော်ဖီကို အလျင်စလို မသောက်ပါနှင့်။

အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ယာနိုးထချိန် ကော်ဖီသောက်မိတဲ့အခါ၊ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏတွေ ရုတ်တရက်တိုးပွား လာကြပြီး၊ ၎င်း cortisol တွေက ခန္ဓာကိုယ်တွင်းဇီ၀ ဖြစ်စဉ်နာရီများကို ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်စေလို့ပါဘဲ။

(စ) သို့သော် ကော်ဖီသောက်သုံးခြင်းကစံတော်ချိန်မတူညီသော နိုင်ငံများသို့ ခရီးထွက်ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ဒါကြောင့်လည်း ကျန်းမာရေးသုတေသီများက ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်ကို

(က) နံနက်အိပ်ယာထပြီးနောက် တစ်နာရီခန့်အကြာမှာ သောက်ပါ (သို့မဟုတ်) ကော်ဖီမသောက်ခင် အဖတ် တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်း တစ်ချပ်လောက်ဖြစ်စေ စားပြီးမှသာ သောက်ပါရန် အကြံပြုထားကြပါတယ်။

(ခ) နေ့လည်စာစားပြီးနောက် တစ်နာရီကျော် အကြာ မှာလည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်တဲ့ အချိန်ဖြစ်ပါတယ်။ သို့သော် တန်ဆေးလွန်ဘေး ဖြစ်တတ် တာကြောင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက် အတွက် ကော်ဖီကို တစ်နေ့ ၃ ခွက် ထက်ပိုမသောက် သင့် ပေ။

ကော်ဖီကို တနေ့ ၃ ခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျ ရောဂါများနဲ့ အရိုးပါးရောဂါတွေ ဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့ ၄ ခွက်နဲ့အထက် သောက်သုံးသူများမှာ အချိန် မတိုင်မီ အသက်တိုစေနိုင်ပါတယ်။

ဒါ့ပြင် ကော်ဖီကို ပါရာစီတမောလ် အကိုက်အခဲပျောက်ဆေးတွေနဲ့ (လုံးဝ) တွဲမသောက် သင့်ပါကြောင်း၊ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူ များအဖို့ ကော်ဖီကို လျော့သောက်သင့်ပါတယ်။

သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာ ဘာအစာမျှမရှိခင် ကော်ဖီမသောက်ကြပါရန် နှင့် အကယ်၍ မိမိရဲ့နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက် ကိုင်၍ ထလေ့ရှိသူများ (ဝါ) မသောက်ရမနေနိုင်သူများအတွက်

ကော်ဖီမှုန့်နည်းနည်းမျှသာထည့်၍ နွားနို့ အနည်းငယ် (သို့မဟုတ်) ထောပတ်အနည်းငယ် ထပ်ဖြည့် ကာ အာသာပြေလောက် သောက်ကြပါရန်တိုက်တွန်းလိုက်ရပါတယ်။

ခရက်ဒစ် ပေါက်ပေါက်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *