လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းမြင်ချင်လျင် ဒါတွေနဲ့ စမ်းသပ်ကြည့်ပါ..

လူတစ်ယောက်ရဲ့စိတ်ကို ဖောက်ထွင်းမြင်ချင်လျင် ဒါတွေနဲ့ စမ်းသပ်ကြည့်ပါ..

ဘဝအတွက်လို့ တွေးမိတဲ့သူ ပေါ်လာရင်တော့ ဒီလိုမေးခွန်းလေးတွေ မေးကြည့်ပါဦးနော်…

ကိုယ့်ရဲ့သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ စိတ်ကို သိနိုင်မယ့် မေးခွန်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။မေးခွန်းတွေမှာ အဖြေ အတိအကျရယ်လို့တော့ မရှိပါဘူး။

ဖြေတဲ့လူတွေအပေါ် မူတည်ပြီး ကွဲလွဲသွားနိုင်ပါတယ်။ ပြီးတော့ “yes” or “no” ပဲဖြေရင် အဆင်မပြေပါဘူး။ ဒီမေခွန်းတွေကို မိမိ စိတ်ပျက်မသွားချင်တဲ့ လူတွေအပေါ် မမေးမိဖို့တော့ အကြံပေးပါရစေ။

မင်းရဲ့ သေမယ့်နေကို ရေးထားတဲ့ စာအိတ်ကို ဖွင့်ကြည့်မှာလား… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ သေခြင်းတရားအပေါ် ထားရှိတဲ့သဘောထားနဲ့ ဘဝကို ယေဘုယျအားဖြင့် ဘယ်လို ရှုမြင်နေလဲ ဆိုတာကို သိနိုင်ပါတယ်။

မင်းကိုယ်မင်း သူငယ်ချင်း ပြန်လုပ်မှာလား… ဒီမေးခွန်းဖြင့် လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ အားနည်းချက် အားသာချက်ကို သိနိုင်သလို သူတို့ဟာ ဘယ်လောက်ထိ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူလဲဆိုတာ သိနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ရဲ့ ခေါင်းပေါ်မှာ အရာရာကို တိုင်းတာနိုင်တဲ့ အရာသာ ရှိခဲ့မယ်ဆိုရင် သင့်အနေနဲ့ ဘာကိုတိုင်းဖို့ အသုံးပြုမလဲ…

ဥပမာ သူတို့ရဲ့ ချမ်းသာမှု၊ ပျော်ရွှင်မှု၊ လူမှုဆက်ဆံရေး အစရှိသဖြင့် တိုင်းမှာလား? ဒီမေခွန်းကနေ လူတစ်ယောက်ရဲ့ တန်ဖိုးနဲ့ သူ့ရဲ့ ဦးစားပေးမှုကို သိနိုင်ပါတယ်။

တခြားလူတွေနဲ့ မတူအောင် သင်ဘာလုပ်မှာလဲ… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု၊ သူတို့ရဲ့ ဟာသဉာဏ်၊ ရူးသွပ်မှု အတိုင်းအတာ နဲ့ ထူးခြားတဲ့ ပင်ကိုယ်တွေကို သိမြင်နိုင်ပါတယ်။

တကယ်လို့ မထင်မှတ်ဘဲ သင်ဖောက်ပြန်မိခဲ့တာကို သင့်ရဲ့ ပါတနာက ဘယ်တော့မှ သိမှာ မဟုတ်ဘူးဆိုရင် သူ့ကို ပြောပြမှာလား… ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းနဲ့ လူတွေအပေါ် ထားတဲ့ သူတို့ရဲ့ သဘောထားကို သိနိုင်ပါတယ်။

ဒီနေ့လိုမျိုး အကြိမ် (၁၀၀) ခန့် မကြာခဏ ကြုံနေရတယ်လို့ သင်ခံစားနေရလား… အဖြေကို ကြည့်ပြီးတော့ လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှုကို သိနိုင်သလို သူတို့ရဲ့ဘဝဟာ အဓိပ္ပာယ်ရှိရဲ့လား (သို့) မရှိဘူးလား ဆိုတာကို သိမြင်နိုင်ပါတယ်။

တကယ်လို့ အမျိုးသားများနဲ့ အမျိုးသမီးတွေဟာ မတူညီတဲ့ ဂြိုလ်နှစ်ခုအပေါ်မှာ သီးခြားစီ နေထိုင်နေကြမယ်ဆိုရင် အဲ့ဒီ ဂြိုလ်တွေမှာ ဘာတွေ ဖြစ်ပျက်မယ် ထင်သလဲ…

ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ တွေးခေါ်မှုပုံစံ (သို့) သူတို့ ဘယ်လောက်ထိ ယုတ္တိရှိရှိ တွေးခေါ်နိုင်လဲ ဆိုတာကို သိမြင်နိုင်ပါတယ်။

တကယ်လို့ ဗိုက်ဆာနေတဲ့ သင့်ရဲ့ကလေးတွေ (သို့) မိသားစုဝင်တွေကို ကျွေးမွေးဖို့အတွက် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုရင် သင်ဟာ မိမိကိုယ်မိမိ မကောင်းတဲ့သူလို့ ယူဆသလား… ဒါမှမဟုတ် လိုအပ်လို့ ရာဇဝတ်မူကို ကျူးလွန်တယ်လို့ ယူဆသလား…

ဒီမေးခွန်းကတော့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အဆင့်အတန်းကို သိနိုင်သလို သူတို့ရဲ့ မိသားစုအပေါ် ထားတဲ့ စိတ်နေ သဘောထားကိုလည်း သိနိုင်ပါတယ်။တကယ်လို့ ငွေကြေးသာ ပျော်ရွှင်မှု ဖြစ်ခဲ့မယ်ဆိုရင် သင်ဘာအလုပ် လုပ်နေမယ် ထင်သလဲ…

ဒီမေးခွန်းကနေ လူတစ်ယောက်ရဲ့ မျှော်လင့်ချက်များ၊ အိပ်မက်များ နဲ့ သူတို့ဘဝမှာ ဘာတွေ လိုအပ်နေလဲ ဆိုတာကို သိမြင်နိုင်ပါတယ်။အခု ဖော်ပြပေးထားတဲ့ မေးခွန်းတွေအပြင် တခြားမေးခွန်းတွေနဲ့လည်း မေးနိုင်ပါတယ်။

ဒီမေးခွန်းမျိုးတွေက အပျော်သဘောအနေနဲ့ မေးနိုင်သလို လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို သိချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ပါတယ်။

Credit

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *