ကိုယ့်ကားကိုယ် မီးရှို့ ဒလံဆိုပြီးပြောတဲ့သူတွေကို ပေါက်ကွဲစွာတုန့်ပြန်လိုက်တဲ့ အဆိုတော်ယုန်လေး

ပရိတ်သတ်ကြီးရေ.. အဆိုတော်ယုန်လးဟာဆိုရင် တေးသီချင်းများစွာကို သီဆိုခဲ့တဲ့အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရေ..။ယုန်လေးဟာဆိုရင် စစ်တပ်မှကျင်းပပြုလုပ်တဲ့ သင်္ကြန်ပွဲတော်မှာသွားရောက်ဖျော်ဖြေခဲ့တဲ့ အတွက် ပရိတ်သတ်တွေ အကြီးအကျယ်ပေါက်ကွဲပြီး ဒေါသထွက်သည်အထိ ယုန်လေးကို စိတ်ဆိုးနေကြတာပဲဖြစ်ပါတယ်နော်…။

ပီးခဲ့တဲ့ရက်ပိုင်မှာလည်း ယုန်လေးရဲ့ကားကိုမီးရှို့ခြင်းခံခဲ့ရပါတယ် ။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်ပီး ယုန်လေးက အခုလိုပဲပေါက်ကွဲစွာနဲ့ပြန်လည်တုန့်ပြန်လာခဲ့တာပဲဖြစ်ပါတယ် ။

ပရိတ်သတ်ကြီးရေ..။ ယုန်လေးက ” အခု မှ လိုင်းရတဲ့ နေရာရောက်လို့ပါ ဒလံ ဆိုတဲ့ စကားအဓိပ္ပါယ်ကို သေချာ နားလည်နိုင်ပါစေ . အရင်ထဲက မကျေနပ်တာတွေ နဲ့ ရော ပြီး ဒလံ ဆိုတာနဲ့ မရောထွေးပြစ်ပါနဲ့

ဒီနေ့ ဒီချိန်ထိ သူတပါးကို ဒုက္ခရောက် အောင် မလုပ်ဖူးပါဘူး .ဒုက္ခရောက်နေတဲ့ လူတွေကိုသာ သူတို့ ဒုက္ခတွေကို ဖြေရှင်းပေးခဲ့တာပါ .ကျွန်တော် ကူညီပေးခဲ့တဲ့ လူတွေပါအဖြေတစ်ခု ဖြစ်စဉ်ကို သေချာ မသိပဲ ဆဲနေတာတွေ မြင်တော့ စိတ်မကောင်းပါဘူး။

ဒီလောက်ပါပဲ . ကလဲ့စားချေတယ်ဆိုတာ ဘဝ မှာမရှိခဲ့ဘူးပါ နောက်လည်း မရှိပါ။အရင်ထဲကလည်း ကူတယ် ကယ်တယ် ဒီ အလုပ်ပဲ လုပ်နေတာ အခုလည်း ကူတယ်ကယ်တယ်ဒါပဲ လုပ်တာပါ။
အနုပညာ သမားတွေ နဲ့ ပက်သက်ပြီး နောက် Post တင်ပါမယ်။ကားကိစ္စပြောချင်ပါတယ် အာမခံ မထားထားတဲ့ အမှားက အဆိုးထဲကအကောင်းဖြစ်လာတယ်။ဆုံးရူံးတာ ကျွန်တော်ပါ ။

ကျွန်တော်ကိုယ့်ကားကို ကိုယ်တိုင်ရိူ့တယ်လို့ထပ်စွတ်စွဲတယ်။သိန်း ၂၀၀ နဲ့ ပေါင်ထားတယ်ထပ်ပြောတယ်။ လူတွေ အကုသိုလ် နဲ့ စိတ်ဓာတ်တွေ အခြေနေတွေတော်တော်ဆိုးသွားပြီ။
ကျွန်တော် OG 2 က ရတဲ့ ရုံဝင်ကြေးနဲ့ ဝယ်ထားတဲ့ ကား ဘဝ ပြန်စတဲ့အချိန် ပြန်ဝယ်နိုင်တဲ့ကားကျွန်တော်တန်ဖိုးထားတဲ့ကားဘယ်လောက်ပေးပေးမရောင်းဘူး။ကျွန်တော် ပြန်ရိူ့ပါ့ မလား.. .

သိန်း ၂၀၀ နဲ့ ပေါင်ပြီး အပေါင်ဆုံးချင်တယ်လို့ ပြောရအောင်လည်း သိန်း ၂၀၀ မက တန်ပါတယ် ။မီးရှို့ စရာရောလိုလိုလား။ကျွန်တော်အနုပညာ သမားပါ။ကျွန်တော် ကို Show ငှားလို့ဆိုတယ်။
ပြီးတော့ ကိုယ့်လူတွေကို ကူကယ်တဲ့ ကိစ္စတွေ လုပ်နေလို့ ဆိုပါတယ် ။ ဒါပါပဲ ဝဋ်ကြွေး များရှိခဲ့ရင်ဒီဘဝ ဒီမှာတင်ကြေပါစေ။ ကိုယ်စိတ်ကိုယ်သန့်တယ်

ကိုယ်စေတနာ ကိုယ် အကျိုးပေး မယ်လို့ ယုံကြည်ပါတယ် .” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာပဲဖြစ်ပါတယ်နော်…။
ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်…။
Source ; Yone Lay’s Facebook acc
Credit ; Famous Stars