အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း၊အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း

အရိုးကျီးပေါင်း ( အရိုးအတက်) ထွက်ခြင်း၊အရိုးကျိုးသည့်နေရာ အရိုးကျီးပေါင်းတက် အရိုးအဖုဖြစ်နေသည့် သူများအတွက် လက်တွေ့ဆေးနည်း

လိုအပ်သည့်ဆေးအမျိုးအမည်

၁ ။ ဟင်းနုနွယ်ဆူးပေါက်ပင် ပဉ္စငါးပါး လက်တစ်ဆုပ် ။ ( ဟင်းနုနွယ်အရိုင်းပင် ဆူးများပါပါသည် )

၂ ။ ထမင်းလက်တစ်ဆုပ်စာ။

ပြုလုပ်နည်း

ဟင်းနုနွယ်ဆူးပေါက် လက်တစ်ဆုပ်အပင်အရွက်အမြစ်ပါ(ပဉ္စငါးပါးရေသေခြာဆေး ) ဓားဖြင့်စင်းပြီး ထမင်းလက်တစ်စုပ် ဆတူကို ဆုံးတစ်ခုမှာ ထည့်ထောင်းလိုက်ပါ။

(မိမိ အရိုးနာနေတဲ့နေရာကို တအုပ်စာခန့်မှန်းပြီး နှစ်မျိုးပေါင်းကို ညက်အောင်ထောင်းပါ)ထောင်းပြီးရင် ပတ္တီးစခေါက်ပြီး အနာဆေးထည့်သလို ဆေးကိုအရင်အုပ် ပြီးတော့ ကျီးပေါင်းဖြစ်သည့် နာကျင်သောနေရာ

ဂုတ် သို့ ခါး တို့အား ပတ်တီးစကို အဲ့ဒီ အပေါ်ကအုပ်ပြီး စက္ကူတိတ်ကပ်ပေးထားပါ ။  ခြေဖနောင့် တတောင်ဆစ် ဒူးတို့အတွက် ဆေးအုံပြီး ပတ်တီးဖြင့်စီးပေးထားလျှင်ရပါသည်။

မနက် တစ်နာရီကပ် အသစ်ပြန်ထောင်း ညဖက် တစ်နာရီကပ် တနေ့ ၂ ခါကပ်ပေးပါ ။( အချိန်ပိုလည်းရပါတယ် ။)ကျီးပေါင်း ( အရိုးအတက်ထွက်ခြင်းအတွက် ထိရောက်ပါတယ်)

တပတ်ခန့်စိတ်ရှည်ရှည်နှင့် ပုံမှန်လုပ်ပေးပာက အရိုးကျီးပေါင်းအတွက် အမှန်တကယ်ထူးခြားလာပါလိမ့်မယ် ။

စကားချပ်

ဟင်းနုနွယ်ဆူးပေါက် အာနိသင်ဟာ ပုလင်းကွဲများနှင့်ရောပြီးပြုတ်လျှင် ပုလင်းကွဲ စောင်းများသေသွားပြီး မျက်လှည့်ပြကြသူများက

ထိုဟင်းနုနွယ်ဆူးပေါက်ဖြင့် ပြုတ်ထားသော ပုလင်းကွဲးများကို နင်းပြကြပြီး မျက်လှည့်ပြကြသည်ဟု မှတ်သားဖူးပါသည် ။ ။

ဦးကျော်ငွေ မေတ္တာဖြင့်စိုင်းမင်းသန့်

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *