မနက်ဖြန်မှာကျရောက်မယ့် မင်းသမီးအိန္ဒြာကျော်ဇင်မွေးနေ့ အတွက် မွေးနေ့အကြိုဆုတောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်

မနက်ဖြန်မှာကျရောက်မယ့် မင်းသမီးအိန္ဒြာကျော်ဇင်မွေးနေ့ အတွက် မွေးနေ့အကြိုဆုတောင်းပေးလိုက်တဲ့ ခိုင်သင်းကြည်

ပရိတ်သတ်ကြီးရေ…

အနုပညာလောကမှာထိပ်တန်းစာရင်းဝင်တဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင် (ခ)မအူဝဲက ပြည်သူလူထုနဲ့အတူ လူထုလှုပ်ရှားမှုမှာတက်ကြွစွာပါဝင်ခဲ့လို့ ပရိတ်သတ်တွေက အရမ်းကိုလေးစားဂုဏ်ယူခဲ့ကြတာပဲဖြစ်ပါတယ်.။

မအူဝဲဟာဆိုရင် လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုခဲ့ပြီး သိပ်မကြာခင်ရက်ပိုင်းလောက်က သူမရဲ့နေအိမ်မှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာပဲဖြစ်ပါတယ်။

သူမကို ချစ်ခင်ကြတဲ့ တစ်နိုင်ငံလုံးက ပရိသတ်များနဲ့ အနုပညာလောက မှ ညီအစ်ကို မောင်နှမများကလည်း အူဝဲရဲ့ သတင်း ကို ကြားကြားချင်း စိတ်မကောင်း ဖြစ်ခဲ့ကြတာပါ။

မနက်ဖြန်ဆိုရင် အူဝဲရဲ့ မွေးနေ့ရက်မြတ်ဖြစ်ပါတယ်။ သူမကိုချစ်ကြသူများမှ ဒီနေ့ကတည်းကနေ အကြိုမွေးနေ့ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း လောက်ကလည်း မင်းသမီး ခိုင်သင်းကြည်ရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဖမ်းဆီးခံထားရတဲ့ အူဝဲအား သတိရနေပြီး မိသားစုတွေ အမြန်ဆုံး ပြန်လည်ဆုံဆည်းဖို့ ဆုတောင်း ပေးနေတာ ဖြစ်ပါတယ်။

သူမကလည်း ” မနက်ဖြန်ဆို မွေးနေ့ရောက်ပြီ အူဝဲရေ..အရမ်းသတိရတယ် ကလေးတွေနဲ့အမြန်ဆုံး ပြန်ဆုံဆည်းနိုင်ပါစေ ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်နော်။

Source and Photo Crd-Eaindra Kyaw Zin’s and Khine Thin Kyi’s Facebook Page
Credit

Facebook Comments Box