ပုဒ်မ ၅၀၅ (က) ဖြင့် ဆရာဝန် ၂၀ဦးအား ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၂၁ ရက် ည ၈ နာရီ ကြေညာချက်

ပုဒ်မ ၅၀၅ (က) ဖြင့် ဆရာဝန် ၂၀ဦးအား ထပ်မံအမှုဖွင့်ကြောင်း ဧပြီ ၂၁ ရက် ည ၈ နာရီ ကြေညာချက်

ဧပြီ၂၁ ရက် ည ၈ နာရီထုတ်ပြန်ကြေညာချက်အရCDM လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆရာဝန် ၂၀ အားပုဒ်မ ၅၀၅ (က) ဖြင့်ထပ်မံအမှုဖွင့်ကြောင်းသိရှိရပါသည်။

ထုတ်ပြန်ချက်အရယင်းသို့အမှုဖွင့်ခံရသည့်ဆရာဝန်များအနက်ဆေးရုံအုပ်ကြီး၊ဆေးရုံအုပ်၊အထူးကုနှင့် ပြည်သူ့ကျန်းမာရေးမှူးအပါအဝင်လက်ထောက်ဆရာဝန်များပါဝင်ပြီး

ဧပြီ ၁၃ ရက်မှ ဧပြီ ၂၁ ရက်အထိ ပုဒ်မ ၅၀၅ (က) ဖြင့်အမှုဖွင့်ခံရသည့်ဆရာဝန် ၁၈၀ ဦးအထိရှိပြီဖြစ်တယ်လို့သိရပါတယ်။

ယင်းသို့ အမှုဖွင့်ရသည့်ဆရာဝန်များအားဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး လက်ခံထားသူများအား တရားဥပဒေအရအရေးယူဆောင်ရွက်သွားမည့်အပြင်၎င်းတို့ကိုလက်ခံ၍ဆေးကုသခွင့် ပေးထားသည့်ပြင်ပပုဂ္ဂလိကဆေးရုံ၊

ဆေးခန်းများကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း၊ဆေးရုံ၊ဆေးခန်းပိုင်ရှင်များကိုလည်းတရားဥပဒေအရထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းကြေညာချက်အရသိရသည်။

Facebook Comments Box

Leave a Reply

Your email address will not be published. Required fields are marked *