ဖောရောင်တာအကုန်ပျောက်တဲ့ တောသပွတ်ခါးသီး အစွမ်းအံ့မခန်း
အဖောရောဂါမှာအသားအရေပွယောင်းယောင်းရှိပြီး၊အရောင်မှာအသားအရေလိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည်။အဖောတွင်အရက်ဖော၊သွေးဖော၊လေဖောစသည်ဖြင့်အမျိုးမျိုးရှိလေသည်။

အရောင်မှာထိခိုက်ဒဏ်ရာကြောင့်ရောင်ခြင်း၊ဓာတ်ပျက်၍ရောင်ခြင်း၊ဥတုအဟာရဓာတ်ကြောင့်ရောင်ခြင်းဟူ၍အမျိုးမျိုး ရှိပြန်သည်။တင်ပြလိုသည်မှာအချို့အဖေါအရောင်သမားများသည် ရောဂါဖြစ်သည်ကိုသိလျှက်

မိသားစုအခက်အခဲ၊ ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသော အခက်အခဲအရအိပ်ရာထက်ပက်လက်လဲရင်း သေဆုံးရခြင်းမျိုးမကြာခဏတွေ့ဖူးပါ၍ ငွေကြေးလည်းမကုန်လမ်းဘေးခြံစည်းရိုးများပေါ်တွင်အလေ့ကျပေါက်နေတတ်သောတောသပွတ်ခါးသီးအားသတိရစေရန်ရည်ရွယ်ရေးသားပါသည်။

သပွတ်ခါးသီးကိုသုံးပိုင်းပိုင်း၍ရေဖြင့်(၃)ခွက်(၁) ခွက်တင်ကျိုပါ။ ၁ခွက်စာတင်ကျန်ခဲ့သောသပွတ်ခါးသီးပြုတ်ရည်ကို (၁)ရက်ခန့်အအေးခံရပါမည်။ ထိုအအေးခံထားသောဆေးရည်နှင့်ပျားရည်ကိုထမင်းစားဇွန်း (၁)ဇွန်းစာပမာဏဖြစ်အောင် ဆတူစပ်ပြီးနံနက်တစ်ဇွန်း၊ညနေတစ်ဇွန်းသောက်ပေးရန်ဖြစ်သည်။ဝမ်းသွားပါလိမ့်မည်။

ဝမ်းသုံးကြိမ်လောက်သွားပြီးပါလျှင်ရေကိုဝအောင်ချိုးပြီးထမင်းဖြူကိုဆီရွှဲရွဲဆမ်း၍စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီးအဖောအရောင်လည်းသက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
ဝမ်းတွင်းသားဟူသမျှရှောင်ကြဉ်ရမည်ဖြစ်ပါသည်။ဤဆေးမြီးတိုကိုနက္ခတ္တရောင်ခြည်မဂ္ဂဇင်း၌ ဆောင်းပါးရှင်မောင်ခင်သက်လှိုင်ကရေးသားထားပါသည်။

ဖောရောင်သောဝေဒနာဖြင့်အကြောင်းကြောင်းကြောင့်ဆေးဝါးမကုသနိုင်ဘဲရှိနေသူများအလွယ်တကူရရှိနိုင်သောသပွတ်ခါးသီးဆေးနည်းလေးဖြင့်စမ်းသပ်ကုသကြည့်ပါကအရှုံးမရှိနိုင်ပါ၍ပြန်လည်ဝေငှလိုက်ရပါသည်။
မြတ်သူ